Saturday, January 2, 2010

တကယ်ကိုမျှော်လင့်ခဲ့ ဘူးပါတယ်


                                                       

တကယ်ကိုမျှော်လင့်ခဲ့ ဘူးပါတယ်။
************
တချိန်တခါပေါ့
ကုန်လွန်ခဲ့ တဲ့  ၂၆ နှစ်ကျော်ကျော်ကပေါ့
မျက်ရည်စက်လက်နဲ့ 
မင်းအသိုင်းအဝိုင်းကပြောခဲ့ တဲ့ စကားတွေ

ဘယ်သောအခါမှမမေ့ နိုင်တဲ့ စကားတွေပါ
တသက်တာ နာလောက်အောင် လုံလောက်ပါတယ်။

ရင်ထဲမှာယနေ့ အပြောခံရသလိုနာနေတုန်းပါ
အချစ်ရယ် - - - - -
မင်းကတော့ခပ်အေးအေးနဲ့ 

ဘာမှမခံစားရသလိုပါဘဲလားကွယ်-

ဒစ်ဂျစ်တယ်
ကင်မရာတွေထဲကလို
မကောင်းရင်ပြန်ရိုက်
မကောင်းရင်ဖျက်ပြစ်လိုက်
ကောင်းတာကလေးတွေယူ
သိမ်းထားလိုက်

အဲလိုမျိုးဘဲ
ဘဝ ကင်မရာတွေထဲမှာ
မကောင်းတာတွေဖျက်ပြစ်ပြီး
ကောင်းတာကလေးတွေဘဲ
ရအောင်ပြန်ရိုက်ပြီး
ကောင်းတာကလေးတွေဘဲ
သိမ်းထားလို့ရရင်
သိပ့်ကောင်းမှာဘဲနော်






ဒါပေမဲ့ အချစ်ရယ်
ကျွန်တော်ရိုက်လိုက်တဲ့ ပုံရိပ်တွေက
ဖလင် ၊ စလိုက်
ရွေအစစ် ၊ ငွေအစစ်တွေ
ဖွဲ့ စည်းထားတဲ့  ဖလင်တွေပေါ်
ပုံရိပ်ထင်ရိုက်လိုက်မိသလို

ဘဝဆေးသားပြင်
မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ

နှလုံးသားစစ်စစ်ကြီးနဲ့ ရိုက်လိုက်မိလို့ 
ယခုခေတ်ဒယ်ဂျစ်တယ်ကင်မရာတွေလို
ဖျက်လို့ မရ - ပြန်ရိုက်ယူလို့ မရလို့ 
မကောင်းတာတွေကော
ကောင်းတာတွေရော
သိမ်းထားမိရက်သားပါကွယ် - - - - -

ဂျစ်တူး(မုံရွာ)

 

No comments: