Monday, November 23, 2009

“ကင်မရာမင်း” ဂျစ်တူးအတွက်

“ကင်မရာမင်း”

ပန်းချီဆရာတွေလို
ဆေးရောင်စုံအလှအပ
ကောက်ကြောင်းဆွဲမပြတတ်ဘူး...။

ကဗျာဆရာတွေလို
စကားလုံးအနုအရွနဲ့
သီဖွဲ့ မပြတတ်ဘူး...။

တေးရေးဆရာတွေလို
ချိုမြတဲ့ခံစားမှုသံစဉ်
သီချင်းအသွင် မဖန်တီးတတ်ဘူး...။

စာရေးဆရာတွေလို
ဘဝသရုပ်အသွင်...
ဇာတ်လမ်းဆင် မရေးတတ်ဘူး...။

ခံစားချက်ခြင်းအတူတူ
ဋ္ဌေကကွဲစရာရှိလဲ ဋ္ဌေကကွဲတတ်သူပါ။

ပျော်ရွှင်တာချင်း အတူတူ
ဋ္ဌကည်နူးစရာရှိလဲကြည်နူးတတ်သူပါ။

ဆွေးတတ်တာချင်း အတူတူ
လွမ်းစရာရှိလဲ လွမ်းတတ်သူပါ...။

လောကသဘာဝတရား
အလှအပများထဲမှာ
ပုံရိပ်အဖြစ်သာရွေးထုတ်
ခံစားမှုတွေ မျှဝေတဲ့ အလုပ်
ကျွန်တော် လုပ်ပါရစေ...။

ဝင်းလတ်(ကိုရီးယား)

စင်ကာပူမှ ဘလော့ဂါ၊ဓါတ်ပုံဆရာ ဂျစ်တူး(မုံရွာ) အတွက် ကဗျာလက်ဆောင်လေးပါ၊ဓါတ်ပုံက အပေါင်းအသင်းတွေနဲ့ အပျော်ခရီးထွက်တုန်းကပေါ့။
အပြည့်အစုံသို့...http://winnlatt.blogspot.com/

No comments: