Thursday, January 15, 2009

ငါ့အရှုံးတွေငါပြန်မမြင်ပါရစေနဲ့

ချစ်သူ----ရယ်
နင်ကိုငါအနိုင်မလိုချင်ပါဘူး
စကတည်းကအရှုံးပေးပြီးသားပါ
ဘာကြောင့်များအရှုံးပေးပြီးသားကိုအနိုင်လိုချင်ရတာလဲဟင်
နင့်ချစ်သူနဲ့ပျော်ရွှင်ကြည်နူးနေကြတာတွေကိုငါ ဘယ်နှလုံးသားနဲ့ 
ဘယ်လိုမျက်လုံးများနဲ့ ကြည့်ရက်ပါ့မလဲဟင်
နင် မစဉ်းစားမိဘူးလား
ငါအရှုံးကိုငါပြန်မမြင်ပါရစေနဲ့ 
ငါ မခံစားနိုင်လို့ ပါဟာ
အသက်ရှင်ရက်နဲ့ သေဆုံးပြီးသားလူတယောက်ဟာငါပါ။ ။


No comments: