နောက်ကွယ်ကတကယ့်အဖြစ်မှန်ဇာတ်လမ်းလို့ ဘဲခေါင်းစဉ်တပ်လိုက်တော့မယ်ဗျာ-တကယ့်အဖြစ်မှန်တွေပါ။
တရားပွဲ-ပျော်ပွဲရွှင်ပွဲဘယ်လိုပွဲမျိုးကိုဘဲလုပ်လုပ်နောက်ကွယ်ကဇာတ်လမ်းတွေကတော့အများကြီးမှအများကြီး
ပါဘဲ-အဲလိုဇာတ်လမ်းတွေထဲကအခုဇာတ်လမ်းကလေးကတော့ကျနော်ကိုယ်တိုင်ပါဝင်တာမို့ အသေးစိတ်ရေးပြပါ
မယ်။ ရေးမယ်ဆိုတာကလည်းကျနော်ပါဝင်တဲ့အပိုင်းကလေးပါ။
တရားပွဲတစ်ခုဖြစ်ဖို့ ဆိုတာတကယ်တော့လွယ်လွယ်ကူကူမဟုတ်ပါဘူး-
တရားဟောမည့်ဆရာတော်ကလည်း
ကျန်းမာရေးကောင်းနေရမယ်ကြွရောက်ဖို့ အစစအရာရာအဆင်ပြေနေရမယ်
(ပတ်စ်ပို့  - ဗွီစာ-လေယဉ်လက်မှတ်-စသည်ဖြင့်ပေါ့ )
တရားပွဲစီစဉ်တဲ့သူတွေကလည်း
တရားပွဲကျင်းပဖို့ အခန်းနေရာ-( ငွေပေးရမည့်အရေအတွက်-စသည်ဖြင့်ပေါ့ )
ဆရာတော်ကိုကြိုဖို့ ဆရာတော်တည်းခိုဖို့ အစစအရာရာကြိုတင်ပြင်ဆင်ထားရပါတယ်)
တရားပွဲစင်မြင့်ပေါ်မှာလည်း
ဘုရားပင့်ဖို့ နေရာထိုင်ခင်းပြင်ရ( ဆရာတော်ထိုင်ဖို့ ထိုင်ခုံနေရာချထားဖို့ ဆရာတော်ဘွဲ့ တော်အမည်နဲ့ 
စာတန်းပါတာချိတ်ဆွဲဖို့ -အသံတွေကောင်းကောင်းကြားဖို့ -မိုက်ကောင်းမကောင်းစသည်ဖြင့်ပေါ့ )
အောက်ထပ်ကတရားနာသူတွေအတွက်ဆရာတော်ပုံကိုမြင်ဖို့  (တဆင်ပြဖို့ တီဗွီဖန်သားပြင်ထားဖို့ နေရာစသည်ဖြင့်ပေါ့ )
ပန်းအလှဆင်ပေးမည့်သူတွေကလည်း( ပန်းလှလှကလေးရဖို့ -ပန်းတွေလန်းဆန်းနေဖို့ -ပန်းအလှကိုအချိန်မှီ
ပြင်ဆင်ဖို့ စသည်ဖြင့်ပေါ့ )
အွန်လိုင်းကနေတဆင့်ပြဖို့ စီစဉ်ကြ-ဗွီဒီယိုရိုက်ဖို့ -ဓါတ်ပုံရိုက်ဖို့ လုပ်တဲ့သူတွေကလည်း( မိမိကွန်မြူတာ-
မိမိဗွီဒီယိုကင်မရာ-မိမိဓါတ်ပုံရိုက်ကင်မရာတွေကဓါတ်ခဲတွေအားရှိမရှိစသည်ဖြင့်ပေါ့ )
တခါ-တရားလာနာသူတွေဗိုက်ဆာနေမှာစိုးလို့ ( ဆီထမင်းတို့ ငါးခြောက်ကြော်တို့ စသည်ချက်ပြုတ်သူတွေ )
ရေကုသိုလ်ရှင်တွေကလည်းရေဗူးမှာကြ-သည်ယူကြပေါ့-
တရားနာသူတွေလိုအပ်သည့်စာရွတ်စာတန်းဝေငှဖို့ စာရွက်တွေကူးယူရိုက်ကြစသည်ဖြင့်ပေါ့-
ခန်းမ-သန့်ရှင်းဖို့ ကလည်းအရေးကြီးတယ်လေ-( ခန်းမထဲမှာသန့်ရှင်းအောင်ဖုန်စုတ်စက်နဲ့ သန့်ရှင်းတာတို့ -
ခန်းမပြန်အပ်တော့လည်းတခါသန့်ရှင်းပေးကြရတာဘဲ )
ရေအိမ်သာထဲမှာသန့်ရှင်းဖို့ ( အသုံးပြုရန်စကူလိပ်ထားပေးတာအစ )
စသည်ဖြင့်စသည်ဖြင့်ပေါ့လေ
ဆရာတော်ပုံတော်တွေကိုဓမဒါနဲပြုဖို့ ကလည်း ( အထက်ကသူတွေလိုဘဲကြိုတင်ပြင်ဆင်ထားရတာပါဘဲ )
ဒါပေမဲ့
ဒီတခါတော့ခါတိုင်းလိုကြိုတင်ပြင်ဆင်ချိန်မရလိုက်တော့ဘူးလေ---
အလှူရှင်က စနေနေ့ ညမှာတွေ့ တော့ ကျန်သေးတဲ့တနင်္ဂနွေနေ့ မှာလှူလို့ ရတယ်ဆိုပြီးဝမ်းသာမိတယ်-
မနက်စောစောထပြီးဓါတ်ပုံထည့်ရမည့်ခြင်္သေ့ ကဒ်ကလေးတွေကိုအိပ်အကြီးကြီးနဲ့ ထည့်ပြီး
သူရစိုး တို့ ထက်ထက်တို့ ကိုသယ်ယူခိုင်းရတယ်။
တကယ်တော့အဲဒီတနင်္ဂနွေနေ့ ကဓါတ်ပုံကူးတဲ့စက်တွေအများအားဖြင့်ပိတ်ကြတယ်။ ဖွင့်တဲ့ဆိုင်ကြတော့လည်းနေ့ ခင်း ၃ နာရီကျော်မှဖွင့်ကြတယ်။ စူဇန်ရယ်ထက်ထက်ရယ်ဓါတ်ပုံကူးတဲ့ ဆိုင်တွေခွဲရှာကြတယ်။ (ကူးတာများတော့နေ့ခြင်းပြီးမရနိုင်တဲ့ဆိုင်တွေလည်းတွေ့ ရတယ်) အရည်အသွေးမမှီတဲ့ ကူးတဲ့ ဆိုင်တွေကလည်းပိုက်ဆံပိုယူချင်ကြတယ်။ ဂျစ်တူးနဲ့ သူရစိုးတို့လည်းတဆိုင်ဝင်တဆိုင်ထွက်နဲ့ ဓါတ်ပုံကူးတဲ့ဆိုင်တွေကိုရှာကြရတာပေါ့။
နောက်ဆုံးတော့ကိုယ်ကူးနေဋ္ဌကဆိုင်မှာဘဲနဲနဲစောဖွင့်ခိုင်းပြီးကူးခိုင်းရတာပေါ့-ဒါတောင် ညနေ ၃ နာရီမှာဖွင့်သည်။
(အရည်အသွေးကောင်းကောင်းနဲ့ ဓါတ်ပုံကလည်းအမြန်လိုချင်ဆိုတော့အမြန်နှုန်းတော့
နဲနဲပိုပေးလိုက်ရတာပေါ့ )ထားတော့---
ဓါတ်ပုံတွေတဝက်ရတာနဲ့  ထက်ထက် ကိုအရင်သွားခိုင်းရတယ်။ ( သူ့ သူငယ်ချင်းတွေခေါ်ပြီးဓါတ်ပုံတွေကို
အရင်ထည့်နှင့်ကြဖို့  )
ကျန်ရှိနေတဲ့ဓါတ်ပုံတဝက်ရတော့ဂျစ်တူးနဲ့ စူဇန်ကလည်းအမြန်နောက်ကနေလိုက်ရတယ်။
ခါတိုင်းကတော့ဂျစ်တူးအိမ်မှာဘဲဓါတ်ပုံတွေထည့်ကြတာပေါ့-အခုတော့ ကျော်ဝင့်သူ+လေးလေး တို့ အိမ်မှာ
မှာ ထက်ထက် သူငယ်ချင်းတွေနဲ့ ဝိုင်းထည့်ကြတာပေါ့။
ကျော်ဝင့်သူ+လေးလေးတို့ အိမ်မှာ
ဓါတ်ပုံတွေထည့်ပြီးကြတော့ဓါတ်ပုံတွေနှင့်အတူအမှတ်တရကလေးဓါတ်ပုံရိုက်ယူခဲ့ ကြပါသည်။
အိပ်တွေနဲ့ တနိုင်တပိုင်တရားပွဲရှိရာသို့ သယ်ယူဋ္ဌကပါသည်။
တရားပွဲရှိရာနေရာသို့ အရောက်သယ်ယူခဲ့ပြီးအလှူရှင်များကိုယ်တိုင်ဓမဒါနအဖြစ်ဆရာတော်ပုံတော်တွေကို
ကုသိုလ်ဖြစ်ဒါနပြုခဲ့ ကြသည်။
အောင်ကျော်သိုက်+မြင့်စန္ဓာ
သမီး
ရွှန်းလင်းလဲ့စန္ဓာဧကရီသိုက်
မိသားစုတို့ မှဒါနပြုကြပါသည်
အလှူအမမြင့်စန္ဓာ နှင့် သမီးကလေး ရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက်
သမီးကလေး ရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက် ကလည်းကိုယ်တိုင်လှူ
အလှူရှင်ကြီး အောင်ကျော်သိုက် ကတော့နိဗ္ဓန်ဆော်လုပ်နေတော့မအားမလပ်ဆိုတော့ကိုယ်တိုင်မလှူနိုင်ခဲ့ ဘူးပေါ့ -
အဲဒီနေ့ က လေးလေးတစ်ယောက် ဓါတ်ပုံကူညီပြီးထည့်ပေးတဲ့  ထက်ထက် တို့ သူငယ်ချင်းတသိုက်ရယ်ဂျစ်တူးနှင့်စူဇန်တို့ ကို ထမင်းဟင်းတွေချက်ကျွေးခဲ့ သည်။ ( ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ )
အစစအရာရာကိုကူညီပေးခဲ့ ကြတဲ့  ထက်ထက်တို့ သူငယ်ချင်းများကိုလည်းကျေးဇူးတင်ပါတယ်။
အပေါ်ကစာတွေကတော့တကယ့်အဖြစ်အပျက်ဇာတ်လမ်းကလေးပါ။ အလှူတစ်ခုလှူဖို့ ဆိုတာအစစအရာရာ
ဒေါင့်ပေါင်းစုံကနေဝိုင်းဝန်းစုပေါင်းကြမှသာအောင်မြင်မှု့ ရခဲ့တာပါ။
တဖန်ပြန်ရေးရအုံးမယ်ဆိုခဲ့ရင်လည်းအဖက်ဖက်ကဒေါင့်ပေါင်းစုံကဘယ်လိုဘဲကောင်းအောင်စီစဉ်ကြပေမဲ့ 
တရားပွဲကိုတရားနာ မလာကြဘူးဆိုခဲ့ရင်လည်းအောင်မြင်တဲ့ တရားပွဲဖြစ်မလာနိုင်ပါဘူး-
ဂျစ်တူးကတော့ ဒီလိုအောင်မြင်မှု့ ရအောင် တရားပွဲဖြစ်မြောက်အောင်စီစဉ်ကြသူတွေအားလုံးကိုရော-
ငွေအားလူအားအလှူရှင်များကိုရော သာဓု သာဓု သာဓု ---အကြိမ်ကြိမ်ခေါ်ယူပါတယ်ခင်ဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)