Tuesday, May 4, 2010

ရာဇာယတနလင်းလွန်းပင် (သတ္တမသတ္တာဟ )


မဟာဗောဓိ စေတီတော်ကြီး၏ တောင်ဖက် ပေ ၁၇၀ ခန့်တွင် ဘုရားရှင် သတ္တမသတ္တာဟ စံတော်မူခဲ့သော လင်းလွန်းပင်နေရာဖြစ်သည်။ ထိုနေရာတွင် ယခု အထိမ်းအမှတ် အုတ်တိုက်စေတီ ရှိသည်။ ထိုနေရာကို ရာဇာယတန သတ္တာဟဟု ခေါ်သည်။
 ထိုနေရာ၌ ခုနစ်ရက် စံတော်မူပြီး၍ ဘုရားအဖြစ် ရရှိပြီးသည်မှ ၄၉ ရက်မြောက်တွင်  -

                                                                    လင်းလွန်းပင်


လှည်းသားငါးရာနှင့်အဆွေခင်ပွန်းဖြစ်ခဲ့ဖူးသောနတ်သားသည် ကိုယ်ထင်ပြလျှက်လောကသုံးပါးမှာအတုမရှိ
သောမြတ်စွာဘုရားပွင်တော်မူနေကြောင်း မြတ်စွာဘုရားကိုပူဇော်လှူဒါန်း၍ အကျိုးများစေရန်လှည်းသားငါးရာတို့ အားတိုက်တွန်းနိုးဆော်၏။

                                                               ညဖက်လင်းလွန်းပင်


ကုန်သည်ညီနောင်နှင့်လှည်းသားငါးရာတို့ သည် ဝမ်းမြောက်ဝမ်းသာအားရစွာဖြင့် ကြွက်ကျစ်မုန့် - ပျားဆုပ်
မုန့် တို့ ကိုလှူဒါန်းသည်။ ထိုအခါ ဃဋိကာဗြဟ္မာလှူဒါန်းသောသပိတ်တော်သည် သု့ ဇာတာသူဌေးသမီး
နို့ ဆွမ်းလှူစဉ်ကပင် ကျန်ခဲ့ ပြီးအဘယ်ဝတ္ထု ဖြင့်ခံသော် လျော်အံ့ နည်းဟု ဆင်ခြင်တော်မူသော်--စတုမဟာဇုဇ် နတ်မင်းကြီးလေးပါးတို့ သည်  ဣန္ဒနီလာကျောက်ညိုဖြင့်ပြီးသော သပိတ်လေးလုံးကို ကပ်လာ
၏။ မြတ်စွာဘုရားသည်အလှူခံတော်မမူဘဲ ပဲနောက်အဆင်းရှိ ကျောက်သပိတ်လေးလုံးကိုလှူကြပြန်၏။
ထိုအခါမြတ်စွာဘုရားက ခံယူတော်မူပြီး ထိုလေးလုံးသောသပိတ်ကိုထပ်ပြီး အဓိဌာန်ဖြင့်နှိပ်ရာ အနားလေးခု
ရှိသော သပိတ်တလုံးဖြစ်လာသည်။ ကုန်သည်ညီနောင်တို့ လှူသောမုန့် ဆွမ်းကို ထိုသပိတ်ဖြင့် ခံယူတော်
မူခဲ့ သည်။
ထိုလင်းလွန်းပင်ရင်း၌ပင် ဥက္ကလာ ဇနပုဒ်မှ တပုဿ - ဘလ္လိက ကုန်သည်ညီနောင်တို့အား ဦးခေါင်းတော်ကို
သုံးသပ်ပြီး ကိုးကွယ်ရန်အလို့ ငှာ - ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၍ သရဏဂုံ နှစ်ပါးတည်စေခဲ့သည်။
ဆံတော်များကို     ရွှေတိဂုံ စေတီတော်   ၌ ဌာပနာတည်စေခဲ့သည်။

                                                                 နေ့ ခင်းဖက်လင်းလွန်းပင်



လင်းလွန်းပင်မှာအညွန့် အသစ်များထွက်နေစဉ်ဖြစ်လို့ အရွက်နဲနဲဘဲတွေ့ ရပါသည်။( ရသလောက်ဘဲရိုက်ယူ
ခဲ့ ရပါသည်။ )

                                                            လင်းလွန်းပင်ကျောက်စာဆိုင်းပုဒ်


                                                                  ဤတွင်သတ္တမသတ္တာဟပြီး၏။

ဘုရားဖူးသွားပြီးသားများ မိမိမသိလိုက်သောနေရာဌာနများ-သိပေမဲ့ လည်း
ဓါတ်ပုံမရိုက်နိုင်ခဲ့ သူများ ကျွန်ုပ်ရိုက်သောဓါတ်ပုံများကိုကြည်ပြီးကုသိုလ်ယူနိုင်ကြပါစေ - - - - - -

ဘုရားဖူးမရောက်သေးသောသူများ မိမိဘုရားဖူးသွားသောအခါတွင် အထောက်အကူဖြစ်စေခြင်းငှာ - -
ကျွန်ုပ်ရိုက်ခဲ့သောဓါတ်ပုံများကိုကြည့်ပြီးနေရာလပ်မကျန်အောင်သွားရောက်ကုသိုလ်ယူနိုင်ကြပါစေ - - -

ဤ ကျွန်ုပ် ရိုက်ယူထားသောဓါတ်ပုံများကိုကြည့် ပြီးတစ်စုံတယောက်အတွက်သော်၎င်း -
အများအတွက်သော်၎င်း တစ်စုံတခုကိုပေးနိုင်ခဲ့ သော် ကျွန်ုပ်၏ ကိုယ်ခန္ဒာပင်ပန်းရရိုးနပ်ပါပြီ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)




No comments: