Sunday, May 2, 2010

တသိန်းတန်ရွှေခွက်နှင့်ဃာနာနို့ ဆွမ်းကပ်ခဲ့ သည်နေရာ


တသိန်းတန်ရွှေခွက်နှင့်သု့ ဇာတာသူဌေးသမီးဃာနာနို့ ဆွမ်းကပ်ခဲ့သည်နေရာကိုဆက်သွားကြသည်။
သု့ ဇာတာသူဌေးသမီးနေအိမ်ယာမှစိမ်းစိမ်စိုစိုလယ်ကွင်းများကိုဖြတ်ပြီးကားမောင်းဝင်လို့ ရတဲ့အထိကားဖြင့်
သွားပြီးကားမောင်းသွားလို့ မရတော့မှလယ်ကွင်းများကိုဖြတ်ပြီးလယ်ကသင်းရိုးအတိုင်း
ခြေကျင်သွားကြရသည်။



စိမ်းစိမ်းစိုစိုလယ်ကွင်းထဲမှာမုန့် ညင်းပင်တွေစိုက်ထားသည်ကိုတွေ့ ရသည်။ မြန်မာပြည်ကလယ်ကွင်းများနှင့်
တူနေပေသေးတော့သည်။


                                   ဃာနာနို့ ဆွမ်းကပ်ခဲ့သည်နေရာကိုအဝေးမှလှမ်းမြင်နေရပြီ။

                                        သု့ ဇာတာ သူဌေးသမီးဃာနာနို့ ဆွမ်းကပ်လှူနေပုံရုပ်ထု-
သုဇာတာသည် ဥရုဝေဠတော အနီး နေရဉ္ဇရာမြစ်ကမ်းအနီးရှိ ဤပညောင် ပင်ကြီးဆီသို့ လာ၍ ဆုတောင်းသည်။ သူမ၏ ဆုတောင်းမှာ ပထမအရွယ် ငယ်စဉ် မှာပင် အမျိုးဇာတ်နှင့် ပြည့်စုံသော အမျိုးသားတစ်ဦးနှင့် အကြောင်းပါရပါလို၏၊ ပထမဦးဆုံးကိုယ်ဝန်သည် သားယောက်ျားဖြစ်ရပါလို၏ ဟူ၍ ဖြစ်သည်။ အကယ်၍ ဆုတောင်းတိုင်း ပြည့်ခဲ့သော် ညောင်ပင်နတ်မင်းအား ဗလိနတ်စာ နှစ်စဉ်ပူဇော်မည် ဖြစ်သည်။ ထိုဆုတောင်းနှင့်လျော်ညီစွာပင် သူမသည် ဗာရာဏသီမြို့ သူဋ္ဌေးသား တစ်ယောက်နှင့် အကြောင်းပါခဲ့ ပြီး နာမည်ကျော် ယသ သတိုးသားကို ဖွားမြင်ခဲ့သည်။


               သု့ ဇာတာသူဌေးသမီးနှင့်သူမ၏အဖေါ်ကွန်မတို့ ဘုရားအားဃာနာနို့ ဆွမ်းကပ်လှူနေပုံရုပ်ထု

ဘုရားအလောင်းတော်သည် ဆွမ်းခံချိန်ကို စောင့်ဆိုင်းသောအားဖြင့် ပင်ညောင်ပင်အောက်တွင် ထိုင်နေတော်မူသည်။ ထိုအချိန်တွင် ပင်ညောင်ပင်သို့ သန့်ရှင်းရေး ပြုလုပ်လာသော သုဇာတာ၏ အဖေါ် ကျွန်မတစ်ယောက်မြင်၍ အလောင်း တော်မြတ်အား ရုက္ခဇိုး နတ်မင်းကြီးဟု ထင်မှတ်၍ သု့ ဇာတာအား ပြန်လည် ပြောပြ သည်။ သုဇာတာသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး
ရေမရောသောဃနာနို့ဆွမ်းကိုတန်ဘိုးတစ်သိန်းထိုက်တန်သော ရွှေခွက်တွင် ထည့်၍ ကပ်လှူခဲ့သည်။
ဘုရားအလောင်းတော်သည် သုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ အလှူခံတော်မူ၍ အနီးရှိ နေရဉ္ဇရာ မြစ်ကမ်းဆီသို့ ကြွတော်မူခဲ့သည်။ နေရဉ္ဇရာမြစ်ကမ်း သုပ္ပတိဋ္ဌိတမည်သော ရေဆိပ်တွင် ရေသုံးသပ်တော်မူသည်။ ထို့ နောက် မြစ်ကမ်းအနီးမှာပင် ဃနာနို့ဆွမ်းကို ၄၉ လုပ် ဘုဉ်းပေးတော်မူသည်။ ထို ၄၉ လုပ်သည် နောင်အခါ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင် အနီး ၄၉ ရက်တာ မစားမသောက် နေနိုင်ခြင်းအကျိုးရှိခဲ့သည်။ ဘုရားအလောင်းတော်သည် ဆွမ်းဘုဉ်း ပေးတော်မူပြီးနောက်- မြတ်စွာဘုရားသည် -ငါသည်ဘုရားဖြစ်ရန်ဧကန်မှန်ပါကရွှေခွက်သည်မြစ်ကိုဆန်တက်ပါစေသားလို့ -
နေရဉ္ဇရာမြစ်၌ အဓိဋ္ဌာန်၍ မျှောတော်မူခဲ့သည်။ဘုရားဖြစ်ရန်ဧကန်မှန်၍ရွှေခွက်သည်မြစ်ကိုအတောင်(၈၀)
ခန့် ရေကိုဆန်တက်ပြီးမှနစ်မြုတ်လေသည်။ နစ်မြုတ်၍ရှေးဘုရားတို့ ၏ ရွှေခွက်သုံးလုံးနှင့် ထိသော-
အသံတို့ ကြောင့် ကာဠနဂါးအိပ်ရာမှနိုးတော့သည်။ ဘုရားအခုတင်ပွင့်ပါပေသည် -ဟုပြောဆိုမြည်တမ်းပြီးမှ
 ဘုရားပွင့်တော်မူပြီဖြစ်ကြောင်းအများသိအောင် နှိုးဆော်ကြေညာသည်။ မြတ်စွာဘုရားသည်-
သု့ ဇာတာ သူဋ္ဌေးသမီးလှူဒါန်းသော ဆွမ်းကို စား၍ ကိလေသပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သည်။
သု့ ဇာတာသည် သာသနာတော်၌ အမျိုးသမီးများထဲတွင် ပထမဆုံး သရဏဂုမ် တည်သူတို့တွင် အသာဆုံးအမြတ်ဆုံးဟူသော ပထမသရဏဂမန ဧတဒဂ်ရာထူးကို ဆွတ်ခူး ရရှိခဲ့သည်။ သူမ၏ ခင်ပွန်းသည်သောတာပန်အရိယာ၊သားတော်ယသသတိုးသားသည်ရဟန္တာ ရဟန်းတစ်ပါးဖြစ်ခဲ့သည်။

No comments: