Sunday, November 23, 2014
Saturday, July 12, 2014
စားတော်ပဲပြုတ်နည်း ( ၃ ) နည်း
စားတော်ပဲပြုတ်နည်း
ဆရာမလေးယု ပြောပြပါသည်။
ဂျစ်တူးနည်းနဲ့ နဲနဲကလေးကွဲပါသည်။
ဆရာမလေးရေးပြတဲ့ ပဲပြတ်နည်းကိုအရင်ရေးပြပါမည်။
ဒီပဲကလေးတွေကတော့ ရေစစ်ပြီးတစ်နေ့ ကိုရေသုံးခါလောင်းထားတဲ့ 
တစ်ညသိပ့်ပြီးသားပဲပါ။ ( အလှူရှင်သန်းသန်းရီ )
ဆရာမလေးယု YU YU Swe ဆွေပြောပြတဲ့ စားတော်ပဲပြုတ်နည်း
ပဲကို ရေစိမ်တာ ပဲ အမျိုစားကိ ကြည့်ပီး အချိန်ယူပါတယ်
ရေစိမ်ပြီးနောက် ပဲစိကို ဖိလိုက်လို့ အခွံကွာရင် ဆယ်ထားတယ်
သေချာ မပွတဲ့ စုံးပြူကို ရွေးထုတ်ရပါတယ်
နောက် ပဲအသန့်တွေကိုဇကာကုံးလေးထဲမှာ
အောက်က အဝတ်ခံပီးအပေါ်က အဝတ်ပြန်အုပ်ထားပါတယ်
နောက် အညှောက် ဘယ်လောက်ထိရှည်ချင်တာလဲ ဆိုတာ ထားပီး
ပဲကိုပြုတ်ရပါသည်။
ပဲရေစိမ်ပြီးတညနေနဲ့ နောက်တနေ့ဆို ပြုတ်ပါတယ်
တောမှာတော့ ထင်းမီးပဲလေ
ရေသုံးခွက် ထပ်ဖြည့်ပါတယ်
ရေနစ်ရုံထည့်ပါ
ရေကျသွားရင်-ထပ်ထည့်ပါတယ်
၃ခါလောက်ဆို-ကျက်ပီ
ကျနော်တို့ကတော့ ဒန်အိုးကြီးနဲ့ ဆိုတော့ ဒီတိုင်းမီး အေးအေးနဲ့ ထားတယ်
ရေ ၃ရေကျခါနီးရင် ငှဲ့ပီး အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ
အသေးကို ရောပြန်နယ်ပီး ဖိုပေါ်မှာ မီးသွေးအေးလေးနဲ့
၅မိနစ်လောက်ထားတတ်တယ်
ကြက်သွန်ဖြူထည့်တာကတော့မွေးအောင်လို့ ပါ။
ငှဲ့ထားလိုက်တဲ့ ပဲပြုတ်ရည်ကို ပုံရည် ချက်စားတယ်လေ
ရန်ကုန်ကတော့ ညိုအောင် ထန်းလျက်ထည်ကြတယ်တဲ့
ကျနော် အညာကတော့ ပဲဝါတာပဲစားကြတယ်
ညိုရင် မကြိုက်ဘူးလေ
သိသလောက်လေးရေးတာပါ - - - - - - - ယုယုဆွေ
ဟုတ်ကဲ့ ဆရာမလေးယု
ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
ဒီပဲကလေးတွေကတော့ ရေစစ်ပြီးတစ်နေ့ ကိုရေသုံးခါလောင်းထားတဲ့ 
နှစ်ညသိပ့်ပြီးသားပဲပါ။
ဒုတိယက ပဲပြုတ်နည်းကိုရေးပေးသူကတော့
ညီမလေး ကျူ တီ ပါခင်ဗျာ Daw Q Te
ပိတ်ပါးလေး ရေစွတ်ပြီး အုပ်ထားပေါ့
အမှောင်ထဲ မထားနဲ့ .... လေ၀င်ထွက်ကောင်းတဲ့ နေရာမှာထား...
ပူရင် အညှောက်ထွက်ရင် ပိုမြန်တယ်
ပြုတ်ရင် သမီးက ပေါင်းအိုးနဲ့ ပြုတ်တယ်
ပဲအတိ ရေအတိ ...
ထန်းညက် (သို) သကြားညိုထည့်
ဆော်ဒါ ပါရုံလေးထည့်.... အခွံမကျွှတ်အောင် ဆီလေး ထမင်းစားဇွန်း တဇွန်းထည့် ..
ပြီးရင် ပေါင်းအိုးနဲ့ ထမင်းအိုးတည်သလိုတည်
အိုးဖုံး လုံးဝ မလှပ်ရဘူး ...
ရေခမ်းလို့ ပဲကျက်သွားရင်
အဖုံး မလှပ်ရသေးဘူး ၁၅ မိနစ်လောက် အငွေ့နဲ့နှပ်
၁၅ မိနစ်ပြည့်ရင် ... ဇကာထဲထည့် လေသလှပ်ခံ
အထုပ်နဲ့ခွဲထုပ် ရေခဲရိုက်ထား
စားခါနီး ၂ နာရီလောက် ကြိုထုတ်ပြီး
ရေငွေနဲ့ ပြန်ပေါင်စား....
ကျေးဇူးအထူးတင်ပါတယ် ကျူ တီ ညီမလေး - - - ရေ
ဂျစ်တူး၏စားတော်ပဲပြုတ်နည်း
( အဖွားဒေါ်ညွန့် မြိုင်မှပါးစပ်နှင့်ပြောပြပေးပါသည်)
ပဲရွေးပဲကောက်တာတွေက ဆရာမလေးပြောပြတဲ့ အတိုင်းပါပဲခင်ဗျာ-
ဒီပဲကလေးတွေကတော့ ရေစစ်ပြီးတစ်နေ့ ကိုရေသုံးခါလောင်းထားတဲ့ 
သုံးညသိပ့်ပြီးသားပဲပါ။
ပဲကလေးတွေကအညောင့်ရှည်ချင်သလောက်ရှည်ဆိုပေမဲ့ အရမ်းရှည်သွားရင်လည်းအပင်ပေါက်လာမှာ
စိုးရသေးတယ်။ ဒါကြောင့် သုံးညသိပ့်ပြီးသားပဲဆိုအဆင်ပြေလောက်ပါပြီ
ပဲအညှောင့်ကလေးတွေကစကားကုံးဘေးအပေါက်ကလေးတွေကနေထွက်နေတာချစ်စရာလေး
ရေလောင်းတဲ့ အခါမှာတိုက်ရိုက်ပဲကိုရေမထိအောင်လောင်းပေးရပါတယ်။ ဇွန်း ဒါမှမဟုတ်ယောင်းမ
ခံထားပြီးမှသာရေကိုဖြေးဖြေးကလေး ပဲအနှံရေလောင်းပေးရပါတယ်။
( လျိုဝတ်ချက်ကဒါလည်းပါသည် ) တစ်နေ့ သုံးခါလောင်းပေးပါတယ်
မနက်စောစောတစ်ခါ နေ့ လည်တစ်ခါနဲ့  ညအိပ်ယာဝင်ခါနီးတစ်ခါလောင်းပေးပါတယ်။ လောင်းပေးပြီး
တိုင်းအပေါ်ကအုပ်ပေးထားရတဲ့ ပိတ်စပါးကိုပါရေလောင်းရေညစ်ပြီးမှပြန်အုပ်ထားပေးပါ။
အုပ်ပေးတဲ့ ပိတ်စသည်အသစ်ဖြစ်ပါကပိုကောင်းပါသည်။ အသစ်မဖြစ်နိုင်ပါက အနံ့ အသက်မကောင်း
သောပိတ်စမဖြစ်ဖို့ ကပိုအရေးကြီးပါသည်။ အဝတ်ပိတ်စမသန့် ပါကပဲအနံ့မကောင်းနိုင်ပါ။ပဲအရံသင့်အညှောင့်ဖေါက်ပြီးသွားရင်ရေနှစ်ထပ်လောက်စင်အောင်ဆေးပေးပါ။
ဒါမှ ပဲမှာရှိတဲ့ မကောင်းတဲ့ အနံ့ အသက်များကုန်မှာဖြစ်ပါတယ်။ အဲဒီလိုဆေးပေးမှသာလျှင်ပဲပြုတ်ပြီး
အထားခံမှာအနံ့ ကောင်းမှာဖြစ်ပါတယ်။
ပဲပြုတ်မည့်အိုးထဲသို့ ရေနွေးပွက်ပြီးသားကိုအသာကလေးလောင်းထည့်ပေးပါ။
ဟင်းခတ်တဲ့ ယောက်ဂျိုဇွန်းကြီးဖြင့် ဒါမှဟုတ် ကိုင်စရာပါသောခွက်ဖြင့် ပဲထည့်ထားသောအိုးထဲသို့ 
လောင်းထည့် ပေးပါ။ တိုက်ရိုက်လောင်းထည့်လျှင်ရေနွေးအိုးမနိုင်မနင်းဖြစ်ပါက အပူလောင်မည်
စိုးသောကြောင့်ဖြစ်ပါသည်။
့ရေနွေးလောင်းပြီးပါက ခဏအဖုံးအုပ်ထားပေးပါ။ ရေနွေးပြန်လည်ဆူလာပါကအဖုံးဖွင့်ထားပေးပါ။
ပဲအမြုတ်များပလုံစီနေအောင်ထွက်လာလိမ့်မည်။ ထိုသို့ ထွက်လာသောပဲအမြုတ်များကိုဇွန်းကလေးဖြင့်
ဖယ်ရှားပေးလိုက်ပါ။ ထိုအမြုတ်များသည်လူကို ကောင်းကျိုးမပေးပါ။ အထူးသဖြင့် အကျောတက်ရောဂါရှိ
သူများကိုတရုပ်ဆရာဝန်များကလုံးဝမစားခိုင်းပါ။
အမြုတ်များကုန်သလောက်အထိဖယ်ပြီးပါက ပဲပြုတ်အိုးထဲသို့ ထန်းလျက်ခဲထည့်ရပါသည်။
ထန်းလျက်ခဲထည့်ရခြင်းမှာ ပဲကိုချိုအောင် ညိုအောင်ထည့်ခြင်းထက် ပဲထဲတွင်ပါဝင်သည့်
အကျောတက်အမြုတ်များကိုအဆိပ်ကြေစေလိုသည့်အတွက်ထည့်ခြင်းဖြစ်ပါသည်။( လှိုဝှတ်ချက်ဆိုတာ ဒါလဲအပါအဝင်ဖြစ်ပါသည် )
လုံးဝဆော်ဒါမထည့်ပါ။ ဆော်ဒါနံသည်ပဲအနံ ကိုကြေဖျက်စေပါသည်။ ဆော်ဒါပါသည့်ပဲသည်
ဘောက်ဆတ်ဆတ်အနည်းငယ်ဖြစ်ပါသည်။ ရွာမှာလည်းပဲပြုတ်သူများအတွက်ဆော်ဒါသည်အလွယ်
တကူဝယ်ယူလို့ မရနိုင်ပါလို့ အဖွားကပြောပြပါသည်။
ပဲအမြုတ်ကုန်သလောက်ဖြစ်လာပါကပဲအိုးကိုမီးနဲနဲပြင်းပေးပါ။ ရေပွက်လာတဲ့ အထိထားပါ။
မီးကိုလည်းအပူလျော့လိုက်ပါ။ ရေကိုပဲပေါ်ကလက်တစ်ဆစ်( တစ်လက်မ ) အမြင့်လောက်မှာရေထည့်
ထားပါ။
ရေဆူပွက်လာပါက ပဲအမျြုတ်များနောက်ထပ်ထွက်မလာတော့ပါကပဲအိုးကိုအဖုံးဖြင့်ဖုံးအုပ်လိုက်ပါ။ထားပါ။
မီးလျော့ထားပြီးရေခမ်းလာသည်အထိပဲကိုပြုတ်ပေးပါ။ မီးအရမ်းပြင်းပြင်းအပူပေးပါကပဲအိုးတူးတတ်ပါ
သည်။ မီးကိုတစ်ဖြေးဖြေးခြင်းအပူလျော့ပေးပါ ။ အဖုံးကိုဖွင့်ကြည့်စရာမလိုအပ်။ ပဲပြုတ်တဲ့ ရေကိုလည်းငဲ့ ပေးစရာမလိုပါ။ ပေါင်းအိုးနဲ့ ပြုတ်ပါက ပဲအမြုတ်များဖယ်ရှားယူစရာမလိုပါသဖြင့်ပဲတွင်ပါဝင်သော
မကောင်းတဲ့ ဓါတ်များပါပဲနဲ့ အတူတူဖြစ်နေတတ်ပါသည်။ ရွာမှာတော့ မြေအိုးနှင့်ပြုတ်ပါသည်ဟု အဖွား
ကပြောပြပါသည်။
အညှောင့်ရှည်ရှည်ပဲပြုတ်ကလေးတွေရလာပါပြီ- - - - - - -
ပဲပြုတ်သည်ဆိုသည်မှာမလွယ်ကူပေမဲ့ ကိုယ်တိုင်ပဲပြုတ်စားကြည့်တော့အတော်ကိုအရသာရှိလှပါသည်
ဆော်ဒါနံကင်းသည့်ပဲပြုတ်ကလေးစားလိုက်ရသည်မှာ အိစိမ့်နေသည်မှာအထူးပြောပြစရာလိုမည်
မထင်ပါခင်ဗျာ-
ကဲ
ကဲ
ဓါတ်ပုံရိုက်သောလက်တွေပဲပြုတ်တတ်သွားပါသည်။ ၁၃ -၇-၁၄ ရက်နေ့ ဝါဆိုသင်္ကန်ကပ်လှူ ပွဲတွင်
ကျန်းမာရေးနှင့်ညီညွတ်သောပဲပြုတ်ကလေးကို မုန့် လင်မယားမုန့် ( မုန့် အုပ်ကလေးမုန့်  )တွင်
ထည့်ပြီးနံနံပင်ကြက်သွန်မိတ်ကလေးနှင့်စားကြရအောင်ကျွန်တော်တို့ အလှူ
မောင်ရွာမောင်/မယ် ( တိုင်းရင်းသားမောင်/မယ် ) အလှူသို့ ကြွရောက်အားပေးကြပါလို့ ဖိတ်ကြား
လိုက်ရပါတယ်ခင်ဗျားးးးး
ပဲပြုတ်နည်းကိုရေးပေးတဲ့ 
ဆရာမလေး ယု Yu Yu Swe
ညီမလေး ကျူ တီ Daw Q Te
ပဲအလှူ ရှင် မမသန်းသန်းရီ Than Than Yi တို့ နှင့်တကွ ပဲပြုတ်နည်းကိုပါးစပ်နှင့်သင်ပေးလိုက်သည့်
အဖွားဒေါ်ညွန့် မြိုင် ( ဆရာကိုတင်မောင်သိန်း +မနုနုဝင်း )တို့ ၏မိခင်ကြီးကိုကျေးဇူးအထူးပင်တင်ပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
လေးစားစာဖြင့်
ဂျစ်တူး(မုံရွာ)
အထူးတောင်းပန်ခြင်း
ယောင်းမတဖက် ကင်မရာတစ်ဖက်(တယ်လီဖုန်း)နှင့်ရိုက်ထားသောဓါတ်ပုံများကို
သီးခံပြီးကြည့်ကြပါကုန်-
Thursday, September 12, 2013
စွယ်တော်ရွက်နှင့်ပတ်သက်သမျှ
အခုဓါတ်ပုံကတော့ စင်္ကာပူမှာရှိတဲ့ အာအိုင်တီကျောင်းသားတွေဦးစီးကျင်းပတဲ့  ပထမဦးဆုံးဆရာကတော့ပွဲအတွက် ဖိတ်စာမှာအသုံးပြုရန်အတွက်ဓါတ်ပုံရိုက်ပေးခဲ့ တဲ့  စွယ်တော်ပန်းပွင့်ကလေးနဲ့ စွယ်တော်ရွက်ကလေးပါ။
ဒီဓါတ်ပုံဒီဇိုင်းကလေးကတော့ ကိုဘကျော် အတွက် ကျွန်တော်ရိုက်ကူးခဲ့ တဲ့ ဓါတ်ပုံလေးနဲ့ ဒီဇိုင်းကလေးပါ။
ဒါကတော့ ကျွန်တော်စိတ်ထဲက စွယ်တော်ပန်းပွင့်ကလေးနဲ့ စွယ်တော်ရွက်ကလေးပေါ့ 
စွယ်တော်ပို့စကဒ်ကလေးကိုခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါသည်။
ရိုက်ယူခဲ့စဉ်အချိန်ကစွယ်တော်အရွက်ကလေးနှင့်အတူစွယ်တော်ပန်းကလေးပါထည့်ရိုက်ချင်တဲ့အတွက်
စွယ်တော်ပင်ရှိရာကိုသွားပြီးရိုက်ယူခဲ့ပါသည်။
ပထမဦးဆုံးစွယ်တော်ပင်မှာအကြီးဆုံးပန်းခြံထဲရှိစွယ်တော်ပင်ကလေးတွေဘဲဖြစ်ပါသည်။
တနေသာကုန်သွားပေမဲ့စွယ်တော်ပင်မှာအပွင့်မလှဖြစ်နေသဖြင့်တနေသာကုန်သွားတယ်ဓါတ်ပုံအတွက်
စိတ်တိုင်းမကျခဲ့ပါဘူး။
နောက်ရက်တွေမှာကိုယ်တိုင်ကလည်းလိုက်ရှာ-သူငယ်ချင်းအားလုံးကိုလည်းဖုန်းတွေနဲ့ဆက်ပြီးမေးခဲ့ပါသည်။
*သူငယ်ချင်းတို့ရေ-----နင်တို့အပြင်မှာသွားရင်းလာရင်းစွယ်တော်ပင်ကလေးများတွေ့ ခဲ့ရင်ငါ့ကိုဖုန်းဆက်အကြောင်းကြားပေးကြပါလား---------လို့သူငယ်ချင်းတော်တော်များများကို
ဖုန်းဆက်မေးခဲ့ပါသည်။
သူငယ်ချင်းတယောက်က(မဆူဇန်)ကသူအရင်ကနေတဲ့အိမ်ဘေးမှာတော့စွယ်တော်ပင်တွေရှိကြောင်း
အခုအပွင့်ရှိမရှိဆိုတာသူမသိကြောင်းဖုန်းနဲ့စကားပြောဖြစ်ခဲ့ကြပါသည်။
သူမပြောရာနေရာသို့သွားရောက်တဲ့အခါမှာတော့------စွယ်တော်ပွင့်တွေရှိပေမဲ့
အပွင့်အရောင်ကမလှမပနဲ့မလန်းဆန်းတဲ့ပန်းတွေဘဲဖြစ်နေတယ်-----
စိတ်ပျက်ပေမဲ့လက်မလျော့ခဲ့--
နောက်ရက်မှာ(အ၀မ်)ကစွယ်တော်ပင်ရှိရာကိုလိုက်ပို့ခဲ့ပြန်ပါတယ်-----အဲဒီမှာလည်းပန်းပွင့်တွေကမလှပခဲ့။
ကင်မရာတလုံးနဲ့စွယ်တော်ပန်းရှာပုံတော်ဖွင့်ရင်း-------၄ ရက်မြောက်မှာ
စွယ်တော်ပင်ရှိတဲ့တောင်ကုန်းကလေးကိုရောက်ဖြစ်သွားတယ်။
နေရာကလည်းတောင်ကုန်းပေါ်-အပင်ကလည်းမြင့်မြင့်----
ကိုယ်မှာလည်းအဖေါ်မရှိ
ပန်းကလည်းဟိုး-------------မြင့်မြင့်
ဘာလှေကားမှမပါ-
အနီးအနားမှာလည်းလူတွေမပြတ်-
နေကလည်းပူလိုက်တာမပြောပါနဲ့တော့
အပင်အောက်ခြေလူ၂ ရပ်လောက်မှာအပွင့်တွေရှိနေတယ်
ဂျစ်တူးအရပ်ကလည်းနိမ့်နိမ့်နဲ့ဆိုတော့တော်တော်ကလေးစိတ်ညစ်သွားတယ်-
အဲဒီနားကလေးကရှိနေတဲ့လူတွေကလည်းဘာလုပ်တာလည်းဆိုတဲ့အကြည့်မျိုးနဲ့စပ်စုနေ
လိုက်ကြတာလေ---(အသက်ကြီးကြီးတွေကပိုပြီးစပ်စုတတ်ကြသလားမသိပါဘူး)
ကိုယ်ကလည်းလုပ်ချင်ပြီးဆိုရင်ဘာကိုမှဂရုမစိုက်တော့(အထူးသဖြင့်ဓါတ်ပုံနဲ့ပတ်သက်လာခဲ့ရင်ပေါ့)
အလင်းရောင်ကလည်းနဲနေပြီ-ကိုယ်မှာပါသွားတဲ့ကင်မရာကလည်းအရမ်းဝေးဝေးကြီးကိုလှမ်းမရိုက်နိုင်
(မှန်ဘီလူး ၁၈ - ၂၀၀ mm )နောက်ပြီးတော့မပြတ်သားနဲ့ပုံတွေလည်းမလိုချင်--
အပွင့်ကလည်းလှမ်းခူးလို့မရ( ခူးပြန်ရင်လည်းဒဏ်ငွေကမနည်းဘူး--၅၀၀ ကနေ ၅၀၀၀ အထိ
ဒဏ်တပ်လို့ရတယ်-
ဒဏ်ငွေဆောင်နိုင်တယ်ဘဲထားအုံးတော့-(တကယ်တမ်းတော့မဆောင်နိုင်ပါဘူး) မြန်မာဆိုတဲ့ကိုယ့်လူမျိုး
ကိုထိခိုက်တော့မှာလေ-ကိုယ်တယောက်တည်းအသုံးမကျတာနဲ့အားလုံးအပြောခံရမည့်ကိန်း--
အဲဒီတော့နဲနဲအနီးကပ်ဖို့ဘဲလိုတယ်--
ကိုယ့်ကိုချီပြီး-မမည့်-သူလည်းမရှိ-ရှိခဲ့ရင်တော့ဓါတ်ပုံလှလှမရနိုင်(ပုံတွေဝါးကုန်တော့မှာပေါ့)
အနီးအနားကိုမျက်စေ့ဝေ့၀ဲကြည့်လိုက်တော့ --(အစိမ်းရောင်အမှိုက်ပုံးကြီးကိုသွားတွေ့တယ်)ကြာကြာစဉ်းစားမနေတော့ဘူး-
အမှိုက်ပုံးကြီးကိုရွေ့ပြစ်လိုက်တယ်-ပန်းပင်အခြေရောက်အောင်ပေါ့-
လက်ထဲက ကင်မရာကိုစလွယ်သိုင်းပြီးလွယ်လိုက်တယ်။
ကိုင်စရာမရှိတဲ့အမှိုက်ပုံးကလည်းပြောင်ချောကြီး-
အမှိုက်ပုံးပေါ်ကိုဝမ်းယားမှောက်လိုက်တယ်-နောက်မှကျန်တဲ့ခြေထောက်တွေကိုတဖြေးဖြေးချင်း
အပေါ်ရောက်အောင်မနဲတက်ယူလိုက်တယ်-( အကြိမ်များစွာတက်ယူလိုက်တယ် )
( ဂျစ်တူးတို့ငယ်ငယ်တုံးကမြန်မာစာသင်ခန်းစာထဲကမပုကြွယ်နဲ့ခရုငယ်ကိုသွားသတိရလိုက်သေးတယ်)
အမှိုက်ပုံးပေါ်ကိုခက်ခက်ခဲခဲတက်ယူခဲ့ရတယ်-ဆေးလိပ်အနံမခံနိုင်တဲ့ဂျစ်တူး-မှတ်ကရောဘဲ-
နံလိုက်တဲ့ဆေးလိပ်အနံ-(အမှိုက်ပုံးပေါ်ကအခွက်ကလေးထဲမှာဆေးလိပ်ပေါင်းများစွာလွှင့်ပြစ်ထားတာကိုး)
နောက်ဆုံးတော့မလျော့သောဇွဲကြောင့်အမှိုက်ပုံးပေါ်ကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့တယ်-
အောက်ကအမှိုက်ပုံးကအမြင့်နဲ့ဂျစ်တူးအရပ်နဲ့ဆိုတော့ကင်မရာကနဲနဲမြင့်သွားပြီ-ဒီတော့မှ---စွယ်တော်ပန်းပွင့်ရှိရာကိုကင်မရာချိန်ရင်းဓါတ်ပုံရိုက်ယူလိုက်တယ်--
အချိန်ကအကြာကြီးမပေးနိုင်ဘူးလေ-တော်နေကြာရဲကိုဖုန်းဆက် တဲ့သူရှိနေမှဖြင့်အရှင်းရခက်တော့မယ်-
၎ - ၅ ကွက်လောက်ဓါတ်ပုံရိုက်ပြီးတော့အပြေးကလေးပြန်ဆင်းလိုက်တယ်အမှိုက်ပုံးပေါ်က-
နောက်တော့---
အမှိုက်ပုံးကိုသူနေရာသူပြန်ထားပြီးအပြေးကလေးလစ်ထွက်ခဲ့တယ်---
ဓါတ်ပုံရိုက်အပြီးမှာတော့လူကချွေးတွေ-ဆေးလိပ်နံတွေနဲ့ညစ်ညစ်ပတ်ပတ်ကလေးပေါ့-(အမှိုက်ပုံးပေါ်ဖက်တွယ်တက်တုံးကပေထားတာတွေလေ)
အိမ်ရောက်တော့မှ ဓါတ်ပုံတွေကိုပြန်ကြည့်နိုင်တယ်-
( တော်နေကြာကြည့်နေတုံးရဲလာတာနဲ့ တိုးနေမှာစိုးလို့လေ)--
ပုံကတော့ကောင်းပါတယ်ဒါပေမဲ့ပန်းကလေးမှာအနာနဲနဲပါနေတယ်--
ကင်မရာကိုခဏချပြီးရေချိုးလိုက်တယ်---
ဟူးးးးးးးးး------ဒီ - စွယ်တော်ပန်းကလေးကခက်ခက်ခဲခဲရိုက်ယူခဲ့ရပါတယ်ခင်ဗျာ-
မိုးမခ မှာလည်းဖေါ်ပြပေးထားခဲ့ ဘူးပါတယ်။ ၂၀၀၉
http://moemaka.blogspot.sg/2009/05/gyit-too-monyaw-swe-taw-pann-postcard.html
ခိုးထားတာကိုသိချင်ရင်တော့
ကျွန်တော်အမည်ကလေးကိုဖျက်ထားတာလေဗျာ-
ရက်ရက်စက်စက်-
ရက်ရက်စက်စက်-
http://www.google.com.sg/imgres?imgurl=http://i399.photobucket.com/albums/pp76/moesatpwintlay/chitthu-1.jpg&imgrefurl=http://friendsdaygroup.ning.com/xn/detail/2293535:BlogPost:657012&h=320&w=227&sz=15&tbnid=b6XY6pMkXHd5HM:&tbnh=90&tbnw=64&zoom=1&usg=__X4UvZ0gY55Nyj-elGScoIHcm6gc=&docid=zb9ndzj7hsEV8M&sa=X&ei=DZwwUsLWDMeErAfsxYDwCA&ved=0CC0Q9QEwAA&dur=372
ကျွန်တော်ကဗျာကလေးနဲ့ စွယ်တော်ရွက်ဓါတ်ပုံ
http://photojittoomonywa.blogspot.sg/2010/04/blog-post_23.html
ချစ်တယ်ဆိုတဲ့
စကားလေးတခွန်းနဲ့
နှလုံးသားကို-
သေသေခြာခြာ
အကျဉ်းချထားခဲ့သူပါ။
နှစ်လွှာမှာ
တရွက်-
စွယ်တော်ရွက်နဲ့
ပမာပြုခဲ့
အမြဲဘဲအဲဒီလို
ဖြစ်ချင်ခဲ့တာကဆန္ဒပါ ။
နွေပူပူကြောင့်
ရင့် ဝါရောင်သန်း
ပိုးကိုက်ခံလည်း
နှစ်လွှာမခွဲ
အတူတူတွဲ-
မိုးသည်းသည်းကြောင့်
စိုစွတ်နေဆဲ
ခြွေခံရလည်း
မတုန်မလှုပ်
လက်တွဲမဖြုတ်-
ဆောင်းအေးအေးကြောင့်
ခိုက်ခိုက်တုန်အေး
နှင်းဖွေးဖွေး
လည်ခြင်းရှက်မှာ
တကယ်-
အတင်းဖက်ကာ
နွေးထွေးမှာ -
နွေအပူကြောင့်ဖြစ်ဖြစ်
မိုးသည်းသည်းကြောင့်ဖြစ်ဖြစ်
ဆောင်းနှင်းတွေဝေဆဲမှာဖြစ်ဖြစ်
စိတ်ကူးထဲကတောင်
နှစ်လွှာတရွက်
ခွဲမထွက်ခဲ့သူပါ - ချစ်သူ - - - - -။
ဂျစ်တူး(မုံရွာ)
စုချစ်သူ တစ်ယောက်ကတော့ ဒီလိုပန်းချီပုံကလေးရေးဆွဲပြီးတော့ ဒီလိုပို့ စ်ကလေးတင်ပေးခဲ့ ဘူးပါတယ်။
http://suuchitthu.blogspot.sg/2010/02/blog-post_22.html
ဂျစ်တူး(မုံရွာ) သို့ ကျေးဇူးတင်လွှာ
သူ့ကို စတွေ့ဖူးတာ SMC
ဘုန်းကြီးကျောင်းက ပြုလုပ်တဲ့ ပွဲတွေမှာ ကင်မရာကြီးတလွယ်လွယ်နဲ့လေ။
သူ့ရဲ့လှုပ်ရှားမှု၊ ဟန်ပန်နဲ့ ကင်မရာကိုကိုင်တွယ်ပုံ၊ အသုံးပြုပုံ၊
ဓါတ်ပုံတွေကို စနစ်တကျ စိတ်ရှည်လက်ရှည် ရိုက်နေပုံတွေ မြင်ရကတဲက
Professional Cameraman မှန်း ပြောစရာမလိုဘဲ သိတာပေါ့။ SMC Webpage မှာတင်ဖို့ သူရိုက်ထားတဲ့ ဓါတ်ပုံတွေကိုတောင်းဦးမလို့။ ဒါပေမဲ့ အခန့်မသင့်တာနဲ့ သူ့ကို သွားပြီးမိတ်မဆက်ဖြစ်၊ စကားမဆိုဖြစ်ခဲ့ဘူး။
တခါက
သူ့ကွန်ပြူတာပျက်သွားလို့ဆိုပြီး SMC ကျောင်းက တရုတ်မလေးက ကူပြင်ပေးဖို့
ပြောလာတယ်။ ကိုယ်က အဲသဟာ သူမှန်းတော့ မသိဘူးရယ်။ အဲဒီအချိန် ကိုယ်ကလည်း
တခြားသွားပြီး ပြင်ပေးနိုင်လောက်အောင် အချိန်မပေးနိုင်တာနဲ့
ဘာဖြစ်မှန်းသေချာမသိတော့ ပျက်တာပြင်ချင်တယ်ဆို အိမ်ကိုလာပို့ပေးထားပါလား။
အိမ်မှာထားပြီး သေချာစစ်ပေး၊ ကြည့်ပေးမယ်လို့ ပြောခဲ့ပေမဲ့
အချိန်မရလို့လား၊ အားနာလို့လားမသိ၊ ပေါ်မလာ။
မနေ့မနက်က
ချမ်းမြေ့ဆရာတော် တရားစခန်းမှာ သူနဲ့ ထပ်ဆုံဖြစ်ကြတယ်။ သူက
ကင်မရာဆက်တင်းတွေအကြောင်း ဆရာတော်ကို ရှင်းပြနေတာ။ ကိုယ်က ဆရာတော်နားမှာ
ဆရာတော်ရေးသားတဲ့ တရားစာတထုတ်ကို စာလုံးပေါင်းတွေကူစစ်ပေးနေတာ။
သူ့ကိုမှတ်မိပေမဲ့ နှုတ်မဆက်ဖြစ်ကြ။ ထမင်းစားချိန်ရောက်တော့မှပဲ သူက
ကိုယ်ဝတ်ထားတဲ့ မြန်မာရင်ဖုံးအင်္ကျီကိုလှတယ်ပြောလို့ (လူတော့မပါပေါင်...း-) )
စကားစမိကြတော့တယ်။ ကိုယ်က မသိသေးတဲ့လူတစ်ယောက်ကို စပြီးစကားပြောဖို့သာ
အရှိန်ယူရပေမဲ့ ကိုယ့်ကို စကားလာစပြီဆိုရင်တော့ ဆက်ကာ ဆက်ကာ ပြောဖို့၊
ခင်ဖို့ မင်ဖို့ ၀န်မလေးသူပါ...း-)
ကိုယ်က
သူ့ကို SMC ပွဲတွေမှာ ဓါတ်ပုံရိုက်နေကြမှလား၊ ဓါတ်ပုံတွေ SMC Webpage
မှာတင်ဖို့ တောင်းချင်လို့ ချောင်းနေတာလို့ ပြောမိတာပေါ့။ အဲဒီမှာ သူက ...
အစ်မ ဘလော့မှာ ကျနော့်ပုံတွေ ရှိနေသားပဲတဲ့။ ကိုယ်လည်း ဟင်...
ဘယ်တုန်းကရလို့လဲ၊ ရှိပါဘူး... အတင်းငြင်းပေါ့။ နောက်တော့မှ သူ့ကို
အားနာလိုက်တာ၊ မျက်နှာပူလိုက်တာ၊ တကယ်။
၂၀၀၈ခုနှစ်က ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ မြန်မာပြက္ခဒိန်မှာ ယူသုံးထားတဲ့ စွယ်တော်ရွက် ဓါတ်ပုံတွေက ဂျစ်တူးရိုက်ထားတဲ့ပုံတွေဖြစ်နေတာကိုး။ အဲဒီတုန်းက မြန်မာပြက္ခဒိန်ကို အားလုံးကို ဝေတာမဟုတ်သေးတော့ အင်တာနက်ကရတဲ့ ပန်းဓါတ်ပုံလေးတွေကိုလည်း မှန်မှန်ကန်ကန် credit မပေးထားမိလိုက်ပါဘူး။ ပြီးတော့ ဟောတော့ သီချင်းသရုပ်ဖော်မှာလည်း အဲဒီ စွယ်တော်ရွက်နဲ့ ပန်းလေးတွေကို ယူသုံးထားသေးတယ်။ အဲဒီသီချင်းမှာတော့ သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။ လို့ ပဲရေးထားမိပါတယ်။
၂၀၀၈ခုနှစ်က ကိုယ်ဒီဇိုင်းလုပ်ထားတဲ့ မြန်မာပြက္ခဒိန်မှာ ယူသုံးထားတဲ့ စွယ်တော်ရွက် ဓါတ်ပုံတွေက ဂျစ်တူးရိုက်ထားတဲ့ပုံတွေဖြစ်နေတာကိုး။ အဲဒီတုန်းက မြန်မာပြက္ခဒိန်ကို အားလုံးကို ဝေတာမဟုတ်သေးတော့ အင်တာနက်ကရတဲ့ ပန်းဓါတ်ပုံလေးတွေကိုလည်း မှန်မှန်ကန်ကန် credit မပေးထားမိလိုက်ပါဘူး။ ပြီးတော့ ဟောတော့ သီချင်းသရုပ်ဖော်မှာလည်း အဲဒီ စွယ်တော်ရွက်နဲ့ ပန်းလေးတွေကို ယူသုံးထားသေးတယ်။ အဲဒီသီချင်းမှာတော့ သင်္ကြန်ဓါတ်ပုံများ အာလုံးကို various websites များမှ ကူးယူရရှိပါသည်။ ဓါတ်ပုံပိုင်ရှင်များကို ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ်တောင်းပန်ပါသည်။ လို့ ပဲရေးထားမိပါတယ်။
အဲဒီစွယ်တော်ရွက်တွေကို
၂၀၀၇ခုနှစ် စက်မှုတက္ကသိုလ်အာစရိယပူဇော်ပွဲမှာ စွယ်တော်ရိပ်စာစောင်
စာအုပ်ဒီဇိုင်းလုပ်ဖို့ဆိုပြီး သူငယ်ချင်းတစ်ယောက်က လှမ်းပို့ပေးထားတာပါ။
ဘယ်ကရသလဲ မေးတော့ သူ့ သူငယ်ချင်းဆီကရတယ်ပဲ ပြောပါတယ်။ သူပေးတဲ့
စွယ်တော်ရွက်ပုံတွေကလည်း အများကြီးပါ။ တကယ်က အခု ဂျစ်တူးနဲ့
စကားပြောမိတော့မှ သူ့ကို အဲဒီ စွယ်တော်ရိပ်စာစောင် အတွက် အကူအညီတောင်း
ဓါတ်ပုံ ရိုက်ခိုင်းခဲ့ကြတာပါတဲ့။ အဲဒါကို ကိုယ်တို့ နည်းမှန်လမ်းမှန်
credit ပေးဖို့ မေ့လျော့ခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ဂျစ်တူးကို အားလုံးရဲ့
ကိုယ်စား တောင်းပန်လိုက်ပါတယ်။ ဂျစ်တူးကဘာမှ မပြောပါဘူး။ အစ်မ ကြိုက်သလို
ယူသုံး၊ ဘာဖြစ်လဲလို့ ပြောရှာပါတယ်။ ကိုယ်ကတော့ အင်တာနက်က၊ သူငယ်ချင်းဆီက၊
ဖောဝတ်အီးမေးလ်တွေကနေရလို့ ဘယ်သူ့ကို credit ပေးရမယ်မှန်းမသိလို့
မှန်ကန်စွာ credit မပေးမိပေတော့၊ ကိုယ်ကတမင်လုပ်တာ မဟုတ်ပေမဲ့
အခုလိုပိုင်ရှင်နဲ့ တိုက်ရိုက်တန်းတိုးတဲ့အခါ ကိုယ့်ကိုယ်ကို
သူခိုးလူမိသလို မျက်နှာပူမိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဘလော့တွေကို
အချိန်ပေးပြီး နေ့တိုင်းမသွားဖြစ်တာ၊ မဖတ်ဖြစ်တာလည်းပါပါတယ်။
ခုနောက်ပိုင်းတော့ credit ဘယ်သူ့ကိုပေးရမယ်မှန်းမသိရင် မသုံးဖြစ်အောင် ဆင်ခြင်ပါတယ်။ မြန်မာပြက္ခဒိန်လုပ်တာတောင်မှ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီပုံတွေကို ခွင့်မတောင်းဘဲ ယူသုံးရတာ အတော်ကို စိတ်ကသိကအောင့်ဖြစ်မိပါတယ်။ (တကယ်လို့ စုချစ်သူ ဘလော့မှာ ခွင့်မတောင်းပဲ တစုံတရာ မတော်တဆ ယူသုံးထားမိသည်များ တွေ့မိသည်ရှိသော် အချိန်မရွေး ဆက်သွယ်ပြောကြားပေးကြပါလို့ အနူးအညွှတ် ပန်ကြား မေတ္တာရပ်ခံအပ်ပါတယ်ရှင်...၊ ကာယကံရှင် သဘောမတူပါက ဘလော့မှ ချက်ချင်း ပြင်ဆင်ပေးပါမည်ရှင်။ ကျေးဇူး။ ။)
ခုနောက်ပိုင်းတော့ credit ဘယ်သူ့ကိုပေးရမယ်မှန်းမသိရင် မသုံးဖြစ်အောင် ဆင်ခြင်ပါတယ်။ မြန်မာပြက္ခဒိန်လုပ်တာတောင်မှ ပန်းချီဆရာကြီးတွေရဲ့ ပန်းချီပုံတွေကို ခွင့်မတောင်းဘဲ ယူသုံးရတာ အတော်ကို စိတ်ကသိကအောင့်ဖြစ်မိပါတယ်။ (တကယ်လို့ စုချစ်သူ ဘလော့မှာ ခွင့်မတောင်းပဲ တစုံတရာ မတော်တဆ ယူသုံးထားမိသည်များ တွေ့မိသည်ရှိသော် အချိန်မရွေး ဆက်သွယ်ပြောကြားပေးကြပါလို့ အနူးအညွှတ် ပန်ကြား မေတ္တာရပ်ခံအပ်ပါတယ်ရှင်...၊ ကာယကံရှင် သဘောမတူပါက ဘလော့မှ ချက်ချင်း ပြင်ဆင်ပေးပါမည်ရှင်။ ကျေးဇူး။ ။)
ကိုယ်တိုင်ကလည်း
ပန်းချီဆွဲတဲ့သူမို့ အနုပညာတခုဖြစ်ပေါ်လာဖို့ကို ဘယ်လို
အချိန်ပေးအားထုတ်ရတယ်ဆိုတာ၊ ဓါတ်ပုံဆရာ တစ်ယောက်အနေနဲ့ ကိုယ်လိုချင်တဲ့
ဓါတ်ပုံလေးတစ်ပုံဖြစ်လာဖို့ အခက်အခဲအမျိုးမျိုးကြားက ဘယ်လို အပင်ပန်းခံပြီး
ရိုက်ရတယ်ဆိုတာ ကိုယ်ချင်းစာပြီးနားလည်ပါတယ်။ ဂျစ်တူးကလည်း
သူအဲဒီစွယ်တော်ရွက်လှလှပပလေး ရဖို့ ခက်ခက်ခဲခဲ ရိုက်ခဲ့ရတဲ့အကြောင်း ဒီမှာ ရေးထားပါတယ်။ စွယ်တော်ပန်းလေးကတော့ ဒီမှာ၊ နဲ့ ဒီမှာ ပါ။ အရင်က သူ့ဘလော့ကို ၀င်ဖတ်ဖူးပေမဲ့ အခုမှ လှန်လှောရှာရင်း အဲဒီပိုစ့်တွေကို တွေ့မိတာပါ၊ ခွင့်လွှတ်ပါ ဂျစ်တူးရေ...း-)
သူ့ကို
နံမည်ဘယ်လိုခေါ်လဲဟင်လို့ မေးတော့ ဂျစ်တူးပါတဲ့။ နံမည်ရင်းကို
မေးတာလေဆိုတော့... အင်းလေ... အဲသာ နံမည်ရင်းတဲ့။ သူ့ရဲ့ ဆုရထားတဲ့
ဓါတ်ပုံတွေအကြောင်း၊ ဘယ်ပုံဘယ်နည်းသုံးပြီး ရိုက်ထားရကြောင်း အားပါးတရ
ပြောပြပါတယ်။ သူက အွန်လိုင်းကနေ ဓါတ်ပုံရိုက်နည်းတွေ သင်ပေးနေတာတဲ့။
ယောက်ယောက်ကလည်း ဂျစ်တူးပြောသမျှ သဘောတကျနားထောင်ရင်း
ဂျစ်တူးနဲ့တွေ့တုန်းလေးမှာ ရသလောက်လေး မေးမြန်းလေ့လာသင်ယူလိုက်ပါသေးတယ်။
စင်ကာပူမှာ မင်္ဂလာဆောင် အမှတ်တရအယ်လ်ဘမ်၊ မိသားစု ပေါ့ထရိတ် ကောင်းကောင်း ရိုက်လိုသူများ ခင်မင်စရာကောင်းတဲ့ ဓါတ်ပုံဆရာလေး ဂျစ်တူး(မုံရွာ) စတူဒီယိုသို့ စုံစမ်းမေးမြန်း ဆက်သွယ်နိုင်ကြပါတယ်လို့...။
ချစ်ခင်စွာ...
စုချစ်
ထားတော့ - - - - - -
ခိုးသူတွေချစ်သူတွေကြားမှကျွန်တော်စွယ်တော်ပွင့်နဲ့ စွယ်တော်ရွက်ကလေးကိုတမ်းတမိခြင်းဖြင့်
ဒီပို့ စ်ကိုရေးပါသည်။
ကလစ်ကလေးတစ်ချက်နှိပ်ပြီးခိုးသွားကြတာ။ ကျွန်တော်ရိုက်ခဲ့ သမျှဓါတ်ပုံတွေပုံတွေမတင်တာ ကျွန်တော်
တော်တော်ဆိုးတာဘဲနော်-
ဟုတ်လားဗျာ -
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
Friday, June 14, 2013
မမျှော်လင့်ရဲတော့ပါဘူး
မမျှော်လင့်ရဲ့ တော့ပါဘူး
*********
*********
တကယ်ကိုမျှော်လင့်ခဲ့ ဘူးပါတယ်။
************
တချိန်တခါကကုန်လွန်ခဲ့ တဲ့  ၂၆ နှစ်ကျော်ကျော်ကပေါ့
မျက်ရည်စက်လက်နဲ့ 
မင်းအသိုင်းအဝိုင်းကပြောခဲ့ တဲ့ စကားတွေ
ဘယ်သောအခါမှမမေ့ နိုင်တဲ့ စကားတွေပါ
တသက်တာ နာလောက်အောင် လုံလောက်ပါတယ်။
ရင်ထဲမှာယနေ့ အပြောခံရသလိုနာနေတုန်းပါ
အချစ်ရယ် - - - - -
မင်းကတော့ခပ်အေးအေးနဲ့ 
ဘာမှမခံစားရသလိုပါဘဲလားကွယ်-
ဒစ်ဂျစ်တယ်
ကင်မရာတွေထဲကလို
မကောင်းရင်ပြန်ရိုက်
မကောင်းရင်ဖျက်ပြစ်လိုက်
ကောင်းတာကလေးတွေယူ
သိမ်းထားလိုက်
အဲလိုမျိုးဘဲ
ဘဝ ကင်မရာတွေထဲမှာ
မကောင်းတာတွေဖျက်ပြစ်ပြီး
ကောင်းတာကလေးတွေဘဲ
ရအောင်ပြန်ရိုက်ပြီး
ကောင်းတာကလေးတွေဘဲ
သိမ်းထားလို့ရရင်
သိပ့်ကောင်းမှာဘဲနော်
ဒါပေမဲ့ အချစ်ရယ်
ကျွန်တော်ရိုက်လိုက်တဲ့ ပုံရိပ်တွေက
ဖလင် ၊ စလိုက်
ရွေအစစ် ၊ ငွေအစစ်တွေနဲ့ 
ဖွဲ့ စည်းထားတဲ့  ဖလင်တွေပေါ်
ပုံရိပ်ထင်ရိုက်လိုက်မိသလို
ဘဝဆေးသားပြင်
မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ
နှလုံးသားစစ်စစ်ကြီးနဲ့ ရိုက်လိုက်မိလို့ 
ယခုခေတ်ဒယ်ဂျစ်တယ်ကင်မရာတွေလို
ဖျက်လို့ မရ - ပြန်ရိုက်ယူလို့ မရလို့ 
မကောင်းတာတွေကော
ကောင်းတာတွေရော
အယ်ဒါတွေအထပ်ထပ်တက်ရင်း
သိမ်းထားမိရက်သားပါကွယ် - - - - -
ဂျစ်တူး(မုံရွာ)
Tuesday, June 11, 2013
ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖေါ်
အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ - - - -လို့ ကျွန်တော်နှုတ်ဆက်ပါရစေ
ဒီပို့ စ်အသစ်ကိုမရေးခင်မှာ ကျွန်တော်အကြောင်းကလေးနဲနဲကလေးပြောပြပါရစေ
ကျွန်တော်ဆိုတဲ့ ဂျစ်တူး ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက ဓါတ်ပုံပညာကိုသင်ယူခဲ့ ပါတယ်။
မိဘ အကိုတွေက ဓါတ်ပုံလုပ်ငန်းလုပ်ကိုင်ကြလို့ ပါ။ ယခုအထိလည်းလုပ်ကိုင်နေဆဲပါ။
ဓါတ်ပုံလုပ်ငန်းကိုအထောက်အကူဖြစ်ရန်အတွက်
အကျီင်္ချုပ်နည်း-
မိတ်ကပ်ပြင်နည်း-
ဆံပင်ပြင်နည်းတို့ သည် အရေးပါအရာရောက်ပါသည်။
အဘယ်ကြောင့်နည်း
မော်ဒယ်အတွက်အဝတ်အစားရွေးချယ်ဖို့  အကျဉ်းအကျယ်ပြုလုပ်ပေးဖို့ ဆိုတာ အချုပ်အလုပ်တတ်မှဖြစ်မည်။
မော်ဒယ်အတွက် မိတ်ကပ် ဆံပင်ပြုပြင်ပေးဖို့ သည် မိတ်ကပ်ပညာ ဆံပင်ပညာတတ်ကျွမ်းရပေမည်။
ဓါတ်ပုံဆရာအားလုံးမဟုတ်သည့်တိုင်အောင် အနဲနှင့်အများကတော့ ကျွန်တော်လို ဘဲ တတ်ကျွမ်းကြပါလိမ့်မည်။
အဝတ်အစားဒီဇိုင်းနာမလာလို့ - မိတ်ကပ်ဆရာမလာလို့ -ဆံပင်ပညာရှင်မလာလို့ ကျွန်တော်ဓါတ်ပုံ
အရိုက်ဖျက်ရမည့်အခြေအနေမျိုးကိုမလိုလားပါ။
ဒါကြောင့် သွားလေသူ ဖခင်ကြီးက ကျွန်တော်ကိုအကုန်သင်ယူစေပါသည်။
အဝတ်အစားဒီဇိုင်းနှင့်အချုပ်အလုပ်ကို စန္ဓာအပ်ချုပ်ဆိုင် ( လှည်းတန်းဈေး ) တက္ကသိုလ်ကျောင်းသူ
တက္ကသိုလ်ကျောင်းဆရာမများကောင်းကောင်းသိပါသည်။ မြန်မာစာသိပ့်မတတ်သည့် တရုပ်မကြီးသင်ကြား
ပေးပါသည်။ ယခုတော့ဆရာမမှာ အမေရိကားတွင်နေထိုင်လျက်ရှိပါသည်။
မိတ်ကပ်နှင့်ဆံပင်ပညာများကိုတော့ မိတ်ကပ်အကြိုင်( ရုပ်မြင်သံကြား ) ထံတွင်သင်ယူခဲ့ ပါသည်။
ကျွန်တော်သင်ယူချိန်အခါကတော့ မြန်မာပြည်တွင်အလွန်ကြော်ကြားလူသိများပါသည်။
လက်ရှိ ရန်ကုန်မြို့ တွင်နေထိုင်လျက်ရှိပါသည်။
ကျွန်တော်တတ်သောဓါတ်ပုံပညာကို အွန်လိုင်းမှနေပြီးသင်ကြားပေးခဲ့ ပါသည်။
သင်ကြားတတ်မြောက်သူများလည်းရှိပါသည်။ နိုင်ငံခြားသားများလည်းပါဝင်ပါသည်။
ပညာစမ်းချင်လို့ မေးခွန်းအမျိုးမျိုးအမေးခံရသည်များလည်းကြုံခဲ့ ဘူးပါသည်။
ထားတော့
ကျွန်တော်မြန်မာပြည်ကိုပြီးခဲ့ တဲ့ လကပြန်သွားဖြစ်ပါသည်။ မင်္ဂလာဆောင်ဓါတ်ပုံရိုက်ရင်းသွားဖြစ်ခြင်းပါ။
မင်းသားကိုကျော်သူတို့ ပရဟိတ လုပ်ဆောင်ချက်များ- မိဘမဲ့ ကလေးများရှိတဲ့ နေရာအတော်များများကို
အလှူပေးရင်ရောက်ဖြစ်ခဲ့ ပါသည်။ အမေရိကားမှာနေထိုင်တဲ့  ဇင်ဇင်အောင် မှ မိဘမဲ့ ကလေးများအတွက်
အလှူပေးချင်သည်ဆိုသောကြောင့် သွားဖြစ်ခဲ့ ခြင်းပါ။ ဇင်ဇင်အောင် အလှူအတွက်ကတော့ ရွေစင်ဦး မှကိုယ်စားပေးလှူခဲ့ ပါသည်။
မျက်မြင်ကိုယ်တွေ့ ဆိုတော့ ကျွန်တော်ရင်ထဲစိတ်ထဲမှာတော်တော်မကောင်းဖြစ်မိခဲ့ ပါသည်။
ကျွန်တော်ဘာလုပ်ပေးနိုင်သလဲဆိုတာစဉ်းစားမိခဲ့ သည်အကြိမ်ကြိမ် အရင်ကတည်းက ဓါတ်ပုံပညာဘဲဖြစ်ဖြစ်စက်ချုပ်ပညာဘဲဖြစ်ဖြစ် ဒါမှမဟုတ် မိတ်ကပ်ပညာဘဲဖြစ်ဖြစ် ကျွန်တော်တတ်သမျှတော့မျှပညာဒါနမျှဝေခဲ့ ပါသည်။ စင်္ကာပူမှာရောက်ရှိနေပြီးမိဘမဲ့ ကလေးတွေအတွက်ကျွန်တော်ဘာလုပ်ပေးနိုင်သလဲစဉ်းစားမိရင်းကျွန်တော်
တတ်ထားသည့်ပညာများထဲကစက်ချုပ်ပညာကို မျှဝေခွင့်ကြုံခဲ့ ပါသည်။ ဒါကြောင့်စက်ချုပ်ပညာကိုလိုချင်
သူ၊သင်ကြားလိုသူတိုင်းကို မျှဝေပေးပါမည်။
Facebook မှာကြော်ငြာဝင်လိုက်ပါပြီ
ရည် ရွယ် ချက်တွေ အ ကောင် အထည်ဖေါ် ဆောင်ပြီ
မိဘမဲ့ က လေးများကို ပြန်လည်
သင်ကြားနိုင် ဖို့ အတွက် မအားတဲ့ကြား
ထဲက အချိန် တွေ ကို အကျိုး ရှိ ရှိအသုံးချပြီ
သင် ၏ အချိန်ထဲက ၁၀ နာရီ ကိုသာ
အချိန်ပေးလိုက်ပါ
တတ်မြောက်ဖို့ အတွက် ကျွန်တော် တာဝန်
ယူပါသည်။
သင် တန်းကြေး = FREE , FREE ,FREE
အမိမြန်မာနိုင် ငံ မှာ ပြန်လည် သင်ကြားပို့ ချ
ပေးမှာပါ ခင် ဗျာ
ယခု လက် ရှိ သင် တန်းသား အ ယောက်
၁၈ ယောက် ရှိပါတယ်
ယခု လာမည့်  စ နေ နေ့ မှာ သင် တန်းသား
အသစ်တွေ ထပ် လာပါဦးမည်
သင် တန်းပေးတဲ့ အခန်း ကျဉ်း တဲ့ အတွက်
တပြိုင် နက်ထဲ အများကြီး မသင်ပေး နိုင် တာပါ
ယခင် က တော့  စင်္ကာပူမှာ သင် တန်းတွေ ကို အိမ်အ ရောက်လိုက်သင် ပေးပါ တယ် တစ်ဘာသာကို
စင်္ကာပူ ပိုက်ဆံ ဒေါ်လာ ၇၀၀ ယူပါတယ်
ယခု သင် တန်းခမယူဘဲ သင်ပေးနေတာကတော့ 
ယခု သင်ယူကြ တဲ့ သူက လေးတွေကိုယ်တိုင် က မိဘမဲ့ က လေးတွေဖြစ်သလို
သူတို့ မြန်မာ နိုင် ငံ ပြန်သွား ရင် လည်းမိဘမဲ့ က လေးကျောင်းတွေမှာ နေပြီ
ပရဟိတ လုပ်ငန်း တွေကို လုပ်ဆောင် ပေးကြမည့် သူများဖြစ် လို့ ပါ ဘဲ
လက်ရှိမှာလည်း အွန်လိုင်းကနေ ပရဟိတ အလုပ်များကိုလုပ်ဆောင်ပေးနေသူများဖြစ်ကြပါတယ်။
ဒီပို့ စ်အသစ်ကိုမရေးခင်မှာ ကျွန်တော်အကြောင်းကလေးနဲနဲကလေးပြောပြပါရစေ
ကျွန်တော်ဆိုတဲ့ ဂျစ်တူး ဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက ဓါတ်ပုံပညာကိုသင်ယူခဲ့ ပါတယ်။
မိဘ အကိုတွေက ဓါတ်ပုံလုပ်ငန်းလုပ်ကိုင်ကြလို့ ပါ။ ယခုအထိလည်းလုပ်ကိုင်နေဆဲပါ။
ဓါတ်ပုံလုပ်ငန်းကိုအထောက်အကူဖြစ်ရန်အတွက်
အကျီင်္ချုပ်နည်း-
မိတ်ကပ်ပြင်နည်း-
ဆံပင်ပြင်နည်းတို့ သည် အရေးပါအရာရောက်ပါသည်။
အဘယ်ကြောင့်နည်း
မော်ဒယ်အတွက်အဝတ်အစားရွေးချယ်ဖို့  အကျဉ်းအကျယ်ပြုလုပ်ပေးဖို့ ဆိုတာ အချုပ်အလုပ်တတ်မှဖြစ်မည်။
မော်ဒယ်အတွက် မိတ်ကပ် ဆံပင်ပြုပြင်ပေးဖို့ သည် မိတ်ကပ်ပညာ ဆံပင်ပညာတတ်ကျွမ်းရပေမည်။
ဓါတ်ပုံဆရာအားလုံးမဟုတ်သည့်တိုင်အောင် အနဲနှင့်အများကတော့ ကျွန်တော်လို ဘဲ တတ်ကျွမ်းကြပါလိမ့်မည်။
အဝတ်အစားဒီဇိုင်းနာမလာလို့ - မိတ်ကပ်ဆရာမလာလို့ -ဆံပင်ပညာရှင်မလာလို့ ကျွန်တော်ဓါတ်ပုံ
အရိုက်ဖျက်ရမည့်အခြေအနေမျိုးကိုမလိုလားပါ။
ဒါကြောင့် သွားလေသူ ဖခင်ကြီးက ကျွန်တော်ကိုအကုန်သင်ယူစေပါသည်။
အဝတ်အစားဒီဇိုင်းနှင့်အချုပ်အလုပ်ကို စန္ဓာအပ်ချုပ်ဆိုင် ( လှည်းတန်းဈေး ) တက္ကသိုလ်ကျောင်းသူ
တက္ကသိုလ်ကျောင်းဆရာမများကောင်းကောင်းသိပါသည်။ မြန်မာစာသိပ့်မတတ်သည့် တရုပ်မကြီးသင်ကြား
ပေးပါသည်။ ယခုတော့ဆရာမမှာ အမေရိကားတွင်နေထိုင်လျက်ရှိပါသည်။
မိတ်ကပ်နှင့်ဆံပင်ပညာများကိုတော့ မိတ်ကပ်အကြိုင်( ရုပ်မြင်သံကြား ) ထံတွင်သင်ယူခဲ့ ပါသည်။
ကျွန်တော်သင်ယူချိန်အခါကတော့ မြန်မာပြည်တွင်အလွန်ကြော်ကြားလူသိများပါသည်။
လက်ရှိ ရန်ကုန်မြို့ တွင်နေထိုင်လျက်ရှိပါသည်။
ကျွန်တော်တတ်သောဓါတ်ပုံပညာကို အွန်လိုင်းမှနေပြီးသင်ကြားပေးခဲ့ ပါသည်။
သင်ကြားတတ်မြောက်သူများလည်းရှိပါသည်။ နိုင်ငံခြားသားများလည်းပါဝင်ပါသည်။
ပညာစမ်းချင်လို့ မေးခွန်းအမျိုးမျိုးအမေးခံရသည်များလည်းကြုံခဲ့ ဘူးပါသည်။
ထားတော့
ကျွန်တော်မြန်မာပြည်ကိုပြီးခဲ့ တဲ့ လကပြန်သွားဖြစ်ပါသည်။ မင်္ဂလာဆောင်ဓါတ်ပုံရိုက်ရင်းသွားဖြစ်ခြင်းပါ။
မင်းသားကိုကျော်သူတို့ ပရဟိတ လုပ်ဆောင်ချက်များ- မိဘမဲ့ ကလေးများရှိတဲ့ နေရာအတော်များများကို
အလှူပေးရင်ရောက်ဖြစ်ခဲ့ ပါသည်။ အမေရိကားမှာနေထိုင်တဲ့  ဇင်ဇင်အောင် မှ မိဘမဲ့ ကလေးများအတွက်
အလှူပေးချင်သည်ဆိုသောကြောင့် သွားဖြစ်ခဲ့ ခြင်းပါ။ ဇင်ဇင်အောင် အလှူအတွက်ကတော့ ရွေစင်ဦး မှကိုယ်စားပေးလှူခဲ့ ပါသည်။
မျက်မြင်ကိုယ်တွေ့ ဆိုတော့ ကျွန်တော်ရင်ထဲစိတ်ထဲမှာတော်တော်မကောင်းဖြစ်မိခဲ့ ပါသည်။
ကျွန်တော်ဘာလုပ်ပေးနိုင်သလဲဆိုတာစဉ်းစားမိခဲ့ သည်အကြိမ်ကြိမ် အရင်ကတည်းက ဓါတ်ပုံပညာဘဲဖြစ်ဖြစ်စက်ချုပ်ပညာဘဲဖြစ်ဖြစ် ဒါမှမဟုတ် မိတ်ကပ်ပညာဘဲဖြစ်ဖြစ် ကျွန်တော်တတ်သမျှတော့မျှပညာဒါနမျှဝေခဲ့ ပါသည်။ စင်္ကာပူမှာရောက်ရှိနေပြီးမိဘမဲ့ ကလေးတွေအတွက်ကျွန်တော်ဘာလုပ်ပေးနိုင်သလဲစဉ်းစားမိရင်းကျွန်တော်
တတ်ထားသည့်ပညာများထဲကစက်ချုပ်ပညာကို မျှဝေခွင့်ကြုံခဲ့ ပါသည်။ ဒါကြောင့်စက်ချုပ်ပညာကိုလိုချင်
သူ၊သင်ကြားလိုသူတိုင်းကို မျှဝေပေးပါမည်။
Facebook မှာကြော်ငြာဝင်လိုက်ပါပြီ
ရည် ရွယ် ချက်တွေ အ ကောင် အထည်ဖေါ် ဆောင်ပြီ
မိဘမဲ့ က လေးများကို ပြန်လည်
သင်ကြားနိုင် ဖို့ အတွက် မအားတဲ့ကြား
ထဲက အချိန် တွေ ကို အကျိုး ရှိ ရှိအသုံးချပြီ
သင် ၏ အချိန်ထဲက ၁၀ နာရီ ကိုသာ
အချိန်ပေးလိုက်ပါ
တတ်မြောက်ဖို့ အတွက် ကျွန်တော် တာဝန်
ယူပါသည်။
သင် တန်းကြေး = FREE , FREE ,FREE
ဆက်သွယ် ရန် = 91075968
အမိမြန်မာနိုင် ငံ မှာ ပြန်လည် သင်ကြားပို့ ချ
ပေးမှာပါ ခင် ဗျာ
ယခု လက် ရှိ သင် တန်းသား အ ယောက်
၁၈ ယောက် ရှိပါတယ်
ယခု လာမည့်  စ နေ နေ့ မှာ သင် တန်းသား
အသစ်တွေ ထပ် လာပါဦးမည်
သင် တန်းပေးတဲ့ အခန်း ကျဉ်း တဲ့ အတွက်
တပြိုင် နက်ထဲ အများကြီး မသင်ပေး နိုင် တာပါ
ယခင် က တော့  စင်္ကာပူမှာ သင် တန်းတွေ ကို အိမ်အ ရောက်လိုက်သင် ပေးပါ တယ် တစ်ဘာသာကို
စင်္ကာပူ ပိုက်ဆံ ဒေါ်လာ ၇၀၀ ယူပါတယ်
ယခု သင် တန်းခမယူဘဲ သင်ပေးနေတာကတော့ 
ယခု သင်ယူကြ တဲ့ သူက လေးတွေကိုယ်တိုင် က မိဘမဲ့ က လေးတွေဖြစ်သလို
သူတို့ မြန်မာ နိုင် ငံ ပြန်သွား ရင် လည်းမိဘမဲ့ က လေးကျောင်းတွေမှာ နေပြီ
ပရဟိတ လုပ်ငန်း တွေကို လုပ်ဆောင် ပေးကြမည့် သူများဖြစ် လို့ ပါ ဘဲ
လက်ရှိမှာလည်း အွန်လိုင်းကနေ ပရဟိတ အလုပ်များကိုလုပ်ဆောင်ပေးနေသူများဖြစ်ကြပါတယ်။
တကယ့်ကိုတာဝန်ယူပါရစေ - - - သင်တတ်မြောက်ဖို့ အတွက် ကျွန်တော်တာဝန်ထားပါ။
သင်ကကျွန်တော်ကို သင်ပိုင်တဲ့ အချိန်ကလေးကိုသာ ( ၁၀ ) နာရီလောက်ပေးပါ။
သင်တန်းကြေးအခကြေးငွေတစ်ပြားတစ်ချပ်မှပေးစရာမလိုပါခင်ဗျာ-
နီးစပ်ရာသင်ယူချင်သူများကို လက်ဆင့်ကမ်းပြောပေးကြပါခင်ဗျာ-
ကျွန်တော်အသက်ထင်ရှားရှိနေစဉ်မှာ အကျိုးရှိတာကလေး ကျွန်တော်တတ်နိုင်တာကလေး လုပ်ပေးပါရစေ - - -
သင်ကကျွန်တော်ကို သင်ပိုင်တဲ့ အချိန်ကလေးကိုသာ ( ၁၀ ) နာရီလောက်ပေးပါ။
သင်တန်းကြေးအခကြေးငွေတစ်ပြားတစ်ချပ်မှပေးစရာမလိုပါခင်ဗျာ-
နီးစပ်ရာသင်ယူချင်သူများကို လက်ဆင့်ကမ်းပြောပေးကြပါခင်ဗျာ-
ကျွန်တော်အသက်ထင်ရှားရှိနေစဉ်မှာ အကျိုးရှိတာကလေး ကျွန်တော်တတ်နိုင်တာကလေး လုပ်ပေးပါရစေ - - -
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
ဂျစ်တူး(မုံရွာ)
Wednesday, January 9, 2013
"လွတ်လပ်ခြင်းရဲ့ ရသ" စာပေဟောပြောပွဲ
"လွတ်လပ်ခြင်းရဲ့ ရသ" စာပေဟောပြောပွဲ
ကော်ပီကူးပြီးကြော်ငြာပေးပါတယ်ခင်ဗျာ-
ကိုမင်းကိုနိုင် က ၂၀၁၅ ဆိုတာ ပန်းတိုင်မဟုတ်ဘူး-
ဖြတ်သန်းသွားရမည့် မိုင်တိုင်တစ်ခုတဲ့  - - -
စာရေးဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေ ရဲ့ အနုပညာတွေ မတည်ငြိမ်ခြင်းရဲ့ အကြောင်းရင်း-
ကိုဂျင်မီ ရဲ့ အချစ်တွေအရေးပါမှု့ ကိုလည်း လာရောက်နားထောင်လှည့်ကြဦးဗျာ-
လက်မှတ်တွေက တော့ ပင်နင်စူလာမှာ စတင်ရောင်းနေပြီဗျို့ ---
Author:
ချစ်ကြည်အေး
ကျွန်မတို့ ရသအလင်းဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မယ့် "လွတ်လပ်ခြင်းရဲ့
ရသ-Aesthetic of Freedom" ဆိုတဲ့ စာပေဟောပြောပွဲလေး တစ်ပွဲကို စကာင်္ာပူက
ချစ်မိတ်ဆွေများ မကြာခင်မှာ နားဆင်ခံစားခွင့် ရကြပါတော့မယ်။
စာရေးဆရာ ဒါရိုက်တာ ဆရာဦးဝင်းဖေ၊ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့
သုံးယောက် ဟောပြောကြမဲ့ ဒီပွဲလေးကို ရသအလင်းဖောင်ဒေးရှင်း ရံပုံငွေပွဲအဖြစ်
ရည်ရွယ်စီစဉ်ခဲ့တာပါ။ အဲဒါကြောင့် စင်္ကာပူက ချစ်မိတ်ဆွေများအနေနဲ့
လက်မှတ်လေးတွေ ဝယ်ယူအားပေးခြင်းဖြင့် ကျွန်မတို့နဲ့အတူ လာရောက်နားဆင်
ခံစားနိုင်ကြသလို ပွဲမှရရှိငွေတွေကို မြန်မာပြည်တွင်းမှ
စာပေအနုပညာရှင်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် သုံးမှာ
ဖြစ်တာမို့ အလှူရှင်တွေအဖြစ်နဲ့လည်း ကုသိုလ်ပါဝင်ခွင့် ရကြဦးမှာ
ဖြစ်ပါတယ်ရှင်။
ခမ်းမအခက်အခဲကြောင့် Republic Polytechnic, Agora Hall 1-2 မှာ
ကျင်းပဖို့ ဖြစ်လာတဲ့အတွက် ထိုင်ခုံရောင်းနိုင်အား နည်းသွားပါတယ်။
ဒါကြောင့် လက်မှတ်များကို ကြိုတင်ဝယ်ယူမှ စိတ်ချရပါမယ်ဆိုတာရယ်၊ ဆရာတွေနဲ့
ပရိသတ် မေးဖြေ-ဆွေးနွေး ကဏ္ဍလေးလည်းပါဝင်မှာမို့ လက်မလွှတ်သင့်တဲ့
ပွဲလေးတစ်ပွဲ ဖြစ်တဲ့အကြောင်းလည်း ပြောချင်ပါသေးတယ်။
လွတ်လပ်ခြင်းကို လူတိုင်း နှစ်သက်ကြပါတယ်။ ကျွန်မတို့ တကယ်ပဲ ကိုယ်ရော စိတ်ပါ လွတ်လပ်ကြပြီလား။ လွတ်လပ်ခြင်းရဲ့ ရသဟာ လူတိုင်းအတွက် ဘယ်လိုခံစားမှုတွေကိုများ ပေးစွမ်းနိုင်ပါမလဲ။ ဟောပြောမယ့် ဆရာသုံးယောက်ဟာ အနုပညာရှင်တွေအနေနဲ့ လွတ်လပ်ခြင်း ရသအပေါ် အမြင်အတွေး ခံစားချက်လေးတွေကို ဘယ်လိုများ ပုံဖော်ဟောပြောကြမှာလဲ။ သူတို့ဖြတ်သန်းလာခဲ့ကြရတဲ့ ဘဝထဲက သူတို့မြည်းစမ်းခဲ့ရတဲ့ လွတ်လပ်ခြင်းရသဟာ ဘယ်လိုများလဲ။ ကျွန်မတို့ မိတ်ဆွေတို့ ရင်ထဲက ခံစား နားလည်မှုတွေနဲ့ ထပ်တူရော ကျနေနိုင်မှာလား။ ကြိုတင်စဉ်းစားရင်း ရင်ခုန်နေမိပါတယ်။
အဲဒီနေ့မှာတော့ ဆရာတွေ ပြောမယ့်စကား၊ သူတို့ရင်ထဲက လွှင့်ထုတ်မယ့်
အသံလှိုင်းတွေဟာ ကျွန်မတို့ မိတ်ဆွေတို့ ရင်ထဲက ဖမ်းယူနားထောင်မယ့်
အသံလှိုင်းတွေနဲ့ ဘယ်လိုများ ချိတ်ဆက်မိကြမှာလဲဆိုတာ ကျွန်မတို့
စောင့်မျှော်နားထောင်ရမယ့် ပွဲတစ်ပွဲ ပါပဲ။
ပွဲနေ့ - ၂၀-၀၁-၂၀၁၃ (တနင်္ဂနွေနေ့)
ပွဲချိန် - ၁၃:၀၀- ၁၉:၀၀
နေရာ - Agora Hall 1-2,
Republic Polytechnic
လက်မှတ်ဈေး - S$15 , S$20
လက်မှတ်ရောင်းချရာ နေရာ - ရနံ့သစ် ၊ မြနန်းနွယ် (ပန်နီစူလာ ပလာဇာ)
ကဲ မိတ်ဆွေတို့ မပြောမရှိကြပါနဲ့နော်...
အဲဒီနေ့မှာ ကျွန်မတို့ လက်ချင်းချိတ်ဆက်ပြီး လွတ်လပ်ခြင်းရဲ့ ရသတွေကို အတူခံစားကြည့်ကြပါစို့လားရှင်.. ..
လွတ်လပ်ခြင်းရဲ့ ရသ စာပေဟောပြောပွဲအတွက် ကျွန်မတို့ရဲ့ မိန်းစပွန်ဆာဖြစ်တဲ့ MAI မြန်မာလေကြောင်းလိုင်းမှ စင်ကာပူ-ရန်ကုန်-စင်္ကာပူ-လက်မှတ် (၃) စောင်၊ စင်္ကာပူ-ဘန်ကောက်-စင်္ကာပူ-လက်မှတ် (၅)စောင်ကို ပွဲနေ့မှာ ကံစမ်းမဲဖေါက်ပေးမယ့်အပြင် ဇန်န၀ါရီလ(၂၁)ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်အထိ (တရုတ်နှစ်ကူးပိတ်ရက် ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ မပါ) အတွက် လက်မှတ် တစ်စောင်ကို ၅ကီလို အပိုဆောင်းပေးမှာဖြစ်တဲ့အကြောင်
Monday, December 17, 2012
သီတဂူဆရာတော်ကြီး အရှင် ဥာဏိဿရ တရားပွဲ ၂၀၁၂
သီတဂူဆရာတော်ကြီး အရှင် ဥာဏိဿရ တရားပွဲ ၂၀၁၂
ယခုလ ၂၂-၁၂-၁၂ စနေနေ့ နှင့်
၂၃-၁၂-၁၂ တနင်္ဂနွေနေ့ 
အချိန် ညနေ ၆း၃၀မှ ၈း၃၀ အထိအောက်ပါနေရာမှာ တရားပွဲကျင်းပမည်ဖြစ်ပါကြောင်း
Poh Ern Shih Temple,
17 A, Chwee Chain Road,
Neardst MRT stn;Parsir Panjaig.
ယခုလ ၂၂-၁၂-၁၂ စနေနေ့ နှင့်
၂၃-၁၂-၁၂ တနင်္ဂနွေနေ့ 
အချိန် ညနေ ၆း၃၀မှ ၈း၃၀ အထိအောက်ပါနေရာမှာ တရားပွဲကျင်းပမည်ဖြစ်ပါကြောင်း
Poh Ern Shih Temple,
17 A, Chwee Chain Road,
Neardst MRT stn;Parsir Panjaig.
Photo by Jittoo( Monywa )
သီတဂူဆရာတော်ကြီး အရှင် ဥာဏိဿရ တရားပွဲ
တရားပွဲပြီးဆုံးလို့ နောက်ရက် ၂၄ ရက်နေ့ မှာ ဂျစ်တူးအိမ်တွင်ဆရာတော်ကြီးကိုနေ့ဆွမ်းကပ်လှူကြပါမည်။
( ၂၄-၁၂-၁၂ ) တနင်္လာနေ့  နံနက် ၁၀ နာရီမှာဆွမ်းကပ်လှူကြပါမည်။
သာဓုခေါ်ဆိုနိုင်ရန်တင်ပြလိုက်ရပါသည်ခင်ဗျား--------
Sunday, October 21, 2012
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းစာပေဟောပြောပွဲမှ ဆရာသုံးယောက်နှင့်အမေးအဖြေ
ဗွီဒီယိုကိုရောင်းချမှာမဟုတ်တဲ့ အတွက် ကျနော်ဘလော့ကလေးကဘဲတင်ပေးလိုက်ပါပြီ
အားလုံးစောင့်မျှော်နေကြတဲ့ ဆရာသုံးယောက်နှင့်အမေးအဖြေ Life Show အပိုင်း( ၁ မှ ၁၃ အထိ ) ကို
တင်ဆက်လိုက်ပါပြီခင်ဗျာ။ အပိုင်းပိုင်းခွဲပြီးမှတင်လို့ ရသည့်အတွက်ယခုလို အပိုင်းပိုင်းခွဲပြီးတင်ဆက်
လိုက်ရခြင်းဖြစ်ပါတယ်။ စာချစ်သူများ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
အောက်ကလင့်များကိုကလစ်ကြည့်ကြပါခင်ဗျာ-
အမေးအဖြေအပိုင်း ( ၁ )
http://www.youtube.com/watch?v=bWkseuzxjoU&feature=youtu.be
အမေးအဖြေအပိုင်း( ၂ )
http://youtu.be/egDKmCuakx4
အမေးအဖြေအပိုင်း ( ၃ )
http://youtu.be/ZGg1rmeM7BY
အမေးအဖြေအပိုင်း ( ၄ )
http://youtu.be/LTSfum1tWPg
အမေးအဖြေအပိုင်း ( ၅ )
http://youtu.be/i7lTcK9uLP0
အမေးအဖြေအပိုင်း ( ၆ )
http://youtu.be/cy74rHT_MXc
အမေးအဖြေအပိုင်း ( ၇ )
http://youtu.be/-Z2ehcz3afU
အမေးအဖြေအပိုင်း( ၈ )
http://youtu.be/PeJsNmUsP3g
အမေးအဖြေအပိုင်း ( ၉ )
http://youtu.be/EGm2g-iyM6Q
အမေးအဖြေအပိုင်း ( ၁၀ )
http://youtu.be/oy4IZPjs0ug
အမေးအဖြေအပိုင်း ( ၁၁ )
http://youtu.be/8TI8SL2y10A
အမေးအဖြေအပိုင်း ( ၁၂ )
http://youtu.be/CbYdQrBzDvI
အမေးအဖြေအပိုင်း( ၁၃ )
http://youtu.be/P_qJfPWhbPs
Monday, August 20, 2012
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Live Stream Video များ
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Live Stream Video များ
(Live Stream Video များ ဖြစ်သဖြင့် connection အခက်အခဲကြောင့် အပြည့်အစုံမပါပါ။Part 8 နှင့် Part 7 သည် Live Stream mic နဲ့ဝေးသွားသဖြင့် အသံတိုးပါသည်။)
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 1
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 2
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 3
ဒေါ်ခင်ကြည်ဖေါင်ရေံပုံငွေမြှင့်တင်ရေးစာပဟောပြောပွဲ (စင်္ကာပူ) Part 4
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 5
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 6
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 7
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရံပုံငွေမြှင့်တင်ရေးစာပေဟောပြောပွဲ (စင်္ကာပူ) Part 8
(Live Stream Video များ ဖြစ်သဖြင့် connection အခက်အခဲကြောင့် အပြည့်အစုံမပါပါ။Part 8 နှင့် Part 7 သည် Live Stream mic နဲ့ဝေးသွားသဖြင့် အသံတိုးပါသည်။)
Sunday, August 19, 2012
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း စာပေဟောပြောပွဲ တိုက်ရိုက်အသံလွင့်မည်
စာပေဟောပြောပွဲတိုက်ရိုက်ထုတ်လွှင့်မှု =>
Live broadcast by Ustream
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းနှစ်တစ်ရာပြည့် အတွက် ၁၉-၈-၂၀၁၂ တနင်္ဂနွေနေ့  စင်ကာပူ စံတော်ချိန် နေ့လည် ၂ နာရီမှ ညနေ ၇နာရီအထိ စင်ကာပူ ပိုလီ ကွန်ဗင်းရှင်းစင်တာ၊ဒိုဗာ MRT အနီး၊ ၅၀၀ ဒိုဗာလမ်း တွင် ဟောပြောမည့် အစီအစဉ်များကို လက်မှတ်ဝယ်ယူ၍ မရလိုက်သောသူများအတွက် Live တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည်။
မြန်မာ့အနာဂတ် ၊မြန်မာ့ အိပ်မက်၊မြန်မာ့စိန်ခေါ်ချက်များကို မြန်မာ တို့ ဟောပြောမည့် ထိုရံပုံငွေမြှင့်တင်ရေးပွဲကြီးတွင်---
ဆရာအော်ပီကျယ်က(ဤခရီး မနီးသေးပါ) ခေါင်းစဉ် ဖြင့် လည်းကောင်း
ဆရာ ကျော်ဝင်း မှ (အကောင်းဆုံးအနာဂတ်ကို ဦးတည်ခြင်း)ခေါင်းစဉ်ဖြင့်လည်းကောင်း၊
ဆရာမောင်ဝံသ မှ(သတင်းသည် ပြည်သူအတွက်)ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်သည်။
စာပေဟောပြောပွဲမှရရှိလာသောငွေအားလုံးကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း သို့ အကုန်လှူကြပါမည်။
အောက်ပါလင့်များမှ တိုက်ရိုက်လွင့်ပါမည်။
http://photojittoomonywa.blogspot.sg/
့http://www.lotusdhamma.com/
့http://www.dhammadownload.com/live1.htm
http://shweminnthar.blogspot.kr/2012/08/blog-post_18.html
ရွှင်လန်းချမ်းမြေ့ ကြပါစေ
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
Wednesday, July 25, 2012
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းအတွက် ၁၉-၈-၂၀၁၂ တနင်္ဂနွေနေ့ မှာ စာပေဟောပြောပွဲ ဗျို့ 
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းနှစ်တစ်ရာပြည့် အတွက် ၁၉-၈-၂၀၁၂ တနင်္ဂနွေနေ့  စင်္ကာပူနိုင်ငံမှာ စာပေဟောပြောပွဲ ဗျို့ 
လက်မှတ်ကလေးတွေမဝယ်မိလိုက်လို့ မကြည့်လိုက်ရဘူးမဖြစ်ရအောင် လက်မှတ်ကလေးတွေကို ပင်နင်ဆူလာမှာ လာဝယ်လို့ ရပါပြီခင်ဗျာ-
ဟောကြပြောကြမည့်စာရေးဆရာတွေကတော့ - - - -
အော်ပီကျယ်
ကျော်ဝင်း
မောင်ဝံသ
ဆရာတွေရဲ့ အဟောပြောတွေကို ထူးပြီးကြော်ငြာမဝင်လိုတော့ပါဘူး - လာဖြစ်အောင်သာလာခဲ့ ကြပါလို့ သာ-----တိုက်တွန်းလိုက်ရပါတယ်ဗျာ-
စာပေဟောပြောပွဲမှရရှိလာသောငွေအားလုံးကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း သို့ အကုန်လှူကြပါမည်။
ဆက်ဆက်လာကြပါလို့ ထပ်မံပြီးနိုးဆော်လိုက်ရကြောင်းပါခင်ဗျာ-----
စာပေဟောပြောပွဲတိုက်ရိုက်ထုတ်လွှင့်မှု =>
Live broadcast by Ustream
လေးစားစွာဖြင့်
အဖွဲ့ ကိုယ်စား
ဂျစ်တူး(မုံရွာ)
Thursday, July 12, 2012
ချစ်ရက်ရှည်ရှည်အင်းယားမြေ-
တေးရေး---ပုသိမ်မောင်စိမ်းသူ
တေးဆို----တွံတေးသိန်းတန်
ကျောင်းဖွင့်ချိန် ---စိန်ပန်းတွေလည်းမြေမှာကျဲပြန့်နေ-
ကံ့ကော်ပန်းတွေနှင့်အတူသူနဲ့တွေ့ ရာနယ်မြေတက္ကသိုလ်(သို့မဟုတ်)
မြကျွန်းသာအင်းယားကန်နယ်မြေ----
ဒီအချိန် ညနေချမ်း နေရည်သန်းရင်လေ မြေနီလမ်းကလေးမှာ အပန်းဖြေ အပန်းဖြေ
ချစ်စရာလှပ စကားလေးတွေ ဆိုခဲ့တာလေ ...
ချစ်သော မိမိငယ်ရေ အင်းယားကန်က ကိုယ်တို့ ကိုယ်တို့ မေတ္တာမြေ .........................
သိုသိပ်ဝှက်ကွယ်ထားတဲ့ ချစ်စရာစကားတွေ ရင်ထဲမှာ ကိုယ်စီကိုယ်ငှလေ ...
ချစ်စရာ နှုတ်ခမ်းပါးက စကားလေးများ မပွင့်လင်းခဲ့ပေ ...
သဇင်တွေဖူးပါတဲ့ ဆောင်းဦးကိုလဲ ကျော်ခဲ့ပြီမေရေ ...
ရာသီတွေပြောင်းပေမဲ့ ကိုယ်တို့ နှစ်ဦးရဲ့ မထူး မထူးတဲ့အခြေ
ချစ်စိတ်တွေရင်မှာ အစဉ်သာ သိမ်းကာထားခဲ့ ပေ ...
အော် နွေဦး ... လေရူးတွေလဲ သုတ်ပြီမေ ကံ့ကော်တွေလဲ ဖူးလို့ နေ ...
ဥဋ္ဌသငှက်တွေ မြူးလို့...ချစ်ရက်ရှည်ရှည် ...
ဒီအခါ ဒီသမျှ ခွဲကြရမဲ့အခြေ ... အချိန်တန် အိမ်ပြန်ရပေမဲ့ ကိုယ့်လိပ်ပြာက မင်းထံမှာနေ
အင်းယားကိုလဲ မမေ့ နိုင်ပေ ...........................................................
Ton Tay Thein Tan - Chit Yet Shay Shay Inn Yar Myay by lun swe
သီချင်းကိုဒေါက်တာလွဏ်ဆွေဘလော့မှကူးယူတင်ထားပါသည်။




Sunday, May 27, 2012
တခွန်းသောစကား
တခွန်းသောစကား
********
တုန့် ပြန်မည့်အချစ်ကို
ငါ မမျှော်လင့်ခဲ့ ပါဘူး
နင့် ကို ငါချစ်နေယုံနဲ့ 
ကျေနပ်နေသူပါ-
နင့်လက်တွဲဖေါ်
ငါ မဟုတ်ပေမဲ့ 
ပတ်သက်ဘူးခဲ့ တဲ့ 
သံယောဇဉ်ကလေးအတွက်
နာကျင်စေတဲ့ 
စကားတွေမပြောပါနဲ့ -
ငါ တို့ အကြောင်းတွေ
အိမ်မက်မှမဟုတ်ဘဲ
အလွယ်တကူမမေ့ပါရစေနဲ့ -
နောက်ဆုံးစကားတခွန်း
ပြောခဲ့ပါဆိုခဲ့ရင်
နင့်ကိုငါ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းဘဲဖြစ်မှာပါ။ ။
ဂျစ်တူး(မုံရွာ)
အလွမ်းတွေကို လွှတ်ချပြစ်လိုက်တော့ အလွမ်းကဗျာ တွေဖြစ်သွားတယ်-
Subscribe to:
Posts (Atom)
















.jpg)
.jpg)










