Showing posts with label သတိတရားနဲ့သာနေကြပေတော့----. Show all posts
Showing posts with label သတိတရားနဲ့သာနေကြပေတော့----. Show all posts

Monday, February 7, 2011

ငရဲကြီးရှစ်ထပ်ရှိကြောင်းအတည်ပြု


မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့်
 ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊
ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ့လျှားမှုအကြောင်းလေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှဘူမိဗေဒပညာရှင်များနှင့် ပြည်ပကငှာရမ်းထားတဲ့
ဖင်လန်နိုင်ငံနဲ့  နော်ဝေးနိုင်ငံမှဘူမိဗေဒပညာရှင်များရယ်ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ
ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ်တူးဖော်နည်းနှင့်တူးခဲ့ကြပါတယ် ။
ပိုက်လုံးတွေချပြီးတူးကြရင်းက မြေအောပ် အနက်ကိုးမိုင်အရောက်မှာဇာတ်လမ်းက
စတော့တာပဲ။ ပူးပေါင်းတွင်းတူးအဖွဲ့ ခေါင်းဆောင် ဆိုဗီယက်ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့ လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့အခါ တွင်းတူးတဲ့ပိုက်
ဟာ ထိန်းမရအောင်တုန်ခါလာတာကိုတွေ့ ရှိရပါတယ် ။ ဘာကြောင့်တုန်ခါသလဲဟုစစ်ဆေးကြ
တဲ့အခါ တွင်းတူးပိုက်ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကိုရောက်
နေလို့  ထိမ်းမရအောင်လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ တွေ့ ရှိပါတယ်

အဲဒီအခါမှာတော့လုံးဝမခံ မရပ်နိုင်အောင်နာကျင်တယ်လို့ 
အော်ဟစ်နေကြတဲ့အသံကိုစတင်ကြားရပါတယ်။
ပထမတော့သူတို့ ရဲ့တွင်းတူးစက်နဲ့  ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့
တုန်ခါမှုအသံဟု ထင်မှတ်
ထား ကြပေမဲ့ သေချာစူစမ်းပြီးနားထောင်တဲ့အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာကြားနေ
ရတယ်အသံတွေဖြစ်တာကြောင့် နားတွေတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို
့ဒေါက်တာ ဒီမီထရီအက်ဇာကော့ ကဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကိုတွင်းထဲချပြီး
အသံဖမ်းနားထောင်တဲ့အခါမှာတော့ မခံမရပ်နိုင်အောင်အော်ဟစ်နေတဲ့လူတစ်ယောက်ရဲ့အသံကို
သဲသဲကွဲကွဲစတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့ အတူလူပေါင်းထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့အသံကိုလဲ
ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာဒေါက်တာ
ဒီမီထရီအက်ဇာကော့အပါအ၀င်.တခြားပညာရှင်တွေရော..တွင်းတူးလုပ်သားတွေပါ
အံ့သြတုန်လှုပ်မှုများစွာဖြစ်ခဲ့ရပါတယ်။
အဲဒီအသံတွေကိုအလွန်ဆွဲအားကောင်းတဲ့အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကိုဆက်မလုပ်တော့ပဲ
တွင်းပေါက်ကိုအဖုံးဖုံးပြီးပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကိုတွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ
လောကကိုဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။“

ကျနော်အခုခင်ဗျားတို့ ကိုပြောပြနေတဲ့ဟာတွေကတွင်းတူးအဖွဲ့ ခေါင်းဆောင်
ဒေါက်တာ ဒီမီထရီအက်ဇာကော့ နဲ့ 
တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅
နှစ်တို့ ရဲ့ပြောကြားချက်တွေပါပဲ
ဒီသတင်းတွေကိုဖင်လန်နိုင်ငံကအင်မန်နုဆက်စတီးယားဆိုတဲ့
လစဉ်ထုတ်စာစောင်ကရေးသားဖော်ပြကြတယ် ။
ဒီကျနော်တို့ ကမာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကိုပူလောင်တယ်လို
့သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ပူအိုက်စွတ်စိုတဲ့တောဟာ
ဖာရင်ဟိုက်အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲရှိတယ်။
မြေကြီးအောင်ကိုးမိုင်အကွာကအပူချိန်ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့
တွက်ချက်သိရှိရတယ် ။
သူတို့ မူလခန့် မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို
့တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် ကဆိုပါတယ်။
တွင်းတူးအဖွဲ့ ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင်
ဘာနီနန်မီဒယ်နှင့်ဘူမိဗေဒပညာရှိချုပ် တို့ ဟာ
နော်ဝေးနိုင်ငံရဲ့အကြီးဆုံးနှင်
အောင်မြင်ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့သတင်းစာကြီးက
1990ခုဇန်န၀ါရီလ4ရက်နေ့ မှာ
တွေ့ ဆုံမေးမြန်းခဲ့တယ်။

ဘာနီနန်မီဒယ်ပြောတာတွေကိုသတင်းစာမှာရေးသားဖော်ပြခဲ့ကြတယ်။အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာတကယ်ရှိနေပြီ၊
တွင်းတူးတွေ့ ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။
ဒီလိုတွေ့ ရှိမှုတွေပြီးတဲ့ နောက်မှာ နော်ဝေးနိုင်ငံနဲ့ 
ဖင်လန်နိုင်ငံမှ.ဘူမိဗေဒပညာရှင်တချို့..အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လိုသတင်းစာတွေမှာ
ရေးသားဖော်ပြခဲ့ ကြတယ်။

အမှန်တစ်ကယ်ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့နိုင်ငံခြားသား အားလုံးကို.
တွေ့ ရှိချက်အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင်မထားတော့ပဲ
ပြည်ပကိုပြန်ပို့ လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကိုကြားတဲ့အခါမှာ ဆိုဗီယက်အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့်
ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက်သာသနာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ယောက်က တစ်ဦးချင်းကို
ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။

ဒါပေမဲ့ ငွေဘယ်လောက်ဆိုတာကိုတော့တွင်းတူးအဖွဲ့ 
့ဝင်နော်ဝေးနိုင်ငံဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကိုမေးလို့ မရခဲ့ပါဘူး။
ခန့် မှန်းရသလောက်ကတော့တစ်ဦးစီကို သိန်းဂဏန်းလောက်ပေးပုံရတယ်လို့ 
မီဒီယာသမားတွေကထင်မြင်ချင်ဖြင့်ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ်
့ကတော့သူရရှိတဲ့ ငွေတွေကိုတပြားတချပ်မှမယူပဲကယ်ဆယ်ရေးလုပ်ငန်းတွေကို
လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်းပေါက်ကြားတဲ့အခါမှာတော့သူ
့အသက်လဲဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက်အာဏာပိုင်တွေဟာ
ထိုငြီးငြူသံတွေကို မြေဆီလွှာလှုက်ရှားသံဟု..ဆိုပြီ.ပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့နော်ဝေးနိုင်ငံသားအေ့(ချ)ရန်ဒါလန်ဂျူနီယာ
ဆိုတဲ့လူရေးခဲ့တဲ့စာပါပဲ။ သူဟာ.နော်ဝေးနိုင်ငံ
တရားရေးဝန်ကြီးဌာန၀န်ကြီးရဲ့ အထူးအတိုင်ပင်ခံတစ်ယောက်လဲဖြစ်တယ်။

စာရေးတဲ့ နေ့ စွဲက ၁၉၉၀ခု ဇန်န၀ါရီလ ၇ ရက်နေ့  သူ့ စာထဲမှာရေးခဲ့တာကတော့
၁၉၈၉ ခု ခရစ်စမစ်ရုံးပိတ်ရက်မှာသူက
အမေရီကန်နိုင်ငံ ကားလီဖိုးနီးယားပြည်နယ်ကို
အလည်အပတ်ရောက်နေချိန်မှာနော်ဝေးနိုင်ငံက ဆိုက်စမစ်ဘူမိဗေဒပညာရှင်တွေဟာ
တွင်းတူးရင်းနဲ့  ဟောင်းလောင်းပေါက်ဟင်းလင်းပြင်ကိုတွေ
့ရပြီး..လူထောင်းပေါင်းများစွာရဲ့ အော်ဟစ်သံကိုကြားရကြောင်းသတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကိုဟာသဆိုပြီးပြရယ်ပြုခဲ့ပါသေးတယ်ဟုဆိုပါတယ်။

ဒါပေမဲ့မကြာပါဘူး ပြည့်ပြည့်စုံစုံရေးထားတဲ့ နော်ဝေးနိုင်ငံမှ
စာတန်းကိုဖတ်လိုက်ရတဲ့အခါမှာတော
သူဟာအရမ်းအံ့သြတုန်လှုပ်မိပါကြောင်းနှင့် နောက်ဆုံးမှာတော့သူ့ ကို
ဘုရားသခင်ထံမှာအပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာထားပေးကြပါလို့ 
ရေးသားထားကြောင်းသိရပါတယ်။

ကျမ်းည္မန်း။ ။အကုသိုလ်နှင့်ငရဲပြည်ဟူသောစာအုပ်မှ ဘာသာပြန်သူ
ဘကြီးဇင်ရေးသားသောစာအုပ်မှဖြစ်ပါသည်။
လွမ်းခြင်း၏တစ်ခြားတစ်ဖက်မှာ နေသာနေတဲ့ နေ့တစ်နေ့ရှိသည်။

မှတ်ချက်။ ။ ဒါကတော့ မေလ်းထဲက တွေ့ တာပေါ့နော်။ အသံဖိုင်ပါတယ်ခင်ဗျ။  ပို
့ပေးတဲ့ သူက အသံဖိုင် အတိုလေးပဲ ပို့ ပေးတာပါတဲ့ ။ အောက်မှာ ဖတ်ကြည့် ပါ။
ကျွန်တော် မူရင်း အတိုင်း ပြန်တင်ပေးထားတာပါခင်ဗျ။

အသံဖိုင် ပို့လိုက်ပါတယ် ….
အသံဖိုင်က သိပ်မရှည်ပါဘူး … တိုတိုလေးပါ …
၁ မိနစ်နီးပါးလောက်ပဲကြာပါတယ် …
ရေဒီယို ထုတ်လွင့်ချက်က အသံကို ပြန်ကူးထားတာပါ …

ကျွန်တော့်အသိတစ်ယောက်ဆီမှာတော့ မူရင်းအသံဖိုင်ရှိပါတယ် …
အသံက ၁၀ မိနစ်လောက်ကြာတယ်လို့ ပြောပါတယ် …
ကျွန်တော်လည်း သူ့ဆီက ဖိုင်ကို လိုချင်ပါတယ် …
၁၀ မိနစ်လောက်ဆိုတော့ သေသေချာချာနားထောင်သုံးသပ်လို့ရနိုင်ပါတယ် …
ခက်တာက ကျွန်တော်လည်း အဲဒီအသိနဲ့မတွေ့တော့ဘူး …
အင်တာနက်မှာလည်း မူရင်းအသံဖိုင် လုံးဝရှာလို့မရဘူး ….
ကျွန်တော်ကြိုးစာရှာကြည့်ပေမယ့်လည်း အခုကျွန်တော်ပို့တဲ့ဟာလိုမျိုး အသံဖိုင်
အတိုပဲရှာလို့ရပါတယ် ၊ အသံဖိုင် အရှည်များ ရှာလို့ရရင် ပြန်ဝေမျှကြပါဦး …

အခု အသံဖိုင်ကိုဖွင့်ကြည့်ရင် အရင်ဆုံး ရေဒီယိုကြေငြာသူရဲ့ စကားသံကိုကြားရပါမယ် …
၁ မိနစ်လောက်နေမှ ငရဲမှ အော်ဟစ်သံကို ကြားရပါလိမ့်မယ် …
အသံတွေကတော့ လုံးထွေးနေပါတယ် … နားကြပ်နဲ့နားထောင်ရင် ပိုအဆင်ပြေပါလိမ့်မယ် …
အမျိုးသမီးအော်ဟစ်နေတဲ့အသံကိုတော့ တစ်ချက်တစ်ချက်ကြားရပါတယ် …
ပြီးတော့ အသံဟိန်းဟိန်းနဲ့ ရယ်နေတဲ့အသံကိုလည်း ကြားရပါတယ် ..
ကျွန်တော်ကတော့ အဲဒီ ရယ်နေတဲ့အသံကို ငရဲသား က ရယ်နေတယ်လို့ထင်တာပဲ …

နားထောင်ကြည့်ကြပါ ….
အသံဖိုင်တင်လို့မရဖြစ်နေပါသေးတယ်-ထပ်ပြီးတင်ပေးကြည့်ပါအုံးမယ်ခင်ဗျာ-
အထူးမှတ်ချက်---ဂျစ်တူးမေးထဲကိုလာရောက်လာလို့မေးတွေထဲကတဆင့်အများသိအောင်တင်လိုက်တာပါ
ခင်ဗျား----
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)-------