Friday, December 31, 2010

မမေ့ နဲ့ နော်-----နော်

JIT_0031-1.jpg
ဒို့ လည်းသွားမယ်
မင်းလည်းလိုက်ခဲ့ 
ဒီမှာတစ်ယောက်တည်း
နေမရစ်နဲ့ 
ဟို---တစ်ယောက်ပါ
ပါအောင်ခေါ်ခဲ့ 
နောက်တစ်ယောက်လဲ
တခါတည်းလိုက်ခဲ့
သူငယ်ချင်းတွေ
အများကြီးမှအများကြီး
စုံကြစုကြ
ပျော်ပျော်ပါးပါး
ဘုရားအတူ
ဖူးကြဖို့ 
ငါတို့အတူတူ
သွားကြစို့ -
မေ့ မနေနဲ့နော်-----
ဒါဘဲ - - - ဒါဘဲ


မနက်ဖြန်ကာတွေ့ မယ်နော်-- ( ၁-၁-၁၁ )
ဒီနှစ်ကတော့ တစ်သုံးလုံးတင်မက တစ်ငါးလုံးစုံတဲ့ပွဲ။
တစ်သုံးလုံးအဓိပါယ်ကတော့
တစ်ရက်
တစ်လ
တစ်နာရီမှာဘုရားဖူးကားမြန်မာဘုန်းတော်ကြီးကျောင်းမှစတင်ထွက်ခွါလာလို့  တစ်သုံးလုံး လို့ အမည်ပေး
ခဲ့တာပါ။ ဒီနှစ်ကတော့ ၂၀၁၁ ခုဆိုတော့ -----
ယခုရောက်တဲ့ခုနှစ်ရဲ့ နောက်ဆုံးဂဏန်းကိုရေးထည့်မယ်ဆိုခဲ့ရင်တော့ -
တစ်ရက်
တစ်လ
တစ်နာရီ
တစ်ဆယ့်တစ်ခုနှစ်---ဆိုတော့
တစ်ငါးလုံးဆုံတဲ့နှစ်ပေါ့ခင်ဗျာ-
အားလုံးနော် မမေ့နဲ့နော်-----နော်-

No comments: