Friday, September 10, 2010

ဒီလိုဒီလို

အထူးကျေးဇူးတင်လွှာ-
စာပေဟောပြောပွဲကိုအင်တာနက်မှာဖြန့် ခွင့်ပြုပါရန်ခွင့်တောင်းသူ ဂျစ်တူး ကို ဒေါ်သန်းသန်းနု(သပြေနု)မှ
လိုလိုချင်ချင်ဖြန့် ချီခွင့်ပြုခဲ့ပါသည်။ သို့ ပါသဖြင့် ပထမ ဦးဆုံးဒေါ်သန်းသန်းနု ကိုကျေးဇူးတင်လိုက်ပါသည်။
ပြပွဲစီစဉ်ကြသူများကိုလည်းကျေးဇူးတင်ရှိပါသည်။ ပြပွဲဖြစ်မြောက်ဖို့အတွက်အဖက်ဖက်မှငွေအားလူအားနှင့်
ဝိုင်းဝန်းစီစဉ်ကြသူများအားလုံးနှင့် - - - - -
ဟောပြောကြသောဆရာနေဝင်းမြင့်၊ဆရာမဂျူးနှင့်ဆရာချစ်ဦးညိုတို့ကိုလည်းကျေးဇူးတင်ရှိပါကြောင်း
အထူးပြောကြားလိုပါသည်။
ဗွီဒီယိုရိုက်ကူးသူများဓါတ်ပုံဆရာများစီဒီဖြစ်မြောက်တဲ့အထိဝိုင်းဝန်းကြသူများ။
ဟောပြောပွဲနေ့ မှာလုပ်အားပေးလူငယ်များ။
စင်္ကာပူစာပေချစ်မြတ်နိုးသူများအားလုံးအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းရင်ထဲကလာသောနှလုံးသား
အသံများဖြင့်ပြောကြားလိုပါသည်ခင်ဗျား--------နောက်တစ်ခုကျေးဇူးတင်စကားပြောကြားလိုတာကတော့-
မိုးမခ သတင်းဌာန ဖြစ်ပါသည်။


 နည်းပညာမကျွမ်းကျင်တဲ့ ဂျစ်တူး မှာဘလော့မှာဒီလောက်ကြီးတဲ့ဗွီဒီယိုဖိုင်များကိုတင်ဖို့ အကြိမ်ကြိမ်ကျိုးစား
နေခဲ့မိပါသည်။ ဘယ်လိုမှမရတဲ့အဆုံးမှာ မိုးမခသတင်းဌာန ကိုအကူအညီတောင်းယူရပါသည်။ မိုးမခသတင်းဌာန မှယခုလို ဗွီဒီယိုဖိုင်များကိုအပိုင်းပိုင်းခွဲပြီးစိတ်ရှည်လက်ရှည်တင်ပေးကူညီခဲ့သောကြောင့်
လူအများ(တစ်ကမ္ဘာလုံးမှမြန်မာစာချစ်သူများအတွက်) အလွယ်တကူနားဆင်ကြည့်ရှု့ နိုင်ခြင်းဖြစ်ပါသည်။
ဒါကြောင့် မိုးမခသတင်းဌာန မှဝန်ထမ်းအားလုံးကိုလည်းကျေးဇူးတင်ရှိကြောင်းပါခင်ဗျား-
မှတ်ချက်ပေးသည့်နေရာတွင်မရေးဘဲမေးထဲမှာလာပြီးကျေးဇူးတင်စကားပြောကြသည့်သတင်းစကားကိုပြန်ပြီး
မျှဝေပါရစေ။
ဒေါ်သန်းသန်းနု(သပြေနု) ကိုတဆင့်စကားတဆင့်နားဖြင့်ကြားသိနေရပေမဲ့တစ်ခါမှမမြင်ဘူးဖူး
အခုမှဒေါ်သန်းသန်းနုဆိုတာသိရှိရပါသဖြင့်ဂျစ်တူးကိုကျေးဇူးအထူးတင်ကြောင်းပြောကြားသွားခဲ့ တဲ့မိတ်ဆွေ
အားလုံးအတွက်ဤနေရာမှဒေါ်သန်းသန်းနုဓါတ်ပုံကိုထပ်ပြီးတင်ပြပေးလိုက်ပါတယ်ခင်ဗျာ-
ဒေါ်သန်းသန်းနုဆိုလို့အသက်ကြီးပြီထင်နေတာအခုတော့ငယ်ငယ်ကလေးပါလားလို့ ပြောသွားတဲ့ 
သူငယ်ချင်းကိုကျော်(အင်္ဂလန်)ကိုဒီနေရာကနေဒေါ်သန်းသန်းနုကိုယ်စား ဂျစ်တူးမှ
( ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်) - - - လို့ 


ဟုတ်ကဲ့ဒီပုံကဒေါ်သန်းသန်းနု(သပြေနု)ပါ။
ဆရာမဂျူးမဟုတ်သလို ရုပ်ရှင်မင်းသမီးမေသန်းနုလည်းမဟုတ်ပါဘူးခင်ဗျာ။
နောက်ထပ်သတင်းတစ်ခုကတော့ ယခုတင်ပြပေးသောဗွီစီဒီများကိုရုပ်သံအားလုံးကောင်းမွန်စွာဖြင့်နောက်ထပ် ကူးယူဖြန့်ချီပေးနေသည့်
အကြောင်းသတင်းကောင်းပါးအပ်ပါသည်။
စာပေဟောပြောပွဲ ၂၀၀၉  DVD များဝယ်ယူသိမ်းစည်းလိုပါကလည်း
ဒေါ်သန်းသန်းနု ( သပြေနု )
Peninsula Plaza # 05-20/21
Singapore

ဝယ်ယူအားပေးနိုင်ပါသည်ခင်ဗျား----
ကျေးဇူးတင်ထိုက်သူများအားလုံးနှင့်မှတ်ချက်ရေးပေးခဲ့ကြသောသူငယ်ချင်းမိတ်ဆွေများအားလုံး
မှတ်ချက်မရေးပေးပေမဲ့မေးထဲမှာစာရေးပို့ ပေးကြသောသူငယ်ချင်းမိတ်ဆွေများအားလုံး-
မှတ်ချက်လည်းမရေး-မေးလဲမပို့ ပေမဲ့လာရောက်ကြည့်ရှု့ ကြသောမိတ်ဆွေသူငယ်ချင်းများအားလုံး-
အကုန်လုံးကို ဂျစ်တူးမှကျေးဇူးအထူးတင်မိကြောင်းပါခင်ဗျာ-

No comments: