Monday, July 20, 2009

သစ်ခွပန်းကလေးဝါဝါ




သစ်ခွပန်းကလေးဝါဝါကိုနေ့ ရဲ့ အလင်းရောင်
( Daylight )မှာရိုက်ကူးထားတာပါ။
နောက်ခံ အရောင်ကတော့အမဲရောင်စတစ်ကာကပ်ထားတဲ့ သစ်သား ပြားတချပ်ပါ-
(သယ်ယူရာမှာခက်ခဲပေမဲ့အရမ်းလှပါတယ်)စက္ကူကပ်ပြားလိုတွန့် ကြေခြင်းအလျင်းမရှိပါဘူး-
သဘာဝနေအလင်းရောင်ကို ၄၅ ဒီဂရီအလင်းမှာပန်းပွင့်ကလေးကိုထားပါတယ်-
ပန်းကလေးပေါ်မှာကျရောက်နေတဲ့ နေ ရဲ့ အလင်းတန်းကလေးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်-
သဘဝအလင်းရောင်ကို လူတို့ ဖန်တည်းထားတဲ့ အလင်းရောင်ကမကြီးစိုးနိုင်သေးပါဘူး-
မည်မျှပင် အတွေ့ အကြုံများနေသော ဓါတ်ပုံဆရာဖြစ်နေပါစေ ထပ်မံလေ့လာသင်ရမည့် 
အလင်းအသစ်တို့ကိုတွေ့ မြင်ရမည်အမှန်အကန်ဖြစ်ပါသည်။ ( Lighting )အလင်း
နှင့်ပတ်သက်လျှင် တိုးတက်နေသောခောတ်မီအတတ်ပညာ နည်းစံနစ်များ
အသစ်တီထွင်ထုတ်လုပ်လိုက်သောကရိယာများသည် နေ့ စဉ်နှင့်အမျှ ထွက်ပေါ်နေခြင်းကြောင့်ဖြစ်သည်။
Lighting သည် Photography တွင်အရေးအပါဆုံးသော ဘာသာရပ်ဖြစ်သည်။

No comments: