Friday, July 3, 2009

စက်ဘီးတိုက်သောထိုနေ့ က




စက်ဘီးနဲ့ ဆိုက်ကား
မတော်တဆတိုက်မိသွားတယ်ဗျာ---။

ဒဏ်ရာပွန်းပဲ့ 
သွေးစွန်းလျှက်
ဝေဒနာပြင်း
ခံရခြင်းကြောင့်
အားတင်းညည်းယုံ
ဆက်ဆက်တုန်သည်
စက်ဘီးတိုက်သော
ထိုနေ့ က---။

ငါ့ဘေးနီးနား
လူသူအများ
ဝဲယာတဘက်
လက်ကိုဆုပ်ကိုင်
တွဲထူပေးသည်
အကြင်နာသခင်
စေတနာရှင်က
ယုယကာ
နှစ်သိမ့် ရှာယင်း
သွေးစသုတ်ကာ
ဆိုရှာသေးသည်-
ဆေးခန်းပြရအောင်----

အော်---
တကယ်ဆိုက
ညီးကာတမ်းတ
ထိုနေ့ ကလျှင်
သခင်ရဲ့ အနမ်း
တွေ့ သည့်ခိုက်မှာ
ငါ့ရဲ့ဝေဒနာ
သက်သာရာရ
ချမ်းသာစွာတည့်---။

သခင်ပေးသော
အနမ်း--တွေကြောင့်
ဗိုလ်အောင်နိုင်
ဆေးခန်းကိုရောက်
ဝေဒနာတွေလည်းပျောက်။ ။

ဂျစ်တူး(မုံရွာ)

No comments: