Wednesday, September 21, 2011

မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ -ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ကြ

ဒုတိယအကြိမ်မြောက်စင်္ကာပူတွင် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားပွဲများ-
ဆရာတော် ကျန်းမာရေးမကောင်းတဲ့ ကြားထဲကဆေးသောက်ပြီးတရားဟောမည်။ နာဖို့ သာပြင်ထားကြပေ
တော့ ---


မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း--
ကဲ - - - -ကဲလိုက်ကြစို့ သူငယ်ချင်း-
ဆရာတော်ဘုရားဂျစ်တူးအိမ်တွင်တရားပွဲမစခင် ၃၀-၀၉-၂၀၁၁ ( သောက်ကြာနေ့  )နှင့်တရားပွဲအပြီး ၀၃-၁၀-၂၀၁၁ ( တနင်္လာနေ့ )များတွင်ကြွရောက်တရားဟောချီးမြင့်ပါမည်။ မိတ်ဆွေသူငယ်ချင်းများတရားအတူအကွနာယူကြရန်ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား----
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

တရားပွဲအစီအစဉ်များကိုအောက်တွင်အသေးစိတ်ရေးထားပါသည်။
Dhammadownloadမှကူးယူတင်ပြပါသည်။

SayaDaw U ThuMinGaLA
မင်္ဂလတိုက် (ဒယ်အိုးဆရာတော်)
ဥုးသုမင်္ဂလ

 
******************************
တရားပွဲ ဖိတ်ကြားလွှာ

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလကို ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ စင်္ကာပူကြွရောက်ရန်ပင့်ဆောင်၍ တရားပွဲ (Event Organizer) ကို dhammadownload မိသားစုမှ ကြီးမှုး၍ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲ ပထမနေ့
***************
နေ့ရက်။ ၁ အောက်တိုဘာ ၂၀၁၁ စနေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488
Bus Stop No. B15201 (one more stop after Pasir Panjang MRT)
Bus No - 10,30,30E, 51,143, 175, 176,188, 200
(Free shuttle bus service from Harbour Front MRT station exit A open car park between 5:00pm - 6:00pm)

http://www.streetdirectory.com/asia_travel/travel/travel_id_4613/travel_site_144238/5/

မှတ်ချက်

Poh Ern Shih Temple ခန်းမသည် စုစုပေါင်း ၁၁၀၀ စတုရန်း မီတာ ခန့်ကျယ်ဝန်းပြီး ပရိတ်သတ် ၂၀၀၀ မှ ၂၅၀၀ ခန့် ဝင်ဆန့်နိုင်ပါသည်။ ဤနေရာသည် ဒုတိယနေ့ တရားဟောခန်းမထက် ပိုမို ဝင်ဆန့်သဖြင့် ပရိတ်သတ်များကို ပထမနေ့ကို ဦးစားပေးပြီး လာရောက်နာယူကြပါရန် တိုက်တွန်းလိုပါသည်။

လမ်းညွှန်

တရားပွဲနေ့တွင် ညနေ ၅နာရီမှ ၆နာရီအတွင်း Harbour Front MRT Station ၏ ထွက်ပေါက် EXIT-A ဘေးနား ရှိသည့် Open Carpark တွင် Free Shuttle Bus ၆ စိးခန့်ကို စီမံထားပါသည်။ Open Cark Park ၏ နေရာကို အောက်ပါ မြေပုံရှိ အပြာရောင် Cross ပြထားသောနေရာတွင် တွေ့နိုင်ပါသည်။

http://www.streetdirectory.com/?x=103.82019929872994&y=1.2662336699014564&l=13&s=sg

ပရိတ်သတ်များ အလွယ်တကူ ရှာတွေ့နိုင်ရန် လမ်းပြ Volunteers များကို Harbour Front MRT ထွက်ပေါက်မှနေ၍ EXIT-A open carpark တိုင်အောင် နေရာချထားပါသည်။ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် အဖြူရောင် dhammadownload T-Shirt များ ဝတ်ဆင်ထားပါမည်။ MRT သည် Public နေရာဖြစ်သည့်အတွက် ဘယ်သူဘယ်ဝါသည် မြန်မာဖြစ်ကြောင်း၊ ဘယ်သူဘယ်ဝါသည် တရားပွဲကိုလာသည့် ပရိတ်သတ်ဖြစ်ကြောင်း ခွဲခြားရ ခက်ခဲပါသည်။ သို့ဖြစ်ပါ၍ တရားနာပရိတ်သတ်များမှသာ စတင်မိတ်ဆက် မေးမြန်းနိုင်ပါသည်။

အကယ်၍ တရားပွဲကို ညနေ၅ နာရီမှ ၆နာရီအတွင် အချိန်မှီ မရောက်နိုင်သဖြင့် Free Shuttle Bus Service ကို မမှီလိုက်သည့်သူများသည် Public BUS များကို အသုံးပြု၍ လာရောက်နိုင်ပါသည်။ Pbulic BUS ကို စီးလိုလျှင် Harbour Front MRT မှ vivo city ဘက်အချန်းမှာရှိတဲ့ BUS တွေကို အသုံးပြုရပါမည်။ EXIT-A ဘက်အချမ်းမှ BUS မဟုတ်ပါ။ (Direction မှန်ရန် သတိပြုရပါမည်)။ Vivo City ဘက်အချန်း လမ်းမရှိ အောက်ပါ BUS များကို အသုံးပြုပါ။
Bus No - 10,30,30E, 51,143, 175, 176,188, 200

BUS ကို ၇ မိနစ်ခန့် ၊မှတ်တိုင် ၉မုတ်တိုင်ခန့် စီးရပါမည်။ ဆင်းရမည့်မှတ်တိုင်ကို အလွယ်တကူ ရှာနိုင်ရန် Circle Line MRT Station တွေကို မှတ်သားလျှင် လွယ်ကူပါမည်။ Harbour Front မှ Bus ၄ မှတ်တိုင်ခန့်တွင် Telok Blangah Circle line MRT station တွေ့ပါမည်။ BUS ၆ မှတ်တိုင်ခန့်တွင် Labrador Park MRT station တွေ့ပါမည်။ BUS ၈(သို့မဟုတ်)၉ မှတ်တိုင်ခန့်တွင် Pasir Panjang MRT station တွေ့ပါမည်။ အဲဒီ Pasir Panjang MRT နားမှာရှိတဲ့ BUS မှတ်တိုင်အပြီး နောက်ထပ် တမှတ်တိုင်တွင် ဆင်းရပါမည်။
လမ်းတဘက်ကို ဖြတ်ကူးရပါမည်။ SHELL Patrol Station ကိုတွေ့ ပါမည်။ နောက်ထပ် ရှေ့ဘက်နဲနဲ ဆက်လျှောက်လျှင် Chwee Chian Road ကိုတွေ့ပါမည်။ အဲဒီလမ်းထဲ ဝင်လာလျှင် Poh Ern Shih Temple ကို ရောက်ပါမည်။


အပြန်အတွက် Free Shuttle BUS ၆ စီးကိုလဲ စီစဉ်ထားပါသည်။ အကယ်၍ လူများသဖြင့် Public BUS ကို စီးလိုလျှင် Temple မှ ထွက်လာသည့်ဘက် အချန်းမှ BUS စီးလျှင် Harbour front MRT ကို ရောက်ပါသည်။ လမ်းဖြတ်ကူးရန်မလိုပါ။
Bus No - 10,30,30E, 143, 188,

(ဤ Bus များသည် Harbourfront MRT သို့ မရောက်ပါ --> 51,175, 176, 200)

တရားပွဲ ဒုတိယနေ့
**************

နေ့ရက်။ ၂ အောက်တိုဘာ ၂၀၁၁ တနင်္ဂနွေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)


မှတ်ချက်
Arena Club ခန်းမသည် အပေါ်ထပ်+အောက်ထပ် စုစုပေါင်း ၈၅၀ စတုရန်း မီတာ ခန့်ကျယ်ဝန်းပြီး ပရိတ်သတ် ၁၇၀၀ မှ ၂၀၀၀ခန့် ဝင်ဆန့်နိုင်ပါသည်။ ဤနေရာသည် ပထမန့ တရားဟောခန်းမထက် အနဲငယ် သေးပါသည်။ တရားပွဲခန်းမ၏ မျက်နှာချင်းဆိုင် လမ်းမ တဖက်ချန်းတွင် SAFTI Military Institute စစ်တပ် ရှိသဖြင့် ပရိတ်သတ်များ အစုအဝေးလိုက် လမ်းမတွင်သော်လည်းကောင်း၊ Arena Club အဆောက်အအုံ ပြင်ပတွင်သော်လည်းကောင်း၊ အစုအဝေးလိုက် ရပ်နေခြင်း၊ တရားနာနေခြင်းကို Club Management မှ ခွင့် မပြုပါ။
ဤအချက်ကို အကြောင်းပြု၍ တရားနာပရိတ်သတ်များကို အဆောက်အအုံ၏ အပြင်တွင် ရပ်မနေကြဘဲ ခန်းမအတွင်းသို မရ၊ ရအောင်ဝင်၍ တရားနာယူကြပါရန် မေတ္တာရပ်ခံပါသည်။

အကယ်၍ ပရိတ်သတ်များ အလွန်များပြားပြီး ခန်းမအတွင်း (သို့မဟုတ်) အဆောက်အအုံအတွင်း၌ မဝင်ဆန့်လျှင်၊ အဆောက်အအုံပြင်ပတွင် အစုလိုက် အပြုံလိုက် ရပ် မနေကြရန်၊ မေတ္တာရပ်ခံအပ်ပါသည်။

လမ်းညွှန်

Joon Koon MRT မှ ၅ မိနစ်ခန့် လမ်းလျှေက်ရပါမည်။
Joon Koon MRT station EXIT-A မှ ထွက်ပါ။ ထို့နောက် မီးပိုင့်ရှိလမ်းဆုံတွင် ဘယ်ဘက်ကိုချိုးပါ။ BENOI လမ်းမအတိုင်းလျှောက်လာလျှင် UPPER JURONG ROAD လမ်းဆုံကို ရောက်ပါမည်။ ထိုလမ်းဆုံတွင် ညာဘက်ချိုး၍ လျှောက်လာလျှင် ARENA Club ကို ရောက်ပါမည်။

http://www.streetdirectory.com/asia_travel/travel/travel_id_9087/travel_site_114561/



ပထမနေ့၊ ဒုတိယနေ့ တရားပွဲများကို အောက်ပါ website များမှ တိုက်ရိုက် လွှင့်ပါမည်..
http://www.dhammadownload.com/live.htm
***************************************
တရားပွဲ အလှုရှင်များ စာရင်း

၁။ ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ သား ထွဋ်ဝင်းလျှံ (Alex Chen)၏ ၁၅နှစ်ပြည့်မွေးနေ့အတွက် အောက်တိုဘာလ (၁)ရက်နေ့ တရားပွဲခန်မအတွက် အလှုဒါနပြုပါမည်။

၂။ ဒေါက်တာသန်းနိုင်ဦး+ဒေါက်တာပပဝင်းစိုး၊ သား ထွဋ်ခေါင်းဦး(Raymond)၊ သမီး ရှင်မင်းသူ(Jessica) တို့ မိသားစုမှ အောက်တိုဘာလ (၂)ရက်နေ့ တရားပွဲခန်းမအတွက် အလှုဒါနပြုပါမည်။

၃။ သီတဂူ တရားပွဲဖြစ်မြောက်ရေး အဖွဲ့မှ  S$၅၀၀
၎။ ကိုဇော်မိုးစံ (မြစိမ်းတောင်ယောဂီ အဖွဲ့) မှ S$၅၀၀



Wednesday, August 31, 2011

လက်မခံနိုင်သည့်နမူနာဓါတ်ပုံများ

လက်မခံနိုင်သည့်နမုနာဓါတ်ပုံများ

အလယ်တည့်တည့်မကျသောပုံ
မျက်မှန်ကိုင်းမှမျက်လုံးကိုကွယ်ထားသောပုံ
ဆံပင်မှမျက်လုံးကိုဖုံးအုပ်ထားသောပုံ
မျက်လုံးနှင့်မျက်မှန်ပေါ်တွင်အလင်းပြန်နေသောပုံ
ကလစ်ပါသောပုံ(သို့မဟုတ်)အရာဝထုတခုခုဓါတ်ပုံထဲတွင်ပါဝင်နေခြင်း
နောက်ခံအရိပ်ရှိသောပုံ
အလင်းများသောပုံ
စာရွတ်ချူပ်ကလစ်များပါသောပုံ
အလင်းနည်းသောပုံ
အရောင်ရင့်အကျီင်္ပါသောပုံ( အမဲ ရောင် )
အကျီင်္အလင်းများနေသောပုံ ( ဖဲသားလို့ အလင်းပြန်သောအကျီစများ)
ဦးထုပ်-ခေါင်းဆောင်းပါသောပုံ (ချွန်းချက်)








 ပုံတွေကိုကြည့်ခြင်းအားဖြင့် ပတ်စ်ပို့ ဓါတ်ပုံရိုက်ကူးရာတွင် လက်မခံနိုင်သောပုံများကို နမူနာအဖြစ်သိရှိနိုင်
ပေလိမ့်မည်။

ဓါတ်ပုံလှလှရိုက်ရအောင်


အွန်လိုင်းမှာဓါတ်ပုံလှလှရိုက်ထားတာတွေအများကြီးမှအများကြီးပါ။ ယခုပို့ စ်ကလေးကဓါတ်ပုံရိုက်တော့မယ်လို့ ရည်ရွယ်တဲ့သူတွေအတွက်ပါ။ လိုအပ်လျင်ယူသွားပါ။ ပိုသိခဲ့ရင်လည်း သင်ပေးခဲ့ပါခင်ဗျာ- ကျနော်ကဖလင်ခေတ်ကတည်းကင်မရာကိုင်လာတဲ့သူဆိုတော့ယခုရေး
ထားတဲ့အကြောင်းအရာတွေကလည်းဖလင်ခေတ်ကိုရေးထားခြင်းသာဖြစ်ပါတယ်။ အခြေခံကတော့
ဖလင်နဲ့ ဒစ်ဂျစ်တယ် အတူတူနီးပါးလောက်ရှိပါတယ်။ နဲနဲကလေးဘဲကွာခြားတာပါ။
ကျနော့်အကြိုက်ကိုပြောပါဆိုခဲ့ရင်တော့ ဖလင်နဲ့ ရိုက်တာကိုပိုပြီးကြိုက်ပါတယ်။
ဖွဲ့ စည်းပုံ မော်လီကျူးကလေးတွေက ဖလင်က ရည်တွက်လို့ မရတဲ့ဘီလီယံပေါင်းမြောက်များစွာနဲ့ ပါ။
ဒစ်ဂျစ်တယ်ကတော့ ရည်တွက်လို့ ရတဲ့  မီလျံ တွေနဲ့ ပါ။
( ကျနော့်စီကိုအွန်လိုင်းကနေမေးလာကြတဲ့သူတွေကတော့ယခုစာတွေကိုသင်ယူကြပြီးဖြစ်ပါသည် )
ဆရာတစ်ယောက်ကပြောပြဖူးတယ်-
ပညာဆိုတာသေရွာအထိ ယူသွားလို့ မရဘူးတဲ့ -( ကျနော်ဆရာလုပ်ခြင်းမဟုတ်ပါဘူးကျနော်သိတာလေး
မျှဝေခြင်းရယ်ပါ ) တင်မယ်တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူးလေ-အကယ်လို့ များကျနော်သေသွားခဲ့သော်-ဒီပို့ စ်လေးမတင်ဖြစ်မှာစိုးရိမ်လို့ တင်ပေးခဲ့ ပါပြီ-







Monday, August 15, 2011

နောက်ကွယ်ကဇာတ်လမ်း


နောက်ကွယ်ကတကယ့်အဖြစ်မှန်ဇာတ်လမ်းလို့ ဘဲခေါင်းစဉ်တပ်လိုက်တော့မယ်ဗျာ-တကယ့်အဖြစ်မှန်တွေပါ။
တရားပွဲ-ပျော်ပွဲရွှင်ပွဲဘယ်လိုပွဲမျိုးကိုဘဲလုပ်လုပ်နောက်ကွယ်ကဇာတ်လမ်းတွေကတော့အများကြီးမှအများကြီး
ပါဘဲ-အဲလိုဇာတ်လမ်းတွေထဲကအခုဇာတ်လမ်းကလေးကတော့ကျနော်ကိုယ်တိုင်ပါဝင်တာမို့ အသေးစိတ်ရေးပြပါ
မယ်။ ရေးမယ်ဆိုတာကလည်းကျနော်ပါဝင်တဲ့အပိုင်းကလေးပါ။
တရားပွဲတစ်ခုဖြစ်ဖို့ ဆိုတာတကယ်တော့လွယ်လွယ်ကူကူမဟုတ်ပါဘူး-
တရားဟောမည့်ဆရာတော်ကလည်း
ကျန်းမာရေးကောင်းနေရမယ်ကြွရောက်ဖို့ အစစအရာရာအဆင်ပြေနေရမယ်
(ပတ်စ်ပို့  - ဗွီစာ-လေယဉ်လက်မှတ်-စသည်ဖြင့်ပေါ့ )
တရားပွဲစီစဉ်တဲ့သူတွေကလည်း
တရားပွဲကျင်းပဖို့ အခန်းနေရာ-( ငွေပေးရမည့်အရေအတွက်-စသည်ဖြင့်ပေါ့ )
ဆရာတော်ကိုကြိုဖို့ ဆရာတော်တည်းခိုဖို့ အစစအရာရာကြိုတင်ပြင်ဆင်ထားရပါတယ်)
တရားပွဲစင်မြင့်ပေါ်မှာလည်း
ဘုရားပင့်ဖို့ နေရာထိုင်ခင်းပြင်ရ( ဆရာတော်ထိုင်ဖို့ ထိုင်ခုံနေရာချထားဖို့ ဆရာတော်ဘွဲ့ တော်အမည်နဲ့ 
စာတန်းပါတာချိတ်ဆွဲဖို့ -အသံတွေကောင်းကောင်းကြားဖို့ -မိုက်ကောင်းမကောင်းစသည်ဖြင့်ပေါ့ )
အောက်ထပ်ကတရားနာသူတွေအတွက်ဆရာတော်ပုံကိုမြင်ဖို့  (တဆင်ပြဖို့ တီဗွီဖန်သားပြင်ထားဖို့ နေရာစသည်ဖြင့်ပေါ့ )
ပန်းအလှဆင်ပေးမည့်သူတွေကလည်း( ပန်းလှလှကလေးရဖို့ -ပန်းတွေလန်းဆန်းနေဖို့ -ပန်းအလှကိုအချိန်မှီ
ပြင်ဆင်ဖို့ စသည်ဖြင့်ပေါ့ )
အွန်လိုင်းကနေတဆင့်ပြဖို့ စီစဉ်ကြ-ဗွီဒီယိုရိုက်ဖို့ -ဓါတ်ပုံရိုက်ဖို့ လုပ်တဲ့သူတွေကလည်း( မိမိကွန်မြူတာ-
မိမိဗွီဒီယိုကင်မရာ-မိမိဓါတ်ပုံရိုက်ကင်မရာတွေကဓါတ်ခဲတွေအားရှိမရှိစသည်ဖြင့်ပေါ့ )
တခါ-တရားလာနာသူတွေဗိုက်ဆာနေမှာစိုးလို့ ( ဆီထမင်းတို့ ငါးခြောက်ကြော်တို့ စသည်ချက်ပြုတ်သူတွေ )
ရေကုသိုလ်ရှင်တွေကလည်းရေဗူးမှာကြ-သည်ယူကြပေါ့-
တရားနာသူတွေလိုအပ်သည့်စာရွတ်စာတန်းဝေငှဖို့ စာရွက်တွေကူးယူရိုက်ကြစသည်ဖြင့်ပေါ့-
ခန်းမ-သန့်ရှင်းဖို့ ကလည်းအရေးကြီးတယ်လေ-( ခန်းမထဲမှာသန့်ရှင်းအောင်ဖုန်စုတ်စက်နဲ့ သန့်ရှင်းတာတို့ -
ခန်းမပြန်အပ်တော့လည်းတခါသန့်ရှင်းပေးကြရတာဘဲ )
ရေအိမ်သာထဲမှာသန့်ရှင်းဖို့ ( အသုံးပြုရန်စကူလိပ်ထားပေးတာအစ )
စသည်ဖြင့်စသည်ဖြင့်ပေါ့လေ
ဆရာတော်ပုံတော်တွေကိုဓမဒါနဲပြုဖို့ ကလည်း ( အထက်ကသူတွေလိုဘဲကြိုတင်ပြင်ဆင်ထားရတာပါဘဲ )
ဒါပေမဲ့
ဒီတခါတော့ခါတိုင်းလိုကြိုတင်ပြင်ဆင်ချိန်မရလိုက်တော့ဘူးလေ---
အလှူရှင်က စနေနေ့ ညမှာတွေ့ တော့ ကျန်သေးတဲ့တနင်္ဂနွေနေ့ မှာလှူလို့ ရတယ်ဆိုပြီးဝမ်းသာမိတယ်-
မနက်စောစောထပြီးဓါတ်ပုံထည့်ရမည့်ခြင်္သေ့ ကဒ်ကလေးတွေကိုအိပ်အကြီးကြီးနဲ့ ထည့်ပြီး
သူရစိုး တို့ ထက်ထက်တို့ ကိုသယ်ယူခိုင်းရတယ်။
တကယ်တော့အဲဒီတနင်္ဂနွေနေ့ ကဓါတ်ပုံကူးတဲ့စက်တွေအများအားဖြင့်ပိတ်ကြတယ်။ ဖွင့်တဲ့ဆိုင်ကြတော့လည်းနေ့ ခင်း ၃ နာရီကျော်မှဖွင့်ကြတယ်။ စူဇန်ရယ်ထက်ထက်ရယ်ဓါတ်ပုံကူးတဲ့ ဆိုင်တွေခွဲရှာကြတယ်။ (ကူးတာများတော့နေ့ခြင်းပြီးမရနိုင်တဲ့ဆိုင်တွေလည်းတွေ့ ရတယ်) အရည်အသွေးမမှီတဲ့ ကူးတဲ့ ဆိုင်တွေကလည်းပိုက်ဆံပိုယူချင်ကြတယ်။ ဂျစ်တူးနဲ့ သူရစိုးတို့လည်းတဆိုင်ဝင်တဆိုင်ထွက်နဲ့ ဓါတ်ပုံကူးတဲ့ဆိုင်တွေကိုရှာကြရတာပေါ့။
နောက်ဆုံးတော့ကိုယ်ကူးနေဋ္ဌကဆိုင်မှာဘဲနဲနဲစောဖွင့်ခိုင်းပြီးကူးခိုင်းရတာပေါ့-ဒါတောင် ညနေ ၃ နာရီမှာဖွင့်သည်။
(အရည်အသွေးကောင်းကောင်းနဲ့ ဓါတ်ပုံကလည်းအမြန်လိုချင်ဆိုတော့အမြန်နှုန်းတော့
နဲနဲပိုပေးလိုက်ရတာပေါ့ )ထားတော့---
ဓါတ်ပုံတွေတဝက်ရတာနဲ့  ထက်ထက် ကိုအရင်သွားခိုင်းရတယ်။ ( သူ့ သူငယ်ချင်းတွေခေါ်ပြီးဓါတ်ပုံတွေကို
အရင်ထည့်နှင့်ကြဖို့  )
ကျန်ရှိနေတဲ့ဓါတ်ပုံတဝက်ရတော့ဂျစ်တူးနဲ့ စူဇန်ကလည်းအမြန်နောက်ကနေလိုက်ရတယ်။
ခါတိုင်းကတော့ဂျစ်တူးအိမ်မှာဘဲဓါတ်ပုံတွေထည့်ကြတာပေါ့-အခုတော့  ကျော်ဝင့်သူ+လေးလေး တို့ အိမ်မှာ
မှာ ထက်ထက် သူငယ်ချင်းတွေနဲ့ ဝိုင်းထည့်ကြတာပေါ့။

                                                                           ကျော်ဝင့်သူ+လေးလေးတို့ အိမ်မှာ






 


ဓါတ်ပုံတွေထည့်ပြီးကြတော့ဓါတ်ပုံတွေနှင့်အတူအမှတ်တရကလေးဓါတ်ပုံရိုက်ယူခဲ့ ကြပါသည်။
အိပ်တွေနဲ့ တနိုင်တပိုင်တရားပွဲရှိရာသို့ သယ်ယူဋ္ဌကပါသည်။
                                                တရားပွဲရှိရာနေရာသို့ အရောက်သယ်ယူခဲ့ပြီးအလှူရှင်များကိုယ်တိုင်ဓမဒါနအဖြစ်ဆရာတော်ပုံတော်တွေကို
ကုသိုလ်ဖြစ်ဒါနပြုခဲ့ ကြသည်။

အောင်ကျော်သိုက်+မြင့်စန္ဓာ
သမီး
ရွှန်းလင်းလဲ့စန္ဓာဧကရီသိုက်
                                                               မိသားစုတို့ မှဒါနပြုကြပါသည်




                                  အလှူအမမြင့်စန္ဓာ နှင့် သမီးကလေး     ရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက်               


                                    သမီးကလေး    ရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက်    ကလည်းကိုယ်တိုင်လှူ


အလှူရှင်ကြီး    အောင်ကျော်သိုက်   ကတော့နိဗ္ဓန်ဆော်လုပ်နေတော့မအားမလပ်ဆိုတော့ကိုယ်တိုင်မလှူနိုင်ခဲ့ ဘူးပေါ့ -

အဲဒီနေ့ က  လေးလေးတစ်ယောက်  ဓါတ်ပုံကူညီပြီးထည့်ပေးတဲ့  ထက်ထက် တို့ သူငယ်ချင်းတသိုက်ရယ်ဂျစ်တူးနှင့်စူဇန်တို့ ကို ထမင်းဟင်းတွေချက်ကျွေးခဲ့ သည်။ ( ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ )
အစစအရာရာကိုကူညီပေးခဲ့ ကြတဲ့  ထက်ထက်တို့ သူငယ်ချင်းများကိုလည်းကျေးဇူးတင်ပါတယ်။
အပေါ်ကစာတွေကတော့တကယ့်အဖြစ်အပျက်ဇာတ်လမ်းကလေးပါ။ အလှူတစ်ခုလှူဖို့ ဆိုတာအစစအရာရာ
ဒေါင့်ပေါင်းစုံကနေဝိုင်းဝန်းစုပေါင်းကြမှသာအောင်မြင်မှု့ ရခဲ့တာပါ။
တဖန်ပြန်ရေးရအုံးမယ်ဆိုခဲ့ရင်လည်းအဖက်ဖက်ကဒေါင့်ပေါင်းစုံကဘယ်လိုဘဲကောင်းအောင်စီစဉ်ကြပေမဲ့ 
တရားပွဲကိုတရားနာ မလာကြဘူးဆိုခဲ့ရင်လည်းအောင်မြင်တဲ့ တရားပွဲဖြစ်မလာနိုင်ပါဘူး-
ဂျစ်တူးကတော့ ဒီလိုအောင်မြင်မှု့ ရအောင် တရားပွဲဖြစ်မြောက်အောင်စီစဉ်ကြသူတွေအားလုံးကိုရော-
ငွေအားလူအားအလှူရှင်များကိုရော သာဓု သာဓု သာဓု ---အကြိမ်ကြိမ်ခေါ်ယူပါတယ်ခင်ဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Sunday, August 14, 2011

ဦးသုမင်္ဂလတရားပွဲကြွရောက်ပါရန်-

                       ဒယ်အိုးဆရာတော်ဦးသုမင်္ဂလ တရားပွဲ 

1-10-2011(Satday)
2-10-2011(Sunday)

ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ သည် Janpan , Malaysia , Singapore ခရီးစဉ် ကိုဋ္ဌကွမည်ဖြစ်ပါသည်။

ကိုတင်ထွဋ် + မမွေးမွေး တို့ ၏သား ထွဋ်ဝင်းလျှံ (Alex Chen)၏
၁၅ နှစ်စ်ပြည့်မွေးနေ့အတွက် အောက်တိုဘာလ (၁)ရက်နေ့   တရားပွဲကို အလှူဒါနပြုပါမည်။

ဒေါက်တာသန်းနိုင်ဦး+ဒေါ်ပပဝင်း​စိုး၊ သား ထွဋ်ခေါင်းဦး၊ သမီး ရှင်မင်းသူ တို့မိသားစုမှ အောက်တိုဘာလ (၂ )ရက်နေ့တရားပွဲကို အလှူဒါနပြုပါမည်။

တရားပွဲနေရာကိုထပ်မံကြော်ငြာပေး​ပါမည်။
 ရိုသေလေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Sunday, July 31, 2011

အောင်ကျော်သိုက်+မြင့်စန္ဓာသမီးရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက်မိသားစုကောင်းမှု့ 

ဒီကနေ့ လည်းတရားပွဲနော်-
လာရောက်သူများအတွက်ကတော့ဆရာတော်ကြီးပုံတော်များကိုဓမဒါနအဖြစ်----
ကုသိုလ်ပြုကြမည်ဖြစ်ပါသည်။
အလှူရှင်များကတော့
နှစ်ဘက်သောမိဘများအားအမှူးထားပြီး
အောင်ကျော်သိုက်+မြင့်စန္ဓာ
သမီး
ရွှန်းလင်းလဲ့စန္ဓာဧကရီသိုက်
                                                               မိသားစုတို့ မှဒါနပြုကြပါမည်။

ကျနော့်ကွန်ပြူတာနည်းပညာအခက်အခဲကြောင့်စာလုံးပေါင်းအမှန်မပေါင်းနိုင်သည့်အတွက်ရိုသေစွာတောင်းပန်အပ်ပါသည်။


အောက်ပါ website များမှ ရုပ်သံများကို တိုက်ရိုက် လွှင့်ပါမည်။
http://www.dhammadownload.com/live.htm
http://livedhamma.com/
http://www.lotusdhamma.com/
အဖြူရောင်သံစဉ် http://apytz.net
http://www.thitsarparami.org
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)



Thursday, July 28, 2011

မေတ္တာရပ်ခံချက်

သီတဂူဆရာတော်တရားပွဲသို ကားဖြင့်လာမည့်သူများသို
 
မေတ္တာရပ်ခံချက်
 
တရားပွဲကျင်းပရာ “ARENA COUNTRY CLUB” ၀န်းအတွင်းတွင် CLUB အသင်းဝင်များ၏ ကားများသာ ရပ်နားရန် ခွင့်ပြုထားပါသဖြင့် တရားပွဲလာ ဓမ္မမိတ်ဆွေများ၏ ကားများကို CLUB ၀န်းအတွင်း ရပ်နားခြင်း မပြုဘဲ အနီးရှိ SINGAPORE DISCOVERY CENTRE တွင် ရပ်နားကြပါရန် အထူမေတ္တာပ်ခံအပ်ပါသည်။
 
တရားပွဲနေရာ။          ။ ARENA COUNTRY CLUB
                             511 Upper Jurong Road
(near Joon Koon MRT  Station)
 
တရားပွဲရက်  ။          ။30.07.2011 (Sat) 7:00 pm to 8:30 pm
                        ။31.07.2011 (Sun) 7:00 pm to 8:30 pm
သီတဂူတရားပွဲဖြစ်မြောက်ရေးအဖွဲ့ 
(Singapore)

တိုက်ရိုက် LIVE Show နော်

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သွားမည့်အချိန်နှင့်တရားပွဲမမှီမှာစိုးလို့ တရားပွဲမလာဖြစ်ခဲ့ ရင်ဖြင့်--
အသက်ကြီးလို့ -ကျန်းမာရေးမကောင်းလို့ တရားပွဲမလာဖြစ်ခဲ့ရင်ဖြင့်--
ကလေးငယ်ကလေးတွေနဲ့ မို့ တရားပွဲမလာဖြစ်ခဲ့ ရင်ဖြင့်--
နေတဲ့နိုင်ငံမတူလို့ တရားပွဲမလာဖြစ်ခဲ့ ရင်ဖြစ်ဖြစ်--
ဘယ်လိုသောအကြောင်းတရားဘဲဖြစ်ဖြစ်တကယ်တရားနာယူလိုသူများ
တရားမနာလိုက်ရမှာမပူပါနဲ့ ဗျို့ 
အောက်ပါ website များမှ ရုပ်သံများကို တိုက်ရိုက် လွှင့်ပါမည်။
http://www.dhammadownload.com/live.htm
http://livedhamma.com/
http://www.lotusdhamma.com/
အဖြူရောင်သံစဉ် http://apytz.net
http://www.thitsarparami.org
အွန်လိုင်းမှထုတ်လွင့်ပေးကြသော မိတ်ဆွေသူငယ်ချင်းအပေါင်းကိုဒီနေ
ရာကနေ သာဓု သာဓု သာဓု ခေါ်ဆိုပေးလိုက်ပါတယ်ခင်ဗျာ-သီတဂူဆရာတော်ကြီး ဦးဥာဏိဿသရ၏ တရားပွဲများကိုစင်္ကာပူနိုင်ငံတွင် အောက်ပါ
လိပ်စာနှင့် အစီအစဉ်အတိုင်း၂ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားတော်နာ ဋ္ဌကွရောက်ကြပါရန် လေးစားစွာ ဖိတ်ဋ္ဌကားအပ်ပါသည်။


တရားပွဲနေ့။ ၃၀-၇-၂၀၀၁ (စနေနေ့  )
၃၁-၇-၂၀၁၁ (တနင်္ဂနွေနေ့)


တရားပွဲ အချိန်။ ညနေ ၇နာရီမှ ၈း၃၀နာရီထိ


တရားပွဲ နေရာ။ Function Room 1,
                         The ARENA Country Club,
                         511 Upper Jurong Road,
                         Singapore 638366,
                         near (JooKoon MRT)
5min walk from MRT station

ဘူတာရုံတွင်လမ်းပြများမှကူညီလမ်းညွန်ပေးကြပါမည်။
 လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။
ဂျစ်တူး(မုံရွာ)

Thursday, July 21, 2011

တရားပွဲကြွရောက်ပါရန်-

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-

သီတဂူဆရာတော်ကြီး ဦးဥာဏိဿသရ၏ တရားပွဲများကိုစင်္ကာပူနိုင်ငံတွင် အောက်ပါ
လိပ်စာနှင့် အစီအစဉ်အတိုင်း၂ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တရားတော်နာ ဋ္ဌကွရောက်ကြပါရန် လေးစားစွာ ဖိတ်ဋ္ဌကားအပ်ပါသည်။


တရားပွဲနေ့။ ၃၀-၇-၂၀၀၁ (စနေနေ့  )
၃၁-၇-၂၀၁၁ (တနင်္ဂနွေနေ့)


တရားပွဲ အချိန်။ ညနေ ၇နာရီမှ ၈း၃၀နာရီထိ


တရားပွဲ နေရာ။ Function Room 1,
                         The ARENA Country Club,
                         511 Upper Jurong Road,
                         Singapore 638366,
                         near (JooKoon MRT)
5min walk from MRT station

ဘူတာရုံတွင်လမ်းပြများမှကူညီလမ်းညွန်ပေးကြပါမည်။
 
 
မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း---
ကဲ---
ကဲ လိုက်ကြဆို့ သူငယ်ချင်း - - - -
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)


Tuesday, July 19, 2011

ဒေါက်တာအရှင် ဥာဏိဿသရ

ကျေးဇူးရှင်သီတဂူ ဆရာတော်ဘုရား ဒေါက်တာအရှင် ဥာဏ်သရ တရားပွဲများကို စင်္ကာပူနိုင်ငံတွင်
ယခုလ ၃၀-၀၇-၂၀၁၁ နှင့် ၃၁-၀၇-၂၀၁၁ စနေ နှင့်တနင်္ဂနွေနေ့  များတွင်တရားတော်များကို
ဟောကြားမှာဖြစ်ပါသည်။ နေရာများကိုအတိအကျသိရပါကထပ်​မံပြောကြားပါမည်။




                သီတဂူ စန်းလ မမာ ချမ်းမြသာယာ ရှိကြပါစေ - - - -




လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ခင်ဗျား- - - -
ဂျစ်တူး(မုံရွာ)



Monday, June 27, 2011

ချစ်စံအိမ် (ပြန်လည်ဆန်းသစ်ခြင်း)


တကယ်တော့ အိမ်ဆိုတာ မသေခင်ကလေးမှာ ခဏတာအိပ်စက်နားခိုစရာ ယာယီတဲကလေးပါ။

Wednesday, May 11, 2011

ဗြိတိန်နိုင်ငံမှာရိုက်ခဲ့မိသမျှအစိတ်အပိုင်းဓါတ်ပုံများ(၂)


ဒီတစ်ခါကတော့ခိုးရိုက်ခဲ့ရတဲ့ပုံကလေးကတော့လန်ဒန်မှာရှိတဲ့ပြတိုက်ထဲကမြန်မာ့ဘုရားများနှင့်အလေးများကို
ရိုက်ခွင့်မရှိဘဲနဲ့ရိုက်ခဲ့ခြင်းရယ်ပါ။ခိုးရိုက်တယ်ဆိုတာမကောင်းမှန်းတော့သိပါတယ်။ဒါပေမဲ့ခိုးမရိုက်ခဲ့ဘူးဆိုလျင်
လည်းယခုကဲ့သို့ ဓါတ်ပုံတွေတင်ပြနိုင်ခြင်းမရှိတာတော့အသေအခြာပါဘဲဗျာ-
အဲဒီတုံးကစဉ်းစားမိတာတစ်ခုရှိတယ်-
အကယ်လို့ ခိုးရိုက်တာမိသွားခဲ့ရင်ကင်မရာတော့အသိမ်းခံရမယ်-ဒဏ်ငွေအရိုက်ခံရင်ခံရမယ်။
တကယ်လို့ ခိုးရိုက်တာမမိသွားရင်တော့ဓါတ်ပုံတွေရမယ်ဆိုတဲ့အတွေးကလေးပါဘဲ-
ကျနော်ခိုးရိုက်ခဲ့တာကိုမသိချင်ယောင်ဆောင်သလားမသိပါဘူး-လုံခြုံရေးတွေချထားတဲ့အထဲကကိုရိုက်ယူလာခဲ့တာပါခင်ဗျာ-
နောက်တစ်ခုရှိသေးတယ်ဗျ-ဘုရင်မကြီးရဲ့ သရဖူကိုသွားကြည့်တုံးကတော့စတာလင်ပေါင် ၈ ပေါင်လား ၁၀ ပေါင်လားမသိဘူးပေးဝင်ရပြီးတော့လုံးဝ(လုံးဝ)ဓါတ်ပုံရိုက်ခွင့်မပြုပါခင်ဗျာ-
ပါလာသမျှကင်မရာအားလုံးကိုအဝင်လုံခြုံရေးတွေစီမှာထားခဲ့ရပါတယ်။

 ကျနော်တို့မြန်မာတွေရှေးရှေးတုံးကတည်းကအုံးမှုတ်ခွက်နဲ့ရေသောက်ခဲ့ကြတယ်-
အခုမှန်ဘီရိုကလေးထဲကအုံးမှုတ်ခွက်ပုံစံအိုးကငွေနဲ့လက်ကိုင်ကရွှေနဲ့လုပ်ထားပါတယ်။
အနီးကပ်ရိုက်ချက်မရိုက်ခဲ့ရတာကိုတော့နားလည်ပေးပါခင်ဗျာ-

ဘာတွေဖြစ်နိုင်ပါသလဲခင်ဗျာ-
ကျနော်မှာဓါတ်ပုံရိုက်ချင်တဲ့ဇောတွေကြောင့်စာတွေသေခြာမမှတ်ခဲ့ရပါဘူး-
သူကြီးကိုကိုမောင်ကိုဘဲအားကိုးရတော့မှာဘဲဗျ-
ဟင်္သာအလေးတွေကိုတော့ကြီးစဉ်ငယ်လိုက်ပြသထားပါတယ်။အဲဒါကိုတော့ရိုက်လို့မရလိုမရိုက်ခဲ့ရပါဘူး-


ဒါကတော့ကျနော်တည်းတဲ့နေရာနဲ့နီးတဲ့ waterloo station (ဘူတာရုံ)တစ်ခုပါ။

London Eyes  လို့ ခေါ်တဲ့ရဟတ်စီးတဲ့နေရာကလေးပေါ့-

တပတ်ကို ၄၅ မိနစ်လောက်ကြာပါတယ်။ လူတစ်ယောက်စီးခ ၁၀ ပေါင်ပေးရပါတယ်။

ကျနော်နေခဲ့တဲ့တနှစ်ကျော်ကျော်မှာမြူတွေဆိုင်းနေတာကြီးဘဲ။ရာသီဥတုကမှိုင်းမှုံနေတာ

ဘဲများပါတယ်။ကံကောင်းလို့ပြန်ခါနီးမှာမိုးကောင်းကင်ကြီးပြာပြာနေမင်းကြီးအလင်းရောင်

ထွက်နေတာကိုမြင်ခဲ့ရပါတယ်။အမြဲတမ်းအေးနေတာမို့ လန်ဒန်ရာသီဥတုကိုမကြိုက်ပါ။

နောက်တပတ်တော့ကျောင်းကပုံတွေတင်ပေးပါမည်။



Saturday, May 7, 2011

ဗြိတိန်နိုင်ငံမှာရိုက်ခဲ့တဲ့ဓါတ်ပုံတစိတ်တပိုင်း(၁)

ရိုက်မိသမျှတွေထဲကလူတွေမပါအောင်တတ်နိုင်သမျှရိုက်ခဲ့သမျှလေးကိုပြန်လည်မျှဝေခြင်းရယ်ပါ။


ဂျစ်တူးရောက်တုံးကဘုရားမကြီးနန်းတက်နှစ်ငါးဆယ်ပြည်နဲ့ကြုံသွားတယ်-အဲဒါနဲ့အခုမြင်ရတဲ့ပုံလေးတွေ
တင်ပေးခြင်းရယ်ပါ။


ုမြင်းတွေကတော့အရမ်းလှတယ်ဗျာ-အသားဖြူဖြူအရပ်မြင့်မြင့်တွေကနဲ့လည်းသူတို့စစ်ဝတ်စုံတွေကလည်း
လိုက်မှလိုက်ဗျာ-


ဘုရင်မကြီးကဝတ်စုံအစိမ်းရောင်ကလေးနဲ့လှလို့ နုလို့ဗျာ-


နန်းတော်နောက်ပေါက်ကမြင်းနဲ့စစ်သားအစောင့်


ဒီဖက်ကတစ်ခြမ်းမှာတော့လူတစ်ယောက်ပါနေလို့ဖြုတ်ပြစ်လိုက်ရပါတယ်။
နောက်မှကျန်တဲ့ဓါတ်ပုံတွေတင်ပေးပါအုံးမည်။


Friday, April 29, 2011

ဗြိတိန်မင်းသားလေးရဲ့ လက်ထပ်ပွဲ



                                                Photo by Jittoo(Monywa)ဗြိတိန်နန်းတော်ကြီးရှေ့ 

ဗြိတိန်မင်းသားကလေး(ဒိုင်ယာနာမင်းသမီးကလေးရဲ့ သားတော်အကြီး) ဝီလီယံနဲ့ အရပ်သူကလေး-
တစ်ယောက်ဖြစ်တဲ့ ကိတ် မစ်ဒယ်လ်တန်တို့ ၏လက်ထပ်ပွဲကို ဗြိတိန်နန်းတော်ကြီးမှာမင်္ဂလာအခန်းအနား
ကျင်းပါတော့မယ်တဲ့ဗျာ-စင်္ကာပူစံတော်ချိန်ညနေ ၅ နာရီမှာတဲ့ ဒီကနေ့ နော်( ၂၉-၀၄-၂၀၁၁ )
အင်္ဂလန်က သူကြီးကိုကိုမောင် တို့တော့အားတော့ဘူးထင်ပါရဲ့ -
ဗြိတိန်ကိုရောက်တုံးကရိုက်ခဲ့ဘူးတဲ့ဓါတ်ပုံကလေးတစ်ပုံပါဗျာ-(ကြွားဝါခြင်းအလျင်းမရှိပါ)

                  Photo by Jittoo(Monywa)
ဘုရင်မကြီးနန်းတော်ရှေ့ မှာစစ်သားတွေစစ်ရေးပြတာကအရမ်းကြည့်လို့ ကောင်းတယ်-တရက်ကိုတစ်တပ်
ဆိုတော့တစ်ပတ်ပြည့်ရင်တော့စစ်သားတွေစစ်ရေးပြတာကိုခုနှစ်မျိုးကြည့်လို့ရတာပေါ့ဗျာ-နေ့ တိုင်းသွားပြီး
ဓါတ်ပုံရိုက်ယူခဲ့ပါသည်။ ကံကောင်းတဲ့နေ့ ဆိုရင်တော့မိုးကောင်းကင်ပြာပြာကလေးတွေကိုဓါတ်ပုံရိုက်လို့ရ
ပေမဲ့ကံမကောင်းတဲ့နေ့ တွေဆိုခဲ့ရင်တော့တိမ်တွေမဲ့တဲ့ကောင်းကင်ဖြူဖြူကြီးကိုဖြစ်ဖြစ်-ကောင်းကင်မီးခိုး
ရောင်ကြီးကိုဖြစ်ဖြစ်မိုးဖွဲဖွဲကလေးရွာတာကိုဘဲဖြစ်ဖြစ်ရိုက်ယူခဲ့ရပါတယ်။အခုတင်ထားတဲ့ပုံတွေကဆလိုက်ပုံ
တွေပါ။ကျနော်အဲဒီကိုရောက်တဲ့အချိန်တုံးကတော့ဒစ်ဂျစ်တယ်ကင်မရာတွေစတင်ပေါ်နေပါပြီ။
အင်္ဂလန်ပြတိုက်ထဲကတန်ဘိုးမဖြတ်နိုင်တဲ့မြန်မာနိုင်ငံကဘုရားတွေအလေးတွေကိုတော့“ခိုး”ရိုက်ခဲ့ပါသေး
တယ်။
နောက်ဆက်တွဲတင်ပေးပါမယ်ခင်ဗျာ-----


Wednesday, April 20, 2011

သစ္ဏာအတူတူဆိုခဲ့ ဘူးပါသည်

တလူလူလွင့်ထူထားသောကျောင်းရှေ့ ကအလံတိုင်ကြီးအောက်မှာ--
ဒို့ကျောင်းသား-ကျောင်းသူတွေ“သစ္ဏာ” အတူတူဆိုခဲ့ ဋ္ဌကဘူးပါသည်။
“ မိမိကိုယ်ကို ကောင်းအောင်ဋ္ဌကိုးစားမည်”
“ မိမိအတန်းကို ကောင်းအောင်ဋ္ဌကိုးစားမည်”
“မိမိကျောင်းကို ကောင်းအောင်ဋ္ဌကိုးစားမည်”
“မိမိတိုင်းပြည်အတွက် ကောင်းအောင်ဋ္ဌကိုးစားမည်”
ဒီ “သစ္ဏာ
တွေဆိုခဲ့ ဋ္ဌကလို့ ဒို့ တစ်တွေတစ်ယောက်နဲ့တစ်ယောက်တစ်သွေးထဲတစ်သားတည်းညီခဲ့ ဋ္ဌကပါသည်။
မိမိတစ်ယောက်ကောင်းအောင်အရင်ဋ္ဌကိုးစားဋ္ဌကရမည်မှာအမှန်ပင်ဖြစ်ပါသည်။
မိမိပြီးတော့မိမိ မိသားစု-မိမိရပ်ကွက်-မိမိတိုင်းပြည်အတွက်အဆင့်ဆင့်ကြိုးစားသွားကြရမည်အမှန်အကန်ပင်ဖြစ်ပါသည်။
ဂျစ်တူး ဘာတွေရေးနေပါသလဲလိုထင်ကြမည်။
အွန်လိုင်းကနေဘယ်နေရာဘယ်ဒေသကမှန်းမသိ-လူကိုမမြင်ဘူးကြမတွေ့ဘူးကြပေမဲ့ -
လူတွေအချင်းချင်းရင်းရင်းနှီးနှီးသူငယ်ချင်း(ငယ်ပေါင်းတွေလို)ပြောကြဆိုကြ-အသိပညာတွေအတတ်ပညာတွေ ကိုယ်ကြုံဖူးတွေ့ ဖူးဋ္ဌကတာတွေကို-ဖလှယ်ကြ
တစ်ဦးကိုတစ်ဦးစောင့်ရှောက်ကြသည့်ယခုလိုအင်တာနက်ခေတ်ကြီးမှာပျော်စရာကြီးပေါ့ဗျာ-
ဒါပေမဲ့(အဲဒီဒါပေမဲ့ကအကြောင်းရှိတယ်)
တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြ-အထင်မြင်လွဲကြ-ဘာဋ္ဌကညာဋ္ဌကတွေကြားရတော့တစ်ခဏတာကလေးလူပြည်မှာလူဖြစ်ရတဲ့ဘဝမှာဘာကြောင့်အဲလိုအမည်ဆိုး
နဲ့ လူဆိုးသူခိုးဖြစ်ချင်ကြပါသလဲဗျာ--
ကဗျာတွေအခိုးခံရတာ-ဓါတ်ပုံတွေအခိုးခံရတာ-အမည်တွေအခိုးခံရတာ-ပတ်စ်ဝပ်အခိုးခံရတာ-အီးမေးတွေအခိုးခံရတာ----ခိုးခံရတာ---------အခိုးခံရတာ-------
အဲဒါတွေဘာမှမဖြစ်စေချင်ပါဘူး-
အဲလိုတွေလုပ်တော့ဘယ်သူတွေနစ်နာသလဲကိုယ့်အချင်းချင်းဘဲနစ်နာတယ်လေ-
အဲဒီတော့မခိုးဋ္ဌကပါနဲ့တော့-----
သင်ဆရာမြင်ဆရာတွေကိုနေ့ စဉ်      ဦးချကတော့ နေဋ္ဌကတာမဟုတ်ပါလားဗျာ-
ဒါကြောင့်ခိုးခံရမှာကိုကြောက်ပေမဲ့----
ပညာဆိုတာသေရွာအထိယူသွားလို့မရဘူးဆိုတဲ့ဆရာသမားရဲ့ စကားဋ္ဌေကာင့် ( အကိုရင်းဓါတ်ပုံဆရာ)
ဂျစ်တူး(မုံရွာ)ရဲ့ ရိုက်ချက်ကလေးတစ်ပုံကိုတင်ပြလိုက်ပါတယ်။
အသေးစိတ်ရိုက်ချက်များကိုမေးမှတဆင့်ဖြစ်စေ-ကွန်မန်ထဲကဖြစ်စေမေးကြပါခင်ဗျား---
သင်ဆရာမြင်ဆရာများကိုဦးထိပ်ပန်ဆင်လျက်ဖြင့်
ဂျစ်တူး(မုံရွာ)

                                                                     သစ္ဏာအတူတူဆိုခဲ့ ဋ္ဌကတဲ့ ချစ်သူစုံတွဲကလေးပါ-

အတာမတိုင်ခင်တနင်္ဂနွေနေ့ တရက်ကရိုက်ယူထားတာပါ။ပိုင်ရှင်များကိုခွင့်တောင်းပြီးဖြစ်ပါသည်။
ရာသက်ပန်ရိုးမြေကျချစ်ခင်ပေါင်းသင်းနိုင်ကြပါစေသတည်း------ဂျစ်တူး(မုံရွာ)

မိတ်ကပ်-------------------ဂျစ်တူး(မုံရွာ)
အဝတ်အစားဒီဇိုင်း--------ဂျစ်တူး(မုံရွာ)
လက်ကိုင်ပန်း-------------ဂျစ်တူး(မုံရွာ)
ဓါတ်ပုံ---------------------ဂျစ်တူး(မုံရွာ)
ဓါတ်ပုံဒီဇိုင်း----------------------ဂျစ်တူး(မုံရွာ)

ဟုတ်ကဲ့ ------ဂျစ်တူး(မုံရွာ)စီမှာဓါတ်ပုံရိုက်လျင် မိတ်ကပ်+အဝတ်အစား+လက်ကိုင်ပန်းစသည်များကိုအခမဲ့ 
အကျိုးဆောင်ပေးပါသည်ခင်ဗျား (ဋ္ဌေက်ာငြာဝင်ပါသည်)
ဓါတ်ပုံရိုက်ခပဲယူပါသည်။


Wednesday, April 13, 2011

သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ

                                                                
                                                  Photo by Jittoo(Monywa)

တရားပွဲအစီအစဉ်များ

'' ကိုအောင်နိုင် " မှမေးထဲကိုပို့လိုက်တဲ့တရားပွဲအစီအစဉ်ပါကြော်ငြာကလေးပါ-

                                                 မှတ်ချက်---------ဂျစ်တူးရေးဆွဲထားသောဒီဇိုင်းမဟုတ်ပါခင်ဗျား---
တရားပွဲမှာတွေ့ ကြတာပေါ့ဗျာ-
ဋ္ဌကွဖြစ်အောင်သာကြွရောက်ပြီးတရားနာယူကြပါခင်ဗျား-
လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်။

ပြီးခဲ့တဲ့နှစ် ၀၃-၁၀-၂၀၁၀ နှစ်တုံးကဆရာတော်ဘုရားဂျစ်တူးအိမ်ကိုကြွတုံးကဓါတ်ပုံဆရာတွေရိုက်ပေးခဲ့
ဋ္ဌကတဲ့ဓါတ်ပုံကလေးတွေကိုလည်းအမှတ်တရအဖြစ်တင်လိုက်ပါတယ်။

ဒီပုံကလေးကတော့ဓါတ်ပုံဆရာ   မိုးဦး(စင်္ကာပူ) )  ရိုက်ပေးခဲ့တဲ့ပုံကလေးပါ။


 အောက်ဆုံးပုံကတော့ ဓါတ်ပုံဆရာ ထွန်းဇော်နိုင်မြင့် ရိုက်ပေးထားခဲ့တဲ့ပုံကလေးပါ။


ဆရာတော်ဘုရား ဂျစ်တူးအိမ်ကိုကြွတုံးကဓါတ်ပုံတွေရိုက်-ဗွီဒီယိုတွေရိုက်ပေးကြတဲ့သူတွေကတော့-

ဆရာ ဦးကျော်ဌေး (ရန်ကုန်မှာနေကတည်းကဓါတ်ပုံပညာကိုဆရာထံမှသင်ယူခဲ့ဘူးပါတယ်)
မိုးဦး(စင်္ကာပူ)
ထွန်းဇော်နိုင်မြင့်
ဗလဋ္ဌကီး  စသည့်ဓါတ်ပုံဆရာများနှင့်အတူ

ဆွမ်းဒါယိကာ+ဒါယိကာမ
ကိုသော်ဇင်+မနီနီစိုး(သူငယ်ချင်းများ)
ကိုရဲမြင့်အောင်+မစူဇန်
ကိုမျိုးဝင်း+မဋ္ဌကည်ညွန်ကျော်
ကိုမိုးဦး(စင်္ကာပူ)+မဆန်းဝင်းဋ္ဌကည်
မစီစီချစ်
ကိုဟန်ရှိန်
ဒေါ်ရင်
ကိုရဲထွဠ်+မအေးအေးသန်း (မလေး)
ဦးဘိုဘိုဝင်း+ဒေါ်တင်တင်အောင်(ရနံ့ သစ်)
ကိုစိုးသိန်း+မတင်တင်ဝင်း
ကိုသိန်းဝင်း+မအေးအေးမော်
မလဲ့လဲ့
ဒေါ်မိ
ကိုတင်မောင်သိန်း+မနုနုဝင်း(မုံရွာ)
ကိုင်္ထန်းသူ+မမူမူသန်း
မစောမြတ်ထွေး(မုံရွာ)-မစု
မစုမွန်မျိုး
မေစိုးသိန်းနှင့်သူငယ်ချင်းတစ်စု(ကျမချစ်သောရွှေမန်းတလေးဘလော့ပိုင်ရှင်)
ဥမျွာ(ဇင်ဇင်အောင်-USA သူငယ်ချင်း)


သူငယ်ချင်းအပေါင်းတို့အားကျေးဇူးအထူးတင်ရှိပါကြောင်းဒီနေရာကနေထပ်လောင်းပြောကြားလိုပါတယ်။
လူမလာနိုင်ပေမဲ့အဝေးကနေအဋ္ဌကံကောင်းဥာဏ်ကောင်းများနှင့်လိုအပ်သည်များကိုဖုန်းနဲ့ 
အားပေးပြောကြားပေးခဲ့တဲ့ ---“ကို” ကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းပါခင်ဗျာ-
ဋ္ဌကွရောက်ပြီးဘုန်းဘုန်းတရားလာနာကြတဲ့ချစ်မိတ်ဆွေများကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ-
လူအားငွေအား-အစစအရာကူညီအားပေးဋ္ဌကသော“အကိုနှင့်အမ”များကိုလည်းကျေးဇူးအထူးတင်ရှိကြောင်း
ပါခင်ဗျာ-အားလုံးအားလုံးကိုကျေးဇူးအထူး“အထူး”တင်ရှိကြောင်းပါခင်ဗျားးးးးးးးးးးးးးးးးးးးးးးးး
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)