Monday, April 27, 2009

စွယ်တော်ပို့စ်ကဒ်ကလေးရိုက်ယူခဲ့စဉ်ကပေါ့-----




စွယ်တော်ပို့စကဒ်ကလေးကိုခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါသည်။
ရိုက်ယူခဲ့စဉ်အချိန်ကစွယ်တော်အရွက်ကလေးနှင့်အတူစွယ်တော်ပန်းကလေးပါထည့်ရိုက်ချင်တဲ့အတွက်
စွယ်တော်ပင်ရှိရာကိုသွားပြီးရိုက်ယူခဲ့ပါသည်။
ပထမဦးဆုံးစွယ်တော်ပင်မှာအကြီးဆုံးပန်းခြံထဲရှိစွယ်တော်ပင်ကလေးတွေဘဲဖြစ်ပါသည်။
တနေသာကုန်သွားပေမဲ့စွယ်တော်ပင်မှာအပွင့်မလှဖြစ်နေသဖြင့်တနေသာကုန်သွားတယ်ဓါတ်ပုံအတွက်
စိတ်တိုင်းမကျခဲ့ပါဘူး။

နောက်ရက်တွေမှာကိုယ်တိုင်ကလည်းလိုက်ရှာ-သူငယ်ချင်းအားလုံးကိုလည်းဖုန်းတွေနဲ့ဆက်ပြီးမေးခဲ့ပါသည်။
*သူငယ်ချင်းတို့ရေ-----နင်တို့အပြင်မှာသွားရင်းလာရင်းစွယ်တော်ပင်ကလေးများတွေ့ ခဲ့ရင်ငါ့ကိုဖုန်းဆက်အကြောင်းကြားပေးကြပါလား---------လို့သူငယ်ချင်းတော်တော်များများကို
ဖုန်းဆက်မေးခဲ့ပါသည်။
သူငယ်ချင်းတယောက်က(မဆူဇန်)ကသူအရင်ကနေတဲ့အိမ်ဘေးမှာတော့စွယ်တော်ပင်တွေရှိကြောင်း
အခုအပွင့်ရှိမရှိဆိုတာသူမသိကြောင်းဖုန်းနဲ့စကားပြောဖြစ်ခဲ့ကြပါသည်။
သူမပြောရာနေရာသို့သွားရောက်တဲ့အခါမှာတော့------စွယ်တော်ပွင့်တွေရှိပေမဲ့
အပွင့်အရောင်ကမလှမပနဲ့မလန်းဆန်းတဲ့ပန်းတွေဘဲဖြစ်နေတယ်-----
စိတ်ပျက်ပေမဲ့လက်မလျော့ခဲ့--

နောက်ရက်မှာ(အ၀မ်)ကစွယ်တော်ပင်ရှိရာကိုလိုက်ပို့ခဲ့ပြန်ပါတယ်-----အဲဒီမှာလည်းပန်းပွင့်တွေကမလှပခဲ့။
ကင်မရာတလုံးနဲ့စွယ်တော်ပန်းရှာပုံတော်ဖွင့်ရင်း-------၄ ရက်မြောက်မှာ
စွယ်တော်ပင်ရှိတဲ့တောင်ကုန်းကလေးကိုရောက်ဖြစ်သွားတယ်။
နေရာကလည်းတောင်ကုန်းပေါ်-အပင်ကလည်းမြင့်မြင့်----
ကိုယ်မှာလည်းအဖေါ်မရှိ
ပန်းကလည်းဟိုး-------------မြင့်မြင့်
ဘာလှေကားမှမပါ-
အနီးအနားမှာလည်းလူတွေမပြတ်-
နေကလည်းပူလိုက်တာမပြောပါနဲ့တော့
အပင်အောက်ခြေလူ၂ ရပ်လောက်မှာအပွင့်တွေရှိနေတယ်
ဂျစ်တူးအရပ်ကလည်းနိမ့်နိမ့်နဲ့ဆိုတော့တော်တော်ကလေးစိတ်ညစ်သွားတယ်-

အဲဒီနားကလေးကရှိနေတဲ့လူတွေကလည်းဘာလုပ်တာလည်းဆိုတဲ့အကြည့်မျိုးနဲ့စပ်စုနေ
လိုက်ကြတာလေ---(အသက်ကြီးကြီးတွေကပိုပြီးစပ်စုတတ်ကြသလားမသိပါဘူး)
ကိုယ်ကလည်းလုပ်ချင်ပြီးဆိုရင်ဘာကိုမှဂရုမစိုက်တော့(အထူးသဖြင့်ဓါတ်ပုံနဲ့ပတ်သက်လာခဲ့ရင်ပေါ့)
အလင်းရောင်ကလည်းနဲနေပြီ-ကိုယ်မှာပါသွားတဲ့ကင်မရာကလည်းအရမ်းဝေးဝေးကြီးကိုလှမ်းမရိုက်နိုင်
(မှန်ဘီလူး ၁၈ - ၂၀၀ mm )နောက်ပြီးတော့မပြတ်သားနဲ့ပုံတွေလည်းမလိုချင်--
အပွင့်ကလည်းလှမ်းခူးလို့မရ( ခူးပြန်ရင်လည်းဒဏ်ငွေကမနည်းဘူး--၅၀၀ ကနေ ၅၀၀၀ အထိ
ဒဏ်တပ်လို့ရတယ်-
ဒဏ်ငွေဆောင်နိုင်တယ်ဘဲထားအုံးတော့-(တကယ်တမ်းတော့မဆောင်နိုင်ပါဘူး) မြန်မာဆိုတဲ့ကိုယ့်လူမျိုး
ကိုထိခိုက်တော့မှာလေ-ကိုယ်တယောက်တည်းအသုံးမကျတာနဲ့အားလုံးအပြောခံရမည့်ကိန်း--

အဲဒီတော့နဲနဲအနီးကပ်ဖို့ဘဲလိုတယ်--
ကိုယ့်ကိုချီပြီး-မမည့်-သူလည်းမရှိ-ရှိခဲ့ရင်တော့ဓါတ်ပုံလှလှမရနိုင်(ပုံတွေဝါးကုန်တော့မှာပေါ့)
အနီးအနားကိုမျက်စေ့ဝေ့၀ဲကြည့်လိုက်တော့ --(အစိမ်းရောင်အမှိုက်ပုံးကြီးကိုသွားတွေ့တယ်)ကြာကြာစဉ်းစားမနေတော့ဘူး-
အမှိုက်ပုံးကြီးကိုရွေ့ပြစ်လိုက်တယ်-ပန်းပင်အခြေရောက်အောင်ပေါ့-
လက်ထဲက ကင်မရာကိုစလွယ်သိုင်းပြီးလွယ်လိုက်တယ်။
ကိုင်စရာမရှိတဲ့အမှိုက်ပုံးကလည်းပြောင်ချောကြီး-
အမှိုက်ပုံးပေါ်ကိုဝမ်းယားမှောက်လိုက်တယ်-နောက်မှကျန်တဲ့ခြေထောက်တွေကိုတဖြေးဖြေးချင်း
အပေါ်ရောက်အောင်မနဲတက်ယူလိုက်တယ်-( အကြိမ်များစွာတက်ယူလိုက်တယ် )

( ဂျစ်တူးတို့ငယ်ငယ်တုံးကမြန်မာစာသင်ခန်းစာထဲကမပုကြွယ်နဲ့ခရုငယ်ကိုသွားသတိရလိုက်သေးတယ်)
အမှိုက်ပုံးပေါ်ကိုခက်ခက်ခဲခဲတက်ယူခဲ့ရတယ်-ဆေးလိပ်အနံမခံနိုင်တဲ့ဂျစ်တူး-မှတ်ကရောဘဲ-
နံလိုက်တဲ့ဆေးလိပ်အနံ-(အမှိုက်ပုံးပေါ်ကအခွက်ကလေးထဲမှာဆေးလိပ်ပေါင်းများစွာလွှင့်ပြစ်ထားတာကိုး)
နောက်ဆုံးတော့မလျော့သောဇွဲကြောင့်အမှိုက်ပုံးပေါ်ကိုအောင်မြင်စွာတက်ရောက်နိုင်ခဲ့တယ်-
အောက်ကအမှိုက်ပုံးကအမြင့်နဲ့ဂျစ်တူးအရပ်နဲ့ဆိုတော့ကင်မရာကနဲနဲမြင့်သွားပြီ-ဒီတော့မှ---စွယ်တော်ပန်းပွင့်ရှိရာကိုကင်မရာချိန်ရင်းဓါတ်ပုံရိုက်ယူလိုက်တယ်--

အချိန်ကအကြာကြီးမပေးနိုင်ဘူးလေ-တော်နေကြာရဲကိုဖုန်းဆက် တဲ့သူရှိနေမှဖြင့်အရှင်းရခက်တော့မယ်-
၎ - ၅ ကွက်လောက်ဓါတ်ပုံရိုက်ပြီးတော့အပြေးကလေးပြန်ဆင်းလိုက်တယ်အမှိုက်ပုံးပေါ်က-
နောက်တော့---
အမှိုက်ပုံးကိုသူနေရာသူပြန်ထားပြီးအပြေးကလေးလစ်ထွက်ခဲ့တယ်---

ဓါတ်ပုံရိုက်အပြီးမှာတော့လူကချွေးတွေ-ဆေးလိပ်နံတွေနဲ့ညစ်ညစ်ပတ်ပတ်ကလေးပေါ့-(အမှိုက်ပုံးပေါ်ဖက်တွယ်တက်တုံးကပေထားတာတွေလေ)
အိမ်ရောက်တော့မှ ဓါတ်ပုံတွေကိုပြန်ကြည့်နိုင်တယ်-
( တော်နေကြာကြည့်နေတုံးရဲလာတာနဲ့ တိုးနေမှာစိုးလို့လေ)--
ပုံကတော့ကောင်းပါတယ်ဒါပေမဲ့ပန်းကလေးမှာအနာနဲနဲပါနေတယ်--

ကင်မရာကိုခဏချပြီးရေချိုးလိုက်တယ်---
ဟူးးးးးးးးး------ဒီ - စွယ်တော်ပန်းကလေးကခက်ခက်ခဲခဲရိုက်ယူခဲ့ရတာပါဗျာ-

Monday, March 9, 2009

ငါကျေနပ်ပါတယ်

နင်နဲ့  အဝေးဆုံးကို
ငါထွက် မသွားပေမဲ့
နင်နဲ့  အဝေးဆုံးကို
ငါရောက် နေတာ
အကြောင်းသော အကြောင်းကြောင်း တွေကြောင့်---။

နင်အနီး အနားမှာ ငါမရှိနိုင်တော့သလို
ငါ့အနီးမှာလည်း နင်ကိုရှာမတွေ့ နိုင်တော့ဘူးနော်-
နင့်ကိုငါ အရင်ကထက် ပိုနားလည်လာတယ်
ပိုပြီး နားလည်လေ ပိုပြီး သနားပိုရလေပါ---။

ဘာ့ကြောင့်လို့ တော့ မမေးနဲ့ နော်---
ငါဖြေတတ်မှာ မဟုတ်ဘူး-သိလား
ဘယ်လိုမှ မဆုံတွေ့ နိုင်တော့တဲ့
ဒီဘ၀မှာ ဘယ်သူ့ ကိုမှလည်း
အပြစ် မတင်ရက်တော့ပါဘူး
ငါ -ကျေနပ်ပါတယ်ဟယ်----။ ။

ဂျစ်တူး

အဝေးဆုံးမှာ

ချစ်သူနေကောင်းပါစေ

ချစ်သူရေ------
နေကောင်းလား ဟင်---
နေကောင်းပါစေလို့  ဆုတောင်းပေးပါတယ်---။

အခုချိန်မှာ နင့်- အတွက် ငါ ဟာ
ဆုတောင်း ပေးနေရုံကလွဲလို့ 
ဘာမှ မတတ်နိုင်ပါဘူးကွယ်---။

ငါ့-ရင်ထဲမှာလေ
တကယ် ဖြစ်ချင်တာက
နင် - နေမကောင်းရင်-
နင့် - အနားကလေးမှာ ငါ - နေချင်တယ်----။

ငါ - နေမကောင်းရင်လည်း
ငါ့-အနားမှာ နင့်  - ကိုဘဲရှိစေချင်တာပါ----။

ရင်ထဲက လာတဲ့စကားပါကွယ်----။ ။

ရင်မခုန်နိုင်တော့သောအချစ်

အကြွင်းမဲ့အချစ်

ချစ်သူရယ်-------
နင်ကိုငါချစ်ခဲ့ရတာ အလွမ်းအမောတွေနဲ့ ပါ-

ဘယ်အချိန်မှာ နင်ပြစ်ပြေးမလဲ ဆိုတာကို
ရင်နင့်နင့်နဲ့ စောင့်စားနေရသူပါ-

အရှံးတွေ ရင်ဝယ်ပိုက်ပြီး နေရစ်ခဲ့မည့်သူကို
ဘာဖြစ်လို့ များအမုန်းတရားကြီးနဲ့ ခွဲချင်ရတာလဲ

ငါ့မှာ နင်မက်မောလောက်တဲ့ အလှတရား
ငါ့မှာ နင်တတ်မက်လောက်တဲ့ ဓနငွေ
ငါ့မှာ နင်အထင်ကြီးလောက်တဲ့ ပညာ
ဘာမှမရှိဘဲလေ---

အေး----ဒါပေမဲ့
ဘယ်သူနဲ့ မှနှိုင်းရှင်လို့ မရနိုင်တဲ့
နင့်အပေါ်မှာ ရှိခဲ့တဲ့ *ချစ်မေတ္တာ* ကိုတော့
အကြွင်းမရှိ ပေးဆပ်နိုင်ပါတယ်ဟာ

ငါ့အမှားလား-အချစ်ရယ်



Tuesday, February 3, 2009

Gtalk မှာငါ့ကို Blocked မလုပ်ပါနဲ့ 

ချစ်သူရယ်
ငါ-တကယ်မမေ့ သေးပါဘူး
မေ့ လို့ မရသေးတာပါ---

ငါလေ နင်မရှိမှန်းသိနေပေမဲ့
နင် အိပ်ခဲ့ဘူးတဲ့အခန်းကလေးကိုငါသွားကြည့်မိသေးတယ်
ငါမပျော်ဘူး အချစ်ရယ်

ငါ့ဘ၀ထဲမှာ နင်မှ မရှိတော့တာဘဲ
မဖြစ်နိုင်မှန်းလည်း ငါသိပါတယ်
ချစ်ခဲ့မိတဲ့-ငါ့အပြစ်တွေပါ
ငါ့ကို စကားပြောခွင့်ကလေးတောင် နင်မပေးနိုင်တော့ဘူးလား---

Gtalk * မှာငါ့ကိုအမြဲတမ်း Blocked*လုပ်ထားတဲ့ 
နင့်အမည်ကလေးကိုတော့ ငါတွေ့ နေရတာဘဲလေ
ဘယ်တော့များမှာမှ ငါ့ကိုလာပြီး စကားပြောမလဲလို့ 
စောင့်စားနေရသူပါဟာ-

တခါတုံးကချစ်စံအိမ်





Thursday, January 29, 2009

လွမ်းခွင့်ကလေးတော့ပေးပါနော်

ချစ်သူရယ်----
ရင်ထဲကဖြစ်ပေါ်လာခဲ့ တဲ့ 
နှလုံးသား ယိုစိမ့် မှု့ ကိုဘယ်လိုကုစားရမလဲဟင်-

နင်ကိုငါ စပြီးပြန်ချစ်ကတည်းက နင့် ကိုငါမလွမ်းအောင်ဘာ့လို့ 
မသင်ပေးခဲ့ တာလည်းဟင်-

အခုတော့မလွမ်းဘဲလည်းမနေနိုင်-
သတိရနေတာကို ငါဘယ်လို မေ့ နိုင်ပါ့မလဲ-
ငါ အဲလို ဖြစ်နေတာ အဝေးတနေရာကနင်ဘယ်လိုသိနိုင်ပါ့မလဲ။

ငါ နင့် ကိုလွမ်းနေတဲ့ အချိန်မှာ
နင်ကတော့ နင့်မိသားစုနဲ့ ပျော်ရွှင်နေချိန်ဖြစ်မှာပါ။
ငါ တရားတယ်မတရားဘူးဆိုတာမဆုံးဖြတ်နိုင်တော့လို့ 
ငါ နင့်ကိုလွမ်းခွင့်ကလေးတော့ပေးပါဟာ။

သက်ဆိုင်သူသို့ 


ကျနော့်ချစ်သူ

ကျနော့်ချစ်သူအရုပ်ဆိုးပါသည်-
ဘောလုံးပွဲဝါသနာပါပါသည်-
စာဖတ်တာလည်းဝါသနာပါပါသည်-

ကျနော့်ချစ်သူက
အရမ်းအလိုက်သိတတ်ပါသည်-ကျနော်နဲ့ တွေ့ တဲ့ အချိန်ကအရက်လုံးဝမသောက်ပါ။
ဆေးလိပ်ကိုလည်း ကျနော်မသိအောင်ခိုးသောက်ပါသည်။
ကဲ --- ဘယ်လောက်အလိုက်သိသလဲလို့ 
ကျနော့်ချစ်သူဘယ်သူဆိုတာသိလောက်ရောပေါ့နော်

ကျနော့် ချစ်သူ



Thursday, January 15, 2009

ငါ့အရှုံးတွေငါပြန်မမြင်ပါရစေနဲ့

ချစ်သူ----ရယ်
နင်ကိုငါအနိုင်မလိုချင်ပါဘူး
စကတည်းကအရှုံးပေးပြီးသားပါ
ဘာကြောင့်များအရှုံးပေးပြီးသားကိုအနိုင်လိုချင်ရတာလဲဟင်
နင့်ချစ်သူနဲ့ပျော်ရွှင်ကြည်နူးနေကြတာတွေကိုငါ ဘယ်နှလုံးသားနဲ့ 
ဘယ်လိုမျက်လုံးများနဲ့ ကြည့်ရက်ပါ့မလဲဟင်
နင် မစဉ်းစားမိဘူးလား
ငါအရှုံးကိုငါပြန်မမြင်ပါရစေနဲ့ 
ငါ မခံစားနိုင်လို့ ပါဟာ
အသက်ရှင်ရက်နဲ့ သေဆုံးပြီးသားလူတယောက်ဟာငါပါ။ ။


ငါ့ ရဲ့ အရှုံး

Wednesday, January 14, 2009

ထာဝရ

အပျော်ရွှင်ဆုံးနေ့ တနေ့ 

သတိရတယ်ဆိုတာကို လွမ်းတယ် လို့ သတ်မှတ်ရင်- လွမ်းလိုက်တာဗျာ
မင်းနဲ့ သက်ဆိုင်လာရင် ငါ ဘာတွေဖြစ်နေပြီလည်းဟင်!
အရှက်တရားတွေ၊ အဋ္ဌေကာက်တရားတွေ၊ စဉ်းစားဆုံးဖြတ်တဲ့ ဦးနှောက်တွေ-
ဘယ်ကိုများရောက်ကုန်ပြီလည်းဟင်!
စိုးမိုးလွန်းတယ်ဗျာ ၊ ငါတို့ ဘ၀တွေခြားသွားပြီလားဟင်!
ငါတို့ နှစ်ယောက်တကယ်ဘဲဝေးဋ္ဌကပြီလားဟင်!
မင်းရဲ့ အပြောအဆိုတွေ၊ငါခေါင်းကလေးကို ခလေးငယ်တယောက်လို ကိုင်လိုက်တဲ့အပြုအမူတွေ၊
ငါ ဘယ်အရာနဲ့ သွားပြီးအစားထိုးရမလဲဟင်!
အရာရာတိုင်းအတွေးထဲမှာမင်းကကြီးစိုးလွန်းပါတယ်-တကယ်ပါကွယ်
ဟိုတနေ့ က
ဂျီတော့ မှာ မင်းက *ဂျစ်*
ဆိုပြီစာလာရိုက်တဲ့ နေ့ က
ငါလေပျော်လိုကတာဟာ-
မင်းကပြောသွားသေးတယ်
ကိုယ်ဟာမင်းရဲ့  *အရိပ် *ကလေးပါတဲ့
အဲဒါ---တကယ်လားဟင်
တကယ်ဘဲလား--------

Monday, December 15, 2008

စနိုး -----သို့ 

အခုလောက်ဆိုရင်---စနိုးတွေအပြင်မှာကျနေရောပေါ့နော်-တကယ်တော့ စနိုး တွေဆိုတာ ရေ တွေပါဘဲ။
ခဏကလေးဖြစ်လာတဲ့ ရေခဲမှုန်ကလေးတွေကို လူတွေက စနိုး ကလေးလို့ တင်စားခဲ့တာပါ။ အပြင်မှာတကယ်ရှိနေ
တဲ့ စနိုး ကလေးတွေဟာလည်း ခဏ ကလေးပါ။ *ဂျစ်တူး * ရင်ထဲ စနိုး ကလေးကလည်း ဂျစ်တူး ဘ၀ မှာ ခဏ ကလေး ရယ်ပါ။ ဒါပေမဲ့  စနိုး ကလေးရယ်။ ငါ့ ရင်ထဲမှာတော့ တသက်လုံးအတွက်ရှိနေမှာပါ။ စနိုး ကလေးရယ်
ငါတို့ တတွေ တကယ့်ကို ****ပြန်လည်မဆုံတွေ့ နိုင်တော့ဘူးတဲ့ လားကွယ် ****စဉ်းစားရခက်လိုက်တာ---

Saturday, December 13, 2008

အထီးကျန်အချစ်

အဖြည့် ခံ ရင်ခွင်

အဝေးဆုံးမှာ---ဝေး

မမျှော်လင့်ရဲဘူးကွယ်

အမှတ်တရ

လပြည့် ဝန်း

ရင်ထဲကလွမ်းနေမယ်