Saturday, September 5, 2009

ဓါတ်ပုံမရိုက်ခင်တရက်အလိုညနေ(ပုဆိုးကျွတ်လို့မရိုက်လိုက်ရဘူး)



ဈေးဝယ်ပြန်လာခဲ့တဲ့ညနေခင်းမှာ---
စိုးစိုးမော်တယောက်အိမ်ဘက်ကိုရောက်လာသည်။
စိုးစိုးမော်*****ဟေ့ဂျစ်တူး၊ဂျစ်တူးရေ----

ဂျစ်တူး*****ဟုတ်ကဲ့ခင်ဗျာ၊ဂျစ်တူးကဒီမှာဗျ-----ဆို-ဂျစ်တူးဘာအကူအညီပေးရမလဲခင်ဗျာ-

စိုးစိုးမော်*****နင့်အကိုရော-ဘယ်သွားလဲဟဲ့-ငါကအပ်စက်ဆိုင်ဘက်ကလမ်းကြုံလို့နင်စီကိုဝင်လာခဲ့တာ-နင်ကနင့်အကိုနဲ့လည်းမတူဘူးနော်၊

စိုးစိုးမော်တယောက်ဂျစ်တူးကိုကြည့်ရင်းနဲ့မေးမေးပြောပြောအိမ်ထဲကိုဝင်လာသည်၊၊စကားမပြောဘူးဘူးလေ၊
သူငယ်ချင်းလည်းမဟုတ်ဘဲနဲ့ဂျစ်တူးအမည်ကိုတပြီးအိမ်ထဲကိုဝင်လာတော့စကားပြောရတော့တာပေါ့။


ဂျစ်တူး*****ဟုတ်ကဲ့ဂျစ်တူးတို့ကမောင်နှမအရင်းအဟုတ်ဘူးအကိုဝမ်းကွဲတော်တာပါ။ဒါပေမဲ့အကိုကဂျစ်တူးတို့အိမ်မှာ
ရွာကနေကျောင်းလာတက်တော့ဂျစ်တူးတို့မိသားစုနဲ့အတူနေတာများတော့အကိုအရင်းလိုပါဘဲခင်ဗျာ။

စိုးစိုးမော်*****အော်ဟုတ်လား၊တို့ကမောင်နှမအရင်းထင်နေတာ၊
ဂျစ်တူးရေ----ဒီမှာငါမနက်ဖြန်ဝတ်ဖို့အခုမှစက်ဆိုင်ကရွေးလာခဲ့တာ-လှရဲ့လားဟဲ့----
ဒါနဲ့၊နင်ကမနက်ဖြန်ကြရင်ငါတို့ရုံးကမဟာဘုံကထိန်မှာဓါတ်ပုံလာရိုက်မယ်ဆို-ငါ့ကိုများများရိုက်ပေးသိလား-
ငါအကုန်ရွေးမယ်၊
လက်ထဲကအကျီင်္ကိုလည်းဖြန့်ပြရင်း-ပါးစပ်ကလည်းပေါက်ပေါက်ဖေါက်သလိုပြောရင်း-လူကိုလည်းစပ်စုလိုက်သည်။
(ရုပ်ရည်ကလေးကတော့တော်တော်လှပါသည်။ရုံးကအပြန်ဝင်လာတာတောင်မျက်နှာမပြုပြင်ဘဲနဲ့ဒီလောက်လှနေရင်---
ဆံပင်ကလည်းကောင်းသည်။ဆံပင်အလယ်မှာဆံဦးချွန်ကလေးနဲ့သိပ့်ကိုသဘောကျစရာကောင်းပါသည်။)

ဂျစ်တူး*****ဟုတ်ကဲ့အမ-ဂျစ်တူးအခုအဲဒီမနက်ကြရင်ဓါတ်ပုံရိုက်ဖို့ပြင်နေတာလေ။ရိုက်ပေးမှာပေါ့ဗျာ-ရှယ်ရိုက်ပေးမယ်-ဟားဟားဟား

စိုးစိုးမော်*****ရှယ်ရိုက်မယ်ဆိုလို့ပြောရအုံးမယ်နော်-ငါတို့ပါပါကြီးကတော်တော်စိတ်တိုတတ်တယ်နော်-အဆဲလည်းသန်တယ်ဟ-
နင့်အကိုနင်ကိုပြောပြပြီးပြီလား-

ဂျစ်တူး*****မပြောပြသေးဘူးအမ၊ပါပါကြီးဆိုတာဘယ်သူလဲ၊


စိုးစိုးမော်*****အယ်နင်ကလည်းပါပါကြီးဆိုတာငါတို့ရုံးကအကြီးကြီးအရာရှိကြီးပေါ့ဟ-နင့်အကိုအထက်ကအရာရှိဟဲ့-
အော်ခက်ပါပြီ-နင်အကိုက-နင့်ကိုသူ့အရာရှိကြီးကြီးအကြောင်းကိုမပြောပြသေးဘူးလား-

ဂျစ်တူး*****ဟုတ်-မပြောပြသေးဘူး-ဘာ့လို့အရာရှိကြီးကြီးကိုပါပါကြီးလို့ခေါ်တာလည်းဟင်-

စိုးစိုးမော်*****ပါပါကြီးဆိုတာအဖေကြီးပေါ့ဟာ-အဖေလိုချစ်တယ်ခင်တယ်ဆိုတဲ့သဘောနဲ့ခေါ်ကြတာ-နင်ကလည်း
ဒါကလေးတောင်မသိဘူးလား။

ဂျစ်တူး*****မသိဘူးအမ၊ဂျစ်တူးကအခုမှရန်ကုန်ရောက်တာဒါပါနဲ့မှ၂ခေါက်ဘဲရှိသေးတာဗျ-
(ဘာဖြစ်လို့ပါပါကြီးလို့ခေါ်တာပါလိမ့်-ကိုယ့်အဖေလည်းမဟုတ်ဘဲနဲ့-ငါတော့မခေါ်နိုင်ပေါင်-တော်နေဋ္ဌကာငါ့အမေကိုပေးနေရ
ရရင်ဖြင့်-)

စိုးစိုးမော်*****ဟဲ့-လှရဲ့လားဟဲ့ငါ့အင်္ကျီကလေးက၊ငါ့ရီးစားမလေးရှားကနေဝယ်ပို့လိုက်တာလေ၊ငါနဲ့လိုက်လား၊
ငါဆံပင်ကိုဘယ်လိုလုပ်ရမယ်တောင်မသိဘူး-ဆံထုံး-ထုံးရလား-ကျစ်ဆံမီးကျစ်ရမလားမသေးဘူး-ဟဲ့---
ငါဘယ်လိုလုပ်ရမလဲဟင်။

ဂျစ်တူး*****အမကလှပြီးသားဘဲဗျာ-ဘယ်လိုလုပ်လုပ်လှနေမှာပါဘဲ-

စိုးစိုးမော်*****အမယ်မြှောက်ပြောနေပြန်ပါပြီဟယ်-ငါအဲဒီလောက်လှတာတောင်နင်တို့အကိုကစိတ်ဝင်စားပုံမရဘူး-

အကိုကိုကပ်ပြီးချိတ်သွားသေးသည်။(သူလိုရီးစားများတဲ့သူကိုအကိုကစိတ်ဝင်စားမည်မထင်)

ဂျစ်တူး*****သူကမမြင်တတ်လို့နေမှာပေါ့အမရာ-အမကဒီလောက်လှတာကို၊မနက်ဖြန်ကြရင်။ငါဘယ်လောက်လှကြောင်းကို
အပြတ်ထုတ်ကြွားလိုက်ပေါ့ဗျာ-ဟုတ်ဘူးလား-

စိုးစိုးမော်*****အေးအေးဒါဘဲဟာ-ငါဟိုဘက်အိမ်ကဗိုလ်ကတော်ရူးစီသွားလိုက်အုံးမယ်။သူလည်းဘာတွေချုပ်ထားလဲမသိပါဘူး၊
သွားပြီနော်၊
(အိမ်တအိမ်နဲ့တအိမ်မှာသိပ့်မဝေးကြပေ။ရုံးဝင်းကြီးထဲမှာအဆောင်ကလေးများဆောက်ပြီးနေကြသောကြောင့်-ရင်းနှီးလွယ်ကြ
သည်ထင်-တအိမ်အကြောင်းတအိမ်သိကြသည်သာ။)

ဂျစ်တူး*****ဟုတ်ကဲ့-မနက်မှတွေ့ကြတာပေါ့။
စိတ်ထဲမှာတော့(စိတ်တိုတတ်တဲ့-ပါပါကြီးနဲ့ဘယ်လိုဓါတ်ပုံရိုက်ရမလဲဆိုတာတွေးနေမိသည်။)
ဘာဘဲဖြစ်ဖြစ်မနက်ဖြန်ဓါတ်ပုံရိုက်သွားရင်တော့သူငယ်ချင်းတယောက်တော့ရှိနေပြီ-

No comments: