မင်္ဂလာပါခင်ဗျာ
မရေးတာကြာလို့ ရင်တွေတောင်တုန်တယ်
ဟာဟ
ရွှေညာသားတို့ အကြိုက်မုန့် ပေါင်း
( မုံရွာအနောက်ဖက်ကဆားလင်းကြီးမုန့် ပေါင်း ) လုပ်နည်းကလေးပါခင်ဗျာ
လိုအပ်သည့်ပစ္စည်းတွေကတော့
ဆန်မှုန့် -------------------- ၈ လုံး ( နို့ ဆီဗူးနှင့် )
ကောက်ညင်းဆန်---------- ၂ လုံး ( နို့ ဆီဗူးခွက်နှင့်)
ငချိတ်-----------------------၂ လုံး( နို့ ဆီဗူးခွက်နှင့်)
ဆား----------------------- ၁ ဇွန်းခွဲ
ရေ-------------------------၈ (နို့ ဆီဗူးခွက်နှင့် )
နို့ ဆီဗူးခွက်ဆိုတဲ့ နေရာမှာမိမိအသုံးပြုရာခွက်နှင့်( ဗူးနှင့် ) အဆင်ပြေသည့်ခွက်ကို
ပစ္စည်းတိုင်းမှာချင့်ထည့်ရုံပါပဲ
မုန့် မှုန့် များနှင့်ဆားတို့ အားလုံးကိုချင့်ထားပြီးပါပြီ
မုန့် မှုန့် များအားလုံးကိုသမအောင်ရောမွှေပေးပါ
ကျွန်တော်ကနို့ ဆီခွက်နဲ့ နဲနဲတူတဲ့ မတ်ခွက်နဲ့ ချင့်ပါတယ်။
ရေထည့်လိုက်တိုင်းလုံးကျစ်သွားတဲ့ မုန့် မှုန့် များကိုကြေအောင်လက်နှင့်ပွတ်ပြီးချေေပးပါ
မုန့် ကိုရေအနည်းအများစမ်းသပ်ရာတွင် မုန့် မှုန် များကိုလက်ဖြင့်ဆုတ်လုံးပြီးရေ ၆ ခွက်
ဒါမှမဟုတ် ၇ ခွက်လောက်မှာမုန့် ကိုလက်ဖြင့်ဆုတ်လုံးပြီးရေအနည်းအများကိုစမ်းသပ်ပါ
မိမိလက်ဖြင့်တထောင်ကျော်ကျော်လောက်မှဆုတ်ထားတဲ့ မုန်မှုန့် လုံးကိုအပေါ်မှပြစ်ချကြည့်ပါ
မုန့် လုံးကွဲမသွားပါကမုန့် သိပ်လို့ ရပါပြီ။ မုန့် များကွဲနေပါကရေနည်းနည်းခြင်းထပ်ထည့်ပေးပါ။
လက်တစ်ဆုတ်ခြင်းဖြင့်မုန် မှုန့် များကိုယူပြီးအဝကျယ်တစ်ခု( ဇလုံ-အင်တုံ ) များတွင်လက်ဖနှောင့်ဖြင့်
မုန့် ကိုသိပ်ပေးပါ။ အခဲလေးများကိုချေရင်းမုန့် များကိုလှည့်လျည့်သိပ့်သွားရပါသည်။
မုန့် ပေါင်းထဲတွင်ထည့်မည့်ပဲကိုအရင်ပြုတ်ထားရပါမည်။
မုန့် သိပ်ပြီးအဆင်သင့်ဖြစ်ပါကမုန့် ပေါင်းရန်ရေနွေးအိုး( ပေါင်းအိုးတည်ပါ)
ရေနွေးငွေ့ လုံစေရန်အတွက်မုန့် နှစ်များဖြင့်အိုးနှုတ်ခမ်းနားများကိုပိတ်ပေးပါ(မန်ပေးပါ)
ပေါင်းအိုးထဲကိုအောက်ခြေမှအဝတ်ခင်းရာမှာပိတ်စပါးပါးချည်သားကိုအပေါက်ဖေါက်ရပါတယ်။
ကျွန်တော်ကတော့ချည်သားဇာအပေါက်ကလေးများကိုအသုံးပြုပြီးပေါင်းပါတယ်။
မုန့် ကျက်ပါကယခုမြင်တွေ့ နေရသောမုန့် ပေါင်းကလေးရပါပြီ။ မုန့် ပေါင်းကိုပေါင်းအိုးမှတဆင့်ငှက်ပျော
ဖက်ပေါ်သို့ တင်ပေးလိုက်ခြင်းဖြင့် မုန့် ပေါင်းကလေးကဖက်နံ့ သင်းသင်းကလေးကိုဆီကလေးဆန်းပြီး
အကြော်ကလေးဖြင့်တွဲဖက်စားလုံးလိုက်ရင်ဖြင့်အလွန်အရသာရှိသော
ငချိတ်မုန့် ပေါင်း ( ဆားလင်းကြီးမုန့် ပေါင်း) ကိုရပါပြီခင်ဗျာ
မရှင်းမလင်းဖြစ်နေမှာစိုးသဖြင့်
ဗွီဒီယိုဖိုင်များကိုဆက်လက်ကြည့်သွားစေလို ပါတယ်ခင်ဗျာ
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
မရေးတာကြာလို့ ရင်တွေတောင်တုန်တယ်
ဟာဟ
ရွှေညာသားတို့ အကြိုက်မုန့် ပေါင်း
( မုံရွာအနောက်ဖက်ကဆားလင်းကြီးမုန့် ပေါင်း ) လုပ်နည်းကလေးပါခင်ဗျာ
လိုအပ်သည့်ပစ္စည်းတွေကတော့
ဆန်မှုန့် -------------------- ၈ လုံး ( နို့ ဆီဗူးနှင့် )
ကောက်ညင်းဆန်---------- ၂ လုံး ( နို့ ဆီဗူးခွက်နှင့်)
ငချိတ်-----------------------၂ လုံး( နို့ ဆီဗူးခွက်နှင့်)
ဆား----------------------- ၁ ဇွန်းခွဲ
ရေ-------------------------၈ (နို့ ဆီဗူးခွက်နှင့် )
နို့ ဆီဗူးခွက်ဆိုတဲ့ နေရာမှာမိမိအသုံးပြုရာခွက်နှင့်( ဗူးနှင့် ) အဆင်ပြေသည့်ခွက်ကို
ပစ္စည်းတိုင်းမှာချင့်ထည့်ရုံပါပဲ
မုန့် မှုန့် များနှင့်ဆားတို့ အားလုံးကိုချင့်ထားပြီးပါပြီ
မုန့် မှုန့် များအားလုံးကိုသမအောင်ရောမွှေပေးပါ
ကျွန်တော်ကနို့ ဆီခွက်နဲ့ နဲနဲတူတဲ့ မတ်ခွက်နဲ့ ချင့်ပါတယ်။
ရေထည့်တဲ့ နေရာမှာတခွက်ခြင်းထည့်ရပါမယ်။
မုန့် ကိုရေအနည်းအများစမ်းသပ်ရာတွင် မုန့် မှုန် များကိုလက်ဖြင့်ဆုတ်လုံးပြီးရေ ၆ ခွက်
ဒါမှမဟုတ် ၇ ခွက်လောက်မှာမုန့် ကိုလက်ဖြင့်ဆုတ်လုံးပြီးရေအနည်းအများကိုစမ်းသပ်ပါ
မုန့် လုံးကွဲမသွားပါကမုန့် သိပ်လို့ ရပါပြီ။ မုန့် များကွဲနေပါကရေနည်းနည်းခြင်းထပ်ထည့်ပေးပါ။
လက်တစ်ဆုတ်ခြင်းဖြင့်မုန် မှုန့် များကိုယူပြီးအဝကျယ်တစ်ခု( ဇလုံ-အင်တုံ ) များတွင်လက်ဖနှောင့်ဖြင့်
မုန့် ကိုသိပ်ပေးပါ။ အခဲလေးများကိုချေရင်းမုန့် များကိုလှည့်လျည့်သိပ့်သွားရပါသည်။
မုန့် ပေါင်းထဲတွင်ထည့်မည့်ပဲကိုအရင်ပြုတ်ထားရပါမည်။
မုန့် သိပ်ပြီးအဆင်သင့်ဖြစ်ပါကမုန့် ပေါင်းရန်ရေနွေးအိုး( ပေါင်းအိုးတည်ပါ)
ရေနွေးငွေ့ လုံစေရန်အတွက်မုန့် နှစ်များဖြင့်အိုးနှုတ်ခမ်းနားများကိုပိတ်ပေးပါ(မန်ပေးပါ)
ကျွန်တော်ဆရာမကမသင်ပေးလိုက်ပေမဲ့ ပေါင်းအိုးထဲကိုဆွမ်းမွှေးရွက်ထည့်တာပါပဲ
ကျွန်တော်ကဆွမ်းမွှေးရွက်ကိုပေါင်းအိုးထဲကိုထည့်ပါတယ်ခင်ဗျာပေါင်းအိုးထဲကိုအောက်ခြေမှအဝတ်ခင်းရာမှာပိတ်စပါးပါးချည်သားကိုအပေါက်ဖေါက်ရပါတယ်။

video 1