" အမျှင် "
ညှို့မယ့်
ညှို့တော့လည်း
ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ . . .။
ကိုယ်ကလွဲရင်
ကိုယ်ပါပဲထင်ပြီး
ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့....။
တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမယ့်ကြိုးလို
တစ်ယောက်ကို ထုံးမယ့်ကြိုးလို
လှုပ်လေတင်းလေ . . .။
တစ်ယောက်အမြီးကို
တစ်ယောက်ပြန်မျိုရင်း
တစ်ယောက်ပြန်မျိုရင်း
ကိုယ့်ကိုကိုယ် တွေ့တယ်...။
ဖြေဆေးအတွက်
ကိုယ့်အဆိပ်ကို အန်ချပေးတော့
ကိုယ့်အဆိပ်ကို အန်ချပေးတော့
လျှာနှစ်ခွနဲ့ လျက်လို့ . . .။
အချိန်မရှိတော့ဘူး
နေရာမရှိတော့ဘူး
သည်မှာတွင် အသက်ကိုအပ်ခဲ့မယ်
ကိုယ့်တွန်သံကြားလည်း
လှည့်မကြည့်နဲ့တော့။ ။
လှည့်မကြည့်နဲ့တော့။ ။
မင်းထင်ကိုကိုကြီး
******************
ငိုချင်ပေမဲ့ ငိုလို့ မရခဲ့ ဘူး
" အမျှင် " ကိုကျွန်တော်စီးဝင်ရင်း
ကျွန်တော်နှစ်လုံးသားကို
အတင်းဆွဲထုတ်ခဲ့ ရတယ်
ဒါပေမဲ့ 
အကောင်းအတိုင်းတော့မရခဲ့ ပါဘူး- -
( ဂျစ်တူး-မုံရွာ )
အမျှင်ရုပ်ရှင်ဇာတ်ကားကိုကြည်းပြီးတော့ခံစားပါသည်။
******************
ငိုချင်ပေမဲ့ ငိုလို့ မရခဲ့ ဘူး
" အမျှင် " ကိုကျွန်တော်စီးဝင်ရင်း
ကျွန်တော်နှစ်လုံးသားကို
အတင်းဆွဲထုတ်ခဲ့ ရတယ်
ဒါပေမဲ့ 
အကောင်းအတိုင်းတော့မရခဲ့ ပါဘူး- -
( ဂျစ်တူး-မုံရွာ )
အမျှင်ရုပ်ရှင်ဇာတ်ကားကိုကြည်းပြီးတော့ခံစားပါသည်။