Sunday, January 30, 2011

ဘလော့ဂါအားလုံးကိုအကူအညီတောင်းလိုပါတယ်ခင်ဗျာ

ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ -
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့ တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး)
နဲနဲကြာတော့ရင်တွေပူလွန်းလို့ ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို့ ဆေးရုံကိုပို့လိုက်ရပါတယ်
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့် ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။
အောက်ကဗွီဒီယိုကလစ်ကလေးကတော့ပူရှိမ်းသကြားလုံးကလေးတွေနဲ့ပက်စီ-ကိုကာကိုလာ-ကုတ်စတာ
တွေနဲ့စမ်းသပ်ထားတာအမျိုးမျိုးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။

Friday, January 28, 2011

ထာဝရ


“ နင် ” တယ်လီဖုန်းကလေးကခေါ်လို့ မရတော့ဘူး - - - -  -
ဒီမြေပေါ်မှာ“ နင် ”မရှိတော့ဘူးတဲ့  - - - - -သူငယ်ချင်းတွေပြောကြတယ်- - - - - -
ငါ - - - မယုံပါရစေနဲ့ ချစ်သူရယ် - - - - -
ဒီမြေပေါ် “ နင် ” ရှိလို့ “ ငါ ” ပြန်လာခဲ့ ရသူပါ - - - - - -
“ နင် ”မရှိမှတော့  “ ငါ ” မနေချင်တော့ဘူး - - - ချစ်သူ - - -
“ ငါ ” မပျော်တော့ဘူးချစ်သူရယ် - - - - -
“ ငါ ” ကိုထားမသွားခဲ့ ပါနဲ့ ချစ်သူ - - - 
“ ငါ ” ကိုချန်မထားခဲ့ ပါနဲ့ -



Tuesday, January 25, 2011

ဧည့်သည်ကြီး(ကဗျာ ဆရာကြီးဦးတင်မိုးအတွက)်

ကဗျာဆရာကြီးဦးတင်မိုးအမှတ်တရရေးဖွဲ့ ထားတဲ့ကဗျာကလေးကိုအရမ်းကြိုက်လွန်းလို့ ထပ်ဆင့်တင်ပြပေး
ခြင်းဖြစ်ပါသည်။ဆရာကိုဆရာ့တပည့်တွေဘယ်သူကမှမမေ့သေးပါဘူးဆရာ။သေသောသူကြာရင်မေ့ဆိုတဲ့
အထဲမှာဆရာတော့ပါမယ်မထင်မိပါဘူး။
အဓိပတိလမ်းမကြီးပေါ်မှာထီးမဲကြီးတစ်ချောင်းနဲ့ လွယ်အိပ်ကြီးလွယ်ပြီးလှည်းတန်းလမ်းစီကိုညနေတိုင်းသွား
နေတတ်တဲ့ ဆရာတစ်ယောက်ကိုမြင်တွေ့ နေရအုံးမှာပါ။ ဦးစိုင်းအောင်ဝင်းကျူရှင်သင်တန်းမှာကဗျာစာတွေပို့ချပေးခဲ့တဲ့အချိန်ကာလတွေကိုဘယ်လိုမှမေ့မရသေးပါဘူးဆရာ။
စာရေးလိုက်တိုင်းသတ်ပုံကလေးကိုမှားပြီးရေးမိလိုက်တိုင်းဆရာစကားကိုအမြဲတမ်းကြားနေမိတယ်။
“ ဒီမယ်ကလေးတို့ ရေ-ဆရာတို့မှာမြန်မာတွေဖြစ်တာကိုဂုဏ်ယူတတ်ကြစမ်းပါ။
မြန်မာဆိုတာကိုယ်ပိုင်အရေး၊ကိုယ်ပိုင်စကား၊ကိုယ်ပိုင်စာ၊ဆိုတာရှိတယ်။စာလုံးတိုင်းဟာအများကြီးအဓိပါယ်
ရှိတယ်တန်ဘိုးရှိတယ်။ဝက်ဆံပေါက်မပါသင့်တဲ့နေရာပါလိုက်ရင်အဓိပါယ်တစ်မျိုးဖြစ်သွားသလို-
အောက်ကမြစ်ပါမည့်နေရာကိုမပါခဲ့ရင်လည်းအများကြီးအဓိပါယ်ကွဲသွားတတ်တာ၊စကားလုံးတစ်လုံးထဲကို
တွဲမရေးဘဲနောက်တစ်ကြောင်း(အောက်တစ်ကြောင်း)ကနေရေးလိုက်ရင်လည်းဖတ်ရတဲ့သူအဖို့ စိတ်မသက်
သာလှပေဘူး၊အစက်ကလေးတစ်စက်ဟာအဓိပါယ်တွေအများကြီးဖြစ်တတ်တာမို့ သတိထားပါ။လက်ဆင့်
ကမ်းသည်ယူသူလို့ သက်မှတ်ပြီးမိမိကဂရုစစိုက်မှနောက်လာနောက်သားတွေအတွက်အကျိုးရှိမှာမို့ ဂရုစိုက်
ကြစမ်းပါ။ မြန်မာစာဂုဏ်ထူးထွက်ဖို့ဆိုတာဒီပြင်ဘာသာတွေလိုသိပ့်မလွယ်လှပေဘူး၊၊ဒါကြောင့်အထူးဂရုစိုက်
ကြပါနော် - - - - - - - ”

ဂျစ်တူးကစာလုံးတစ်လုံးရေးရင်အစက်ကလေးတစ်စက်ချတတ်တဲ့သူဖြစ်တာမို့ စာလုံးတိုင်းဟာအမှားတွေ
ဖြစ်နေတတ်တာကိုဆရာကမြင်လို့ ပြင်ပေးခဲ့တာပါ။ မှားတာကဂျစ်တူးမှားတာဖြစ်ပေမဲ့ဆရာကတစ်တန်းလုံး
ကိုပြောပြတော့အားလုံးလည်းသိမြင်သွားတာပေါ့။ ဆရာအဲဒီကတည်းပြင်ပေးလိုက်တဲ့ဂျစ်တူး-အခုဆိုစာလုံး
တစ်လုံးရေးပြီးတိုင်းအစက်မချတော့ပါဘူးဆရာ။
၂၀၀၇ ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ နေအိမ်အနီး လက်ဖက်ရည်ဆိုင်မှာ ကွယ်လွန်သွားသောဆရာကိုသတိတရရှိနေဆဲပါဆရာ။
ဆရာကောင်းရာမွန်ရာရောက်ပါစေ။
မှတ်ချက်။             ၊၊ ဆရာကွယ်လွန်ခြင်း၎ နှစ်ပြည့်အတွက်အိမ်မှာဆွမ်းကပ်ပြီးဆရာကိုအမျှဝေခဲ့ပါတယ်။



ဧည့်သည်ကြီး
**********
ဖန်မီးအိမ် ထိန်ထိန်ထွန်းပါလို့
လှေတစ်စင်းနှင့်သီချင်းသည်...။

ဟိုး..ပန်းဈေးခင်းဆီက
ထီးကလေးနဲ့မနီ...။

ကဗျာပေါင်း ထောင်သောင်းချီ
သီနှိုင်ပေ့ ပန်းကုံး...။

ဆရာဆုံးသော်လည်း
ပန်းတွေက လန်းတုံး...။ ။

သန်းစိန်
(ဆရာတင်မိုး အမှတ်တရ)

http://myatsan.blogspot.com/  ဘလော့မှထပ်ဆင့်ကူးယူတင်ပြပါသည်။

Thursday, January 20, 2011

အခြွေချခံပန်းခရေ

အခြွေချခံပန်းခရေ

**************
အပင်ကြီးက
အခြွေချခံ---
...ပန်းတွေ ------
ကြွေနေဆဲပါချစ်သူ -

အရိုင်းလမ်းမှာ----
ကြွေတဲ့ ပန်းလေ-

နေခွင့်မရ
ခြွေခံရလည်း -
နေခွင့်ရသမျှတော့ -
အနီးဆုံးမှာနေခွင့်ကလေးပေးပါ -

ဒါပေမဲ့လေ ---
ပင်ခြေအနားမှာနေ -
ဝေးဝေးမှာမကြွေခဲ့ ပါဘူး -

ပင်စည်ကြီးအထီးကျန်-
လွမ်းပြီးကျန်ရစ်မှာစိုးလို့  -

ခြောက်သွေ့ အရောင် -
ညို့ ညို့ မှောင်လည်း -
ပင်စည်ကြီးအတွက် -
မွှေးရနံ့ ပက်ချယ် -
မပျက်ပြယ်သော
ဘဝအမောတွေ -
ပြေပျောက်စေဖို့  -
မြေဆီလွှာကလေးအဖြစ်-
ခွန်အားအသစ်ကိုပေးး -
နားခိုခွင့် ကလေးတော့ပေးပါ -
မခွဲနိုင်မခွါရက်လို့ ---- ။ ။

ဂျစ်တူး(မုံရွာ)

Thursday, January 13, 2011

သုသု ရိုက်ချက်များ

တစ်သုံးလုံးအတွက်
သုသု ( သုမင်းလှိုင် ) မေတ္တာဖြင့်ရိုက်ကူးပေးထားတဲ့ အုပ်စုပုံများကိုတင်ပေးပါမည်။ ဓါတ်ပုံတွေဆက်တင်ဖို့ 
ရှိနေပေမဲ့ ဂျစ်တူးတစ်ယောက်နေမကောင်းနေတာကြောင့်အခုမှတင်ပေးရခြင်းကိုနားလည်ခွင့်လွတ်ကြပါလို့ 
အနူးအညွန့် တောင်းပန်အပ်ပါသည်ခင်ဗျား - - - - -











လိုအပ်သလိုယူလိုရာကိုယူနိုင်ပါပြီခင်ဗျား----
ဒီဓါတ်ပုံများကိုတိုပါးရိုးကျောင်းမှာကူးပြီးသားဓါတ်ပုံကို ၂-၁-၁၁ ရက်နေ့ ကတည်းကပေးပို့ ပြီးဖြစ်ပါသည်။
ဓါတ်ပုံပေါင်း ၅၄၄ ပုံဖြစ်ပါသည်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Thursday, January 6, 2011

၁၁၁ (တစ်သုံးလုံး)အခမဲ့ ဘုရားခရီးစဉ်ဓါတ်ပုံများ


ကျန်းမာကြပါစေအားလုံးမင်္ဂလာနှစ်သစ်ပါခင်ဗျာ-
ဓါတ်ပုံတွေမတွေ့ ရလို့ စိတ်မပူကြပါနဲ့ ခင်ဗျာ-
ဂျစ်တူးဘလော့ကလေးကိုဓါတ်ပုံတွေတင်ပါကပိုက်ဆံပေးရမယ်လို့ ဘလော့အဖွဲ့ မှတောင်းနေလို့ ဘာဓါတ်ပုံမှမတင်နိုင်တာပါခင်ဗျာ-
အခုတော့အဲဒီအခက်အခဲကို ဋ္ဌေသ်ာစတေးလျ ရောက် ဆရာဦးသန်းစိန် မှကူညီပေးလိုက်လို့ ဓါတ်ပုံတွေတင်လို့ ရပါပြီခင်ဗျာ-
ဂျစ်တူးကဓါတ်ပုံဘဲရိုက်တတ်တာပါ။ ဘလော့နည်းပညာနဲ့ပတ်သက်လို့ ဆရာဦးသန်းစိန် ဘဲအဝေးကနေပြုပြင်ပေးနေတာပါ။

ဒီဘလော့ကလေးစတင်ကတည်းကဆိုပါတော့----( ဆရာဦးသန်းစိန် ) ကိုဒီနေရာနေ
ကံသုံးပါးနှင့်ပြစ်မှားခဲ့ သည်ရှိသော်ရိုသေစွာရှစ်ခိုးဦးချကတော့လျက်တောင်းပန်လိုက်ပါတယ်ခင်ဗျာ
( ရန်ဖြစ်တာကတော့ခဏခဏပါ။အဲဒါကတော့ဆိုးချင်လို့ ကိုဆိုးခြင်းဖြစ်ပါသည်။ 

ကဲ---ကဲ လိုက်ကြစို့ သူငယ်ချင်း---
တစ်သုံးလုံး  ခရီးစဉ်ကလေးကိုစပြီးတင်လိုက်ပါပြီခင်ဗျာ-

တိုပါးရိုး -မြန်မာကျောင်းတော်ကြီးမှခရီးစတင်ခဲ့ ပါပြီ-----


ခရီးမစခင်ကားမောင်းသူများကိုညွန်ကြားနေစဉ်


ကားတွေမှာ တစ်သုံးလုံးအမှတ်အသား အေ-ဘီ-စီ စသဖြင့်ကပ်ထားပြီးခရီးသည်များလွယ်ကူစွာရှာလို့ရအောင်မှတ်သားပေးသည်။


ကားပေါ်ကြွလာတဲ့ဘုန်းတော်ကြီးများကိုလည်းခရီးဦးကြိုဆို


ဘုန်းဘုန်းတို့လည်းနေရာယူပြီးကြပြီ


ဘုရားအတူတူဖူးကြမည့်ခရီးသည်များလည်းကားပေါ်တက်ကြပြီ


တစ်သုံးလုံးအလှူရှင်များနှင့်လမ်းပြမည့်သူများလည်းကားပေါ်မှာရောက်ရှိကြပြီ(တစ်သုံးလုံးအလှူရှင်များကတော့နှစ်တိုင်းမတ်တပ်ရပ်
လိုက်ရသည်ကများသည်။)


ပထမဦးဆုံးသီရိလင်္ကာလျောင်းတော်မူဘုရားသို့ 

လျောင်းတော်မူဘုရားကြီးရှေ့ မှာဘုန်းဘုန်းများလည်းအမှတ်တရ



ကားပေါ်မှာလည်းအလှူရှင်များကဘုန်းဘုန်းများကိုအလှူငွေများကပ်လှူကြပြန်သည်။


ခရီးသည်ဘုရားဖူးများလည်းဘုန်းဘုန်းတို့ ကိုအလှူငွေကပ်လှူကြသည်။



ရွှေကျောင်းကြီးသို့ ခရီးဆက်ကြပြန်သည်။

ရွှေကျောင်းတော်ကြီးအပေါ်ထပ်တွင်ယောဂီဆရာလေးလည်းအမှတ်တရ-
(ဒီနှစ်ကတော့သီလရှင်တွေရောယောဂီတွေရောလိုက်ပါဘုရားဖူးကြသည်။)



ဘုန်းဘုန်းများနှင့်အလှူရှင်များလည်းအမှတ်တရ

အလှူရှင်များအကုန်လုံးမပါသေးပါဘူး-
ရနံ့ သစ်စားတော်ဆက်
ကိုစန်းအောင်+မမာမာသန်း(ယူအေအီး)
Mr Yao Jin+နန်းမေသဲအေး
ကိုသော်ဇင်+မနီနီစိုး
ဇင်ဇင်(ယူအက်စ်အေ)
ရဲထွန်းဦး
အောင်ဆန်းစုဝေ(မန္တလေး)
ဦးတင်ထွန်း+ဒေါ်ကျင်သန်း(အသုပ်)
ရှမ်းတောင်တန်း
မောင်မောင်သန်း+အိရွှေစင် - - -စသည့်အလှူရှင်များဓါတ်ပုံထဲမှာမပါ ပါဘူး-
တစ်ချို့ ကလည်းဘုရားဖူးအတူပါလာပေမည့်ဓါတ်ပုံရိုက်တဲ့အချိန်အနားမှာမရှိတော့ဓါတ်ပုံထဲပါမသွားဘူးပေါ့။

ဘိရှမ်းကျောင်းတော်ကြီးသို့ ခရီးဆက်ကြပြန်ပါသည်။

ဆရာတော်များနှင့်အမှတ်တရ-(တစ်သုံးလုံးအလှူရှင်တစ်ဦးဖြစ်သူ “ရှမ်းတောင်တန်း”

ဆရာတော်များနှင့်အမှတ်တရ-

ဆရာတော်များနှင့်အမှတ်တရ-(တစ်သုံးလုံးအလှူရှင်တစ်ဦးဖြစ်သူ“စောမြတ်ထွေး”
“မောင်မောင်သန်း+အိရွှေစင်”

ဆရာတော်များနှင့်အမှတ်တရ-(တစ်သုံးလုံးအလှူရှင်တစ်ဦးဖြစ်သူ“စန်းဝင်းကြည်”

ဆရာတော်များနှင့်အမှတ်တရ-(တစ်သုံးလုံးအလှူရှင်တစ်ဦးဖြစ်သူ“မြနန်းနွယ်”

ဆရာတော်များနှင့်အမှတ်တရ-(တစ်သုံးလုံးအလှူရှင်တစ်ဦးဖြစ်သူ“မြနန်းနွယ်”

ဆရာတော်များနှင့်အမှတ်တရ-(တစ်သုံးလုံးအလှူရှင်တစ်ဦးဖြစ်သူ“စုမွန်မျိုး”

ဆရာတော်များနှင့်အလှူရှင်များနှင့်အမှတ်တရ-

ဆရာတော်ဘုရားများနှင့်ဘိရှမ်းရုပ်ပွားတော်ကြီးနှင့်အမှတ်တရ-


ဆရာတော်များနှင့်ဘိရှမ်းရုပ်ပွားတော်ကြီးနှင့်အမှတ်တရ-


ဆရာတော်များနှင့်ဘိရှမ်းရုပ်ပွားတော်ကြီးနှင့်အမှတ်တရ-


ဘိရှမ်းဆရာတော်များဘုရားဝတ်ပြုနေလို့ ဒီနေရာကိုတော့အပြင်ကနေဘဲကြည့်ခဲ့ရပါတယ်။

ဘိရှမ်းကျောင်းတော်ကြီးအပြင်ဖက်မှာအမှတ်တရ-

အသက်ကြီးပေမဲ့အဖွားကတော့ဘုရားဖူးဆိုရှေ့ ဆုံးကဘဲ-



ပို့ဆောင်ပေးသောကားများနှင့်လည်းဘုရားဖူးသူများအမှတ်တရ-

ဘိရှမ်းကျောင်းတော်ကြီးမှပြန်ထွက်လာပြီ-

ခရီးစဉ်တလျောက်လုံးမတ်တပ်ရပ်ပြီးလိုက်ရပေမဲ့လည်းပျော်ပျော်ပါးပါး-

မိန်းမသားများလည်းမတ်တပ်ရပ်လိုက်ပါလာကြသည်။

ဓါတ်ပုံဆရာသုသုတို့လည်းမတ်တပ်ရပ်ခဲ့သည်။ (ဒီအလှူရှင်ကတော့မတ်တပ်မရပ်ရဘဲလိုက်ခဲ့ရတယ်ထင်တယ်)

သားသတ်လွတ်ဘုန်းတော်ကြီးကျောင်းမှာညနေစာ စားကြပြီ-

ဗိုက်ဆာဆာနဲ့ သားသတ်လွတ်ပူပူကလေး---

သားသတ်လွတ်ဘုန်းတော်ကြီးမှာတရားစာအုပ်များတရားခွေများဘုရားပုံတော်များကိုအခမဲ့ ပေးလှူပါသည်။မည်သူမဆိုယူနိုင်သည်။

စင်္ကာပူမှာမိုးတွင်းဆိုတော့မိုးတွေကရွာသည်။ခရီးသည်တွေကားပေါ်ရောက်တုံးရွာလို့တော်သေးသည်။
မိုးတွေအပြင်မှာရွာနေပေမဲ့ခရီးသည်များပျော်ကြသည်။

ဒီနှစ်မှာအမေရိကန်ကဧည့်သည်အမေရိကန်လူမျိုးသုံးဦးလည်းပါသည်။

ပင်လယ်ရေငံမှရေချိုအဖြစ်ပြောင်းသည့်နေရာသို့ခရီးဆက်ကြသည်။

နေရာကျယ်သွားတော့ခရီးသည်တွေကိုဘယ်လိုပြန်စုရမယ်မှန်းတောင်မသိတော့---(စိတ်ပူလိုက်တာ)

အလှူရှင်မိသားစုတွေလည်းအမှတ်တရပေါ့-

ညနေ ၇ နာရီတွင်ခရီးစတင်ခဲ့သည့်မြန်မာဘုန်းတော်ကြီးကျောင်း(တိုပါးရိုး)သို့ ပြန်လည်ရောက်ရှိခဲ့သည်။



ယခုတင်ပြပေးထားတဲ့ဓါတ်ပုံများကို
ဂျစ်တူးညီလေးဖြစ်တဲ့  ကျော်မိုးထွန်းနိုင်  မှ
မေတ္တာဖြင့်တာဝန်ကျရာထိုင်းနိုင်ငံကနေတကူးတကပြန်လာပြီးရိုက်ကူးပေးခြင်းဖြစ်ပါသည်။

ထို့အတူညီငယ် သုမင်းလှိုင် (သုသု )- မှတ်တမ်းပုံများနှင့်အုပ်စုပုံများကိုခရီးစဉ်စဆုံးအထိ
မေတ္တာဖြင့်ရိုက်ကူးပေးခဲ့ပါသည်။(ကူးပေးပြီး)ဘုန်းတော်ကြီးကျောင်းတွင်သွားရောက်ယူပါရန်။

ပင်တိုင်ဓါတ်ပုံဆရာ ကျော်မိုးဦး မှလည်းဓါတ်ပုံများကိုမေတ္တာဖြင့် ဆရာတော်များအတွက်ရိုက်ကူးပေးခဲ့ပါသည်။

ဗွီဒီယိုမှတ်တမ်းများကိုတော့   ဦးအောင်နိုင်  မှမေတ္တာဖြင့်ခရီးစဉ်စဆုံးရိုက်ကူးပေးခဲ့ပါသည်။
(နောင်အလျင်းသင့်လျှင်ဖြင့် ဗွီဒီယိုဖိုင်များတင်ပေးပါမည်။)

ဗွီဒီယိုများများရိုက်ကူးပေးသောအကို-ဓါတ်ပုံများရိုက်ကူးပေးခဲ့သောညီငယ်အားလုံးနှင့်ခရီးစဉ်အစအဆုံးလိုက်ပါခဲ့ကြသောဘုရားဖူးခရီးသည်များ
အားလုံးကို “ ဂျစ်တူး ”မှ (တစ်သုံးလုံး)အဖွဲ့ ကိုယ်စားကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားပါရစေ။

အထူးကျေးဇူးတင်လွှာ
အလှူတစ်ခုဖြစ်မြောက်မှု့ အတွက် ငွေအား-လူအားဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသောမိတ်ဆွေများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း
ထပ်လောင်းပြောကြားပါရစေခင်ဗျား( လက်အုပ်ချီလျက်ပြောကြားလိုက်ပါသည်။)
ပျော်စရာဘုရားဖူးခရီးစဉ်ကြီးပြီးဆုံးသွားပါပြီခင်ဗျား - - - - -

နောင်နှစ်မှာလည်းဆုံတွေ့ ကြပါဦးစို့ ---