Tuesday, August 31, 2010

စာပေဟောပြောပွဲစင်္ကာပူ

ကပူး( ဂျစ်တူးဆရာအရင်းဦးသန်းစိန်-သြစတေးလျ ) - ညီမလေး-သွယ်လင်းဆက်-အနမ်း -ချော(အစိမ်းရောင်လွင်ပြင်) - တည်ငြိမ်အေး-မြစ်ကျိုးအင်းနှင့်မေးထဲမှာတကူးတကလာပြီးစာနှင့်တောင်းဆိုကြတဲ့သူငယ်ချင်းအများစုအတွက်-
ဂျစ်တူးကိုယ်တိုင်သွားရောက်ပြီး
သပြေနု( ဒေါ်သန်းသန်းနု ) 
စီမှခွင့်ပြုချက်တောင်းဆိုပြီးဗွီဒီယိုဖိုင်တွေကိုတင်ပေးပါ့မယ်ဗျာ-
ဒီနေရာကအမလိုခင်မင်တဲ့ဒေါ်သန်းသန်းနုကိုအရမ်းကျေးဇူးတင်လွှာပါးအပ်ပါသည်။
စာပေအကျိုးအများအကျိုးတွေဒီထက်ပိုပြီးထမ်းဆောင်နိုင်ပါစေ-----လို့  ၊၊
အားလုံးပေါင်းဗွီဒီယိုဖိုင်များကို ၆ ဖိုင်ခွဲပြီးတင်ပေးပါမည်။
ဖိုင်တွေကဆိုက်တွေအတော်ကြီးပါသဖြင့် တင်လို့ရတဲ့ဆိုက်တွေကိုအကူအညီတောင်းထားပါသည်။
ဖိုင်တွေကိုစတင်နေပါပြီ-
စောင့်မျှော်စေလိုပါသည်ခင်ဗျား-


Friday, August 27, 2010

ပထမအကြိမ် စာပေဟောပြောပွဲမှ ( ၂၀-၁၂-၂၀၀၉ ) စင်္ကာပူ


ပထအကြိမ်စာပေဟောပြောပွဲမှဓါတ်ပုံများကိုပြန်လည်တင်ပြလိုက်ပါတယ်။ မေးတွေထဲမှာလာရောက်ပြီးတောင်းဆိုကြသောသူငယ်ချင်းမိတ်ဆွေများနှင့်
သူငယ်ချင်းအားလုံးအတွက်ပါခင်ဗျာ။

                                      ကိုမြင့်စန်းနှင့် ကိုဘကျော်တို့ ရဲ့ စာပေဟောပြောပွဲအဖွင့်စကားကလေး



                                                    ဆရာကောင်မြတ်နွယ်၏အဖွင့်အမှာစကားလက်ဆောင်


ဒေါ်သန်းသန်းနုမှလည်းစာပေမြတ်နိုးသူများရဲ့ ကိုယ်စားကျေးဇူးတင်လွှာပါး-


ဒေါ်သန်းသန်းနု-


ဆရာနေဝင်းမြင့် ၏ ( တစ်ခါသုံးလူ့ အဖွဲ့ အစည်း )


ဆရာနေဝင်းမြင့် 

ဆရာမ ဂျူး အတွက်အထူးပြင်ဆင်ပေးနေကြသောစေတနာရှင် ကိုမြင့်စန်း နှင့်  ကိုဘကျော်


အင်း - - - -အခုမှ ဆရာမ ဂျူး ကိုမြင်ရတော့တယ်-


ဒါကလေးကတော့ ဘေးတိုက်ကလေးရိုက်ယူထားတာပါ။


ဆရာမ ဂျူး  ၏ ( စာရေးဆရာတစ်ယောက်၏မှတ်စုများ )


ဆရာမ ဂျူး -


ဆရာ ချစ်ဦးညို ၏ ( အနုပညာဖန်တီးသူနှင့်အနုပညာခံစားသူများ )


ဆရာချစ်ဦးညို

စာရေးဆရာတွေဟောပြောပွဲကို စာရေးဆရာမကြီး ခင်ဆွေဦး ကလည်းလာရောက်အားပေး -


ဆရာနေဝင်းမြင့် ၊ ဆရာချစ်ဦးညို နှင့် ဆရာမ ဂျူး


ကိုမြင့်စန်း ၊ ဆရာချစ်ဦးညို - ဆရာမ ဂျူး ၊ ဒေါ်သန်းသန်းနု ၊ ကိုဘကျော် တို့ ကလည်းအမှတ်တရ

ဆရာချစ်ဦးညို မိခင် ၊ ဆရာနေဝင်းမြင့် ၊ ကိုဘကျော် ၊ ဆရာမ ဂျူး ၊ ဒေါ်သန်းသန်းနု ၊ ကိုမြင့်စန် တို့ကလည်း
အမှတ်တရ -


စာပေဟောပြောပွဲကိုဒို့ ဘုန်းဘုန်းတို့ လည်းလာကြသည်။


စာပေဟောပြောပွဲလာ စာချစ်သူများ -


မုံရွာဘလော့ဂါ တစ်ဦး ကလည်းလာရောက်အားပေး *

ဆရာနေဝင်းမြင့် ဟောပြောချက်ကိုသိပ့်သိပ့် ကိုသဘောကျနေသော ကိုဘကျော် နှင့် ကိုမြင့်စန်း
( ဓါတ်ပုံဆရာသိပ့်သဘောကျသောဓါတ်ပုံတစ်ပုံလည်းဖြစ်ပါသည်။ )


 ဆရာကောင်းမြတ်နွယ်လည်း သဘောကျသွားသည်။


ဆရာနေဝင်းမြင့် ၊ ဒေါ်မေသက်(သဇင်မဂ္ဂဇင်းတိုက်ပိုင်ရှင်) ၊ ဆရာကောင်းမြတ်နွယ် တို့ အမှတ်တရ


စာပေမြတ်နိုးသူများရဲ့ တုန့် ပြန်လက်ဆောင်များ -


စာပေဟောပြောပွဲ စင်မြင့်ကို နောက်ပိုင်းမှရိုက်ယူထားသောပုံ -


ဘလော့ဂါ အများအပြားကိုဓါတ်ပုံရိုက်ယူခဲ့နိုင်သော်လည်း ခွင့်ပြုချက်မရပါသောကြောင့်ဓါတ်ပုံများမတင်ပြ
နိုင်ပါခင်ဗျား - ရှေ့ တည့်တည့်က ရိုက်ယူထားတာတွေဖြစ်လို့ ဘယ်လိုမှရှောင်နိုင်လိမ့်မည်မဟုတ်ပါ။
ဒါပေမဲ့စိတ်မပူကြပါနဲ့ ခင်ဗျား ခွင့်ပြုချက်မရရှိပါက ဓါတ်ပုံများကိုရိုက်ယူထားသော်လည်း  - ဂျစ်တူးဘလော့တွင်တင်မည်မဟုတ်ပါကြောင်းသိစေအပ်ပါသည်ခင်ဗျား - - - - - - - -

Friday, August 20, 2010

စင်္ကာပူမှာဒုတိယအကြိမ် စာပေဟောပြောပွဲ


စင်္ကာပူမှာ ဒုတိယအကြိမ် စာပေဟောပြောဦးမည်
မိုးမခအထောက်တော် စင်္ကာပူ
သြဂုတ် ၂၀၊ ၂၀၁၀
          လယ်တွင်းသားစောချစ်က “ဘ၀မှ စာ၊ စာမှ ဘ၀”၊ မောင်စိန်ဝင်း (ပုတီးကုန်း)က “သုတရသ စာပေ” နဲ့ ကာတွန်းအော်ပီကျယ်က “ဒို့ဗမာတွေ ပျော်ပါစေ” ဆိုသည့် ခေါင်းစဉ်များနှင့် စင်္ကာပူရောက် မြန်မာစာပေမြတ်နိုးသူများ၏ ကြိုးပမ်းမှု - ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ Kreta Ayer Theator (China Town) တွင် နေ့ခင်း ၂ နာရီက ည ၁၀ နာရီအထိ ကျင်းပကြမည် ဖြစ်ကြောင်း သတင်းရရှိပါတယ်။
          လက်မှတ်တစောင်ကို စင်္ကာပူ ၁၅ ဒေါ်လာနဲ့ အားပေးကြပါက ဒန်ပေါက်ညစာနဲ့ လက်ဆောင်အိတ်တခုကို လက်ဆောင်ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဘ၀အမောတွေ အလုပ်အမောတွေ ပြေပျောက်စေမယ့် သမုဒယကဗျာ၊ အနုအလှစာတွေနဲ့ စာချစ်သူ ပရိသတ်ရင်ကို ကိုင်လှုပ်မယ်လို့လည်း ကြွေးကြော်ထားတဲ့ ပွဲလို့ သိရပါတယ်။

          ငွေကြေး အင်အားတောင့်တင်းတဲ့ ကူညီပံ့ပိုးမှုတွေ၊ အားပေးမှုတွေနဲ့ ဆောင်ရွက်တဲ့ စာပေဟောပြောပွဲလို့ ပြောနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အဓိက မတည်ပေးကြသူ လုပ်ငန်းရှင်တွေအဖြစ် - Myanmar Airway International, Jaj Restaurant, Myanmar Club နဲ့ Future Foundation တွေအပြင် အခြား ပူးတွဲ ကမကထပြုကြသူ ၁၃ ဦး ပါဝင်လို့ ပါပဲ။ ဒီစာပေဟောပြောပွဲကို ဖြစ်မြောက်အောင် နှိုးဆော်၊ စည်းရုံး လှုံဆော်ပေးသူကတော့ ယခင်နှစ် ပထမအကြိမ်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ သဇင် Success မဂ္ဂဇင်းအဖွဲ့  နှင့် သပြေနု ( ဒေါ်သန်းသန်းနု ) တို့ ဖြစ်တယ် လို့ သိရပါတယ်။
အထူးမှတ်ချက် - 
လက်မှတ်များမှာခုံနေရာမသတ်မှတ်ထားပါသဖြင့် စောစောလာသူထိုင်ခုံနေရာကောင်းရမည်။